ရှေ့သို့
Image

အတ္တလန္တာ တိုက်စစ်မှူး ဇာပါတာအတွက် ဒုတိယအကြိမ်ကမ်းလှမ်းဖို့ ပြင်ဆင်နေတဲ့ နယူးကာဆယ်

3:43 PM, 20 January

နယူးကာဆယ်အသင်းဟာ ယခုလအတွင်း အတ္တလန္တာအသင်းကနေ ထွက်ခွာချင်နေတဲ့ တိုက်စစ်မှူး ဇာပါတာအတွက် ဒုတိယအကြိမ် ထပ်မံကမ်းလှမ်းဖွယ်ရှိနေပါတယ်။

နယူးကာဆယ်ဟာ ပထမဆုံးကမ်းလှမ်းမှုအဖြစ် ဇာပါတာကို ကနဦးငှားရမ်းခ ယူရို ၅သန်းနဲ့ ခေါ်ယူကာ ယူရို ၁၈သန်းနဲ့ အမြဲတမ်းစာချုပ်ချုပ်ဆိုမယ့်အချက်နဲ့ ထည့်သွင်းကမ်းလှမ်းခဲ့ပေမယ့် ပယ်ချခံခဲ့ရပြီး အတ္တလန္တာအသင်းဘက်က အကြောင်းချက် ၂ချက်ကြောင့် ငြင်းဆန်ခဲ့တာဖြစ်ပါတယ်။ ပထမအချက်ကတော့ အတ္တလန္တာက ဇာပါတာအတွက် ယူရိုသန်း ၄၀အလိုရှိနေပြီး ဒုတိယအချက်အနေနဲ့ နယူးကာဆယ်ဘက်က အငှားစာချုပ်ထဲမှာ အပြီးသတ်ခေါ်ယူခွင့်အချက်ပါ မဖြစ်မနေထည့်သွင်းရမယ့်အချက်ဖြစ်ပါတယ်။

အတ္တလန္တာအသင်းဟာ ဇာပါတာရဲ့နေရာမှာ အစားထိုးမှုအဖြစ် စတုဂတ်တိုက်စစ်မှူး ကာလာဇစ်ကို ပစ်မှတ်ထားနေပေမယ့် ဇာပါတာကို အပြီးသတ်ရောင်းချလို့ ရလာတဲ့ ပြောင်းရွှေ့ကြေးထဲကမှ ယူရိုသန်း ၂၀ တန်ဖိုးသတ်မှတ်ထားတဲ့ ကာလာဇစ်အတွက် ပြောင်းရွှေ့ကြေးပေးချေလိုနေပါတယ်။

နယူးကာဆယ်ဟာ အတ္တလန္တာတောင်ပံကစားသမား ဂိုဆန်ကို ခေါ်ယူဖို့ ကြိုးစားနေမှု ရပ်တန့်လိုက်ပြီးနောက် ယခုအခါ ဇာပါတာကို ခေါ်ယူဖို့ပဲ ဦးစားပေးကြိုးစားနေပါတယ်။ အတ္တလန္တာကလည်း ဟာတီဘိုးဝါး အသင်းပြောင်းရွှေ့ခွင့်တောင်းဆိုထားလို့ ဂျာမနီလက်ရွေးစင် ဂိုဆန်ကို အသင်းမှာ ဆက်ထိန်းထားဖို့ များနေပါတယ်။

#နယူးကာဆယ် #အတ္တလန္တာ #အပြောင်းအရွှေ့ #ဇာပါတာ