ရှေ့သို့
Image

ဘာစီလိုနာရဲ့ရလဒ်ဆိုးရွားမှုတွေအတွက် ကစားသမားတွေမှာသာ တာဝန်ရှိကြောင်း ပြောလာတဲ့ ဒီဂျောင်

10:22 AM, 28 January

ဘာစီလိုနာကွင်းလယ်လူ ဖရန်ကီဒီဂျောင်က လက်ရှိအသင်းရဲ့ရလဒ်ဆိုးရွားမှုတွေအတွက် နည်းပြဇာဗီထက်စာရင် ကစားသမားတွေမှာသာ တာဝန်ရှိကြောင်း ပြောကြားလာခဲ့ပါတယ်။

ဘာစီလိုနာအသင်းဟာ မနေ့ညက ဗီလာရီးရဲလ်ကို အိမ်ကွင်းမှာ ၅-၃ဂိုးနဲ့ ရှုံးခဲ့ပြီး အဆိုပါပွဲအပြီးမှာ ဇာဗီက ရာသီကုန်ကျရင် အသင်းက ထွက်ခွာတော့မယ်လို့ ကြေညာခဲ့ပါတယ်။


ဒါပေမယ့် ဒီဂျောင်ကတော့ အဆိုပါရလဒ်ဆိုးမှုတွေအတွက် ကစားသမားတွေကိုသာ အပြစ်တင်ရမှာဖြစ်ပြီး အသင်းကတော့ နည်းပြတွေအပေါ်မှာ ယုံကြည်မှုအပြည့်ရှိတယ်လို့ ပြောကြားခဲ့ပါတယ်။

ဒီဂျောင်က "ဒီလိုရလဒ်ဆိုးမှုတွေက ကျွန်တော်တို့ကစားသမားတွေရဲ့အမှားဖြစ်ပါတယ်။ ဇာဗီနဲ့ နည်းပြတွေအပေါ်မှာ ယုံကြည်မှုအပြည့်ရှိနေပြီး သူတို့ကလည်း အလုပ်ကောင်းကောင်းလုပ်နေကြပါတယ်။ ဒီလိုရလဒ်ဆိုးတွေက မဖြစ်လာသင့်ဘဲ ခုလိုဖြစ်လာတာက ကျွန်တော်တို့အမှားပါပဲ။"လို့ ပြောခဲ့ပါတယ်။


လက်ရှိချန်ပီယံ ဘာစီလိုနာအသင်းဟာ ယခုနှစ်ရာသီမှာ ရုန်းကန်နေရပြီး အဆင့်၃နေရာမှာရှိနေကာ ဇယားထိပ်က ရီးရဲလ်မက်ဒရစ်နဲ့ ၁၀မှတ်အထိ ကွာဟနေပါတယ်။


ဘာစီလိုနာအသင်းဟာ မကြာသေးခင်ကပဲ စပိန်ဘုရင့်ဖလားကနေ ထွက်ခဲ့ရပြီဖြစ်တာကြောင့် ပြိုင်ပွဲဝင်စရာဆိုလို့ ချန်ပီယံလိဂ်တစ်ခုသာကျန်တော့တာ ဖြစ်ပါတယ်။

#လာလီဂါ #ဘာစီလိုနာ #ဒီဂျောင်