ရှေ့သို့
Image

စာချုပ်၆လကျန် ချမ်ဘာစ်ကို အာဆင်နယ် စောစောစီးစီး ထွက်ခွာခွင့်ပေးလိုက်တဲ့ အကြောင်းအရင်း ထွက်ပေါ်လာ

10:33 AM, 28 January

အာဆင်နယ်နဲ့ အက်စတွန်ဗီလာတို့ ချမ်ဘာစ်ရဲ့ အပြောင်းအရွှေ့အပေါ် သဘောတူညီမှု ရသွားတဲ့သတင်းက အားလုံးကို အံ့အားသင့်စေခဲ့ပါတယ်။ အင်္ဂလန်နောက်ခံလူဟာ ဂန်းနားတွေအတွက် ယခုနှစ်ရာသီ ပွဲထွက်ခွင့် သိပ်မရပဲ ဖြစ်နေခဲ့ပါတယ်။

အာဆင်နယ်အသင်း ဒဏ်ရာပြဿနာတွေနဲ့ ရင်ဆိုင်နေရချိန် ချမ်ဘာစ်က အသင်းကို ကူညီပေးခဲ့ပါတယ်။ ဒါပေမဲ့ စာချုပ်သက်တမ်း မကုန်ခင် ယခုလကတည်းက ပြောင်းခွင့်ပေးလိုက်ခြင်းက ပရိသတ်တွေကို နှလုံးရပ်မတတ် အံ့အားသင့်စေခဲ့ပါတယ်။

ချမ်ဘာစ်ဟာ ရာသီကုန် စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာ ဖြစ်ပြီး အသင်းကလည်း စာချုပ်သက်တမ်းတိုးဖို့ ဆန္ဒမရှိခဲ့ပါဘူး။ ယခုအပြောင်းအရွှေ့က လာမယ့်နွေရာသီမှာ ဖြစ်ရမယ့်အတိုင်း အာဆင်နယ်က အလွတ်နဲ့ ပြောင်းရွှေ့ခွင့် ပေးလိုက်တာလို့ ဆိုပါတယ်။

ဒါပေမဲ့ ယခုလို ချမ်ဘာစ် ထွက်သွားခြင်းကြောင့် အာဆင်နယ်တို့ အင်္ဂလန်သားအတွက် ပေးချေရမယ့်လစာ ပေါင် ၂သန်း လျော့ချနိုင်ခဲ့ပါတယ်။ အဆိုပါ အပြောင်းအရွှေ့ကတော့ ဂန်းနားတွေရဲ့ စမတ်ကျတဲ့ ရွှေ့ကွက်တစ်ခု ဖြစ်ပြီး အသင်းအပေါ် ပြန်လည်ရင်းနှီးဖို့လည်း ငွေကြေး ရစေခဲ့ပါတယ်။

ချမ်ဘာစ်က ဗီလာကို ပြောင်းရွှေ့ဖို့ ဘာမှ စဉ်းစားစရာမလိုကြောင်း ရှင်းပြလာခဲ့ပါတယ်။ ဗီလာနဲ့ စာချုပ်ချုပ်ပြီးနောက် ချမ်ဘာစ်က “ဒီအသင်းက ကြီးကျယ်ပြီး အခု ကောင်းမွန်တဲ့ အခိုက်အတန့်ကို ရောက်ရှိနေပါတယ် ဒီနေရာက စိတ်လှုပ်ရှားစရာတွေနဲ့ ပြည့်နှက်နေပြီး အပြင်ကနေ အားလုံး ဒါကို မြင်နိုင်ပါတယ်”“ဒီမှာ ဖြစ်နေတာတွေ ရှိပြီး မှန်ကန်တဲ့ လမ်းကြောင်းပေါ် ကျိန်းသေပေါက် ရောက်နေပါတယ်။ ကျွန်တော့်အတွက်တော့ ဒီလို အသင်းမျိုးကို ပြောင်းဖို့ စဉ်းစားစရာတောင် မလိုခဲ့ပါဘူး။ ဒါကကျွန်တော့်အတွက် မှန်ကန်တဲ့ ရွေးချယ်မှုပါ”

“ဒီလိုအသင်းကို ရောက်လာတာ တကယ့်အဆင့်မြင့်ပါတယ်။ ဒီအသင်းက အရှိန်တစ်ခုကို တည်ဆောက်နေတာဖြစ်ပြီး ဒီမှာ ရှိရတာ စိတ်လှုပ်ရှားဖို့ ကောင်းပါတယ်”“ကျွန်တော် အချိန်ကောင်းမှာ ရောက်လာတာဖြစ်ပြီး အသင်းအတွက် အစွမ်းကုန် ပေးဆပ်ဖို့အတွက် မစောင့်နိုင်တော့ပါဘူး”လို့ ဆိုခဲ့ပါတယ်။

#အာဆင်နယ် #အက်စတွန်ဗီလာ #အပြောင်းအရွှေ့ #ချမ်ဘာစ်