ရှေ့သို့
Image

ဇာဗီလက်အောက် အဝေးကွင်းနိုင်ပွဲပြန်ရတဲ့ ဘာကာ၊ အိမ်ကွင်းမှာရှုံးခဲ့တဲ့ ဂျူဗီ၊ ဒေါ့မွန် ဘိုင်ယန်တို့နိုင်ပွဲတွေအသီးသီးရ

9:34 AM, 28 November

နည်းပြသစ်ဇာဗီလက်အောက်မှာ ဘာစီလိုနာအသင်း နောက်ဆုံးတွင် အဝေးကွင်းမှာ နိုင်ပွဲပျောက်ဆုံးမှုကို အဆုံးသတ်ခဲ့ပြီး ဗီလာရီးရဲလ်ကို ဒီပိုင်း၊ ကော်တင်ဟိုတို့ရဲ့ ဂိုးတွေနဲ့၃-၁ဖြင့် အနိုင်ရခဲ့သည်။ စနေနေ့ပွဲမတိုင်ခင် လာလီဂါတွင် ယခုနှစ်အတွင်း ရမှတ်အနည်းဆုံး အဝေးကွင်းမှာ ရထားတဲ့ အသင်း၃သင်းသာ ရှိပါတယ် ဘာစီလိုနာအသင်းဟာ အဝေးကွင်း၅ပွဲဆက်တိုက်မှာ နိုင်ပွဲပျောက်ဆုံးနေခဲ့ပါတယ်။

ဇာဗီရဲ့ ၃ပွဲမြောက်ကိုင်တွယ်မှုမှာတော့ အဝေးကွင်းနိုင်ပွဲပျောက်ဆုံးမှုကို အဆုံးသတ်ခဲ့ပါပြီ။
ဗီလာရီးရဲလ် ၁ - ၃ ဘာစီလိုနာ
ဖရန်ဒီဂျောင် ၄၈’ ဒီပိုင်း ၈၈’ ကော်တင်ဟို ၉၄’ (P) (ဘာစီလိုနာ)
ဂျူကွေဇီ ၇၆’ (ဗီလာရီးရဲလ်)


သွင်းဂိုးတွေကို ဒုတိယပိုင်းမှာ စရခဲ့ကြတာဖြစ်ပြီး ဒီဂျောင်က ဒီပေးရဲ့ အနီးကပ်ကန်ချက် ဂိုးသမားပုတ်ထုတ်ရာကနေ ပိတ်သွင်းပြီး ဂိုးစသွင်းခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့ လူစားဝင်ကစားသမား ချူကွေဇီက ၁၅မိနစ်အကြာမှာ ဗီလာရီးရဲလ်အတွက် ချေပဂိုး သွင်းပေးခဲ့ပါတယ်။ သို့သော်လည်း ဗီလာရီးရဲလ်အပျော်က ၂မိနစ်သာ ခံခဲ့ပြီး ဒီပေးက ဗီလာရီးရဲလ်ခံစစ် ဘောလုံးရှင်းထုတ်မှု မသေသပ်တာကနေ ရယူကာ ဂိုးသမားကိုပါကျော်ပြီး  အသာအယာ ကန်သွင်းခဲ့တာဖြစ်ပါတယ်။ ၉၂မိနစ်မှာတော့ ကော်တင်ဟို သူကြောင့်ရတဲ့ ပင်နယ်တီကို ကိုယ်တိုင်ညာခြေဖြင့် ကန်သွင်းပြီး ၃ဂိုးပြတ်စေခဲ့ပါတယ်။


ဗလန်စီယာနှင့် ပွဲမှာ ဗယ်လက်ကာနိုက နောက်ကနေလိုက်သွင်းပြီး ၁-၁ သရေကျခဲ့ပါတယ်။အိမ်ကွင်းရလဒ်ကောင်းတဲ့ ဗယ်လက်ကာနိုက အဝေးကွင်းမှာ သရေတစ်မှတ်ယူနိုင်ပြီးနောက် အဆင့်၅နေရာကို တက်လာပါတယ်။ ဆဲလ်တာဗီဂိုအသင်းကတော့ အလာဗက်စ်နဲ့ပွဲတွင် အက်စ်ပက်၊ မီနာတို့ရဲ့ ဂိုးတွေဖြင့် ၂-၁နဲ့အနိုင်ရကာ မာလော့ကာနှင့် ဂီတာဖေးတို့က ဝ-၀ သရေကျခဲ့ပါတယ်။


စီးရီးအေ : အတ္တလန္တာကို ရှုံးပြီး စီးရီးအေမှာ ရလဒ်တွေဆိုးနေဆဲ ဂျူဗင်တပ်စ်
=======
ချဲလ်ဆီးကို ချန်ပီယံလိဂ်မှာ ၄ဂိုးပြတ် ရှုံးပြီးနောက် စီးရီးအေမှာလည်း အဓိကပြိုင်ဘက် အတ္တလန္တာကို ဂျူဗင်တပ်စ်ကို ၁-ဝဖြင့် အိမ်ကွင်းမှာ ရှုံးပြန်ပါတယ်။တူရင်မှာ ဇာပါတာရဲ့ ပွဲချိန်၂၈မိနစ် တစ်လုံးတည်းသော အားပါတဲ့ ကန်ချက်ဂိုးက အနိုင်၃မှတ် အတ္တလန္တာရသွားခဲ့ပါတယ်။ ဒုတိယပိုင်းမှာ ရာဘီယော့ရဲ့ ကန်ချက်က ဂိုးဝင်လုနီးပါးဖြစ်ခဲ့ပြီး ဂိုးသမားမက်စ်ဆိုက လက်စွမ်းပြကာကွယ်ခဲ့ပါတယ်။ ပွဲအတွင်း ဂျူဗင်တပ်စ် ကစားသမားတွေဖြစ်တဲ့ ချီဆာ၊ မက်ကင်နီတို့ ဒဏ်ရာရကာ လူစားလဲခဲ့ရတာကြောင့် အသင်းအတွက် ပိုပြီး နစ်နာမှု ရှိခဲ့သည်။တခြားပွဲမှာ ဗင်နီဇီယာကို ၂ဂိုးပြတ်နိုင်ပြီး အင်တာမီလန်အသင်းက စီးရီးအေတွင် ထိပ်ဆုံးအသင်း၂သင်းကို ဖိအားပေးလာပါတယ်။

ပထမပိုင်းမှာ ကယ်လ်ဟာနိုဂလူက စည်းထိပ်အပြင်ကနေ ခပ်ပြင်းပြင်းကန်ချက်နဲ့ ဦးဆောင်ဂိုးသွင်းယူခဲ့ပြီး မာတီးနက်ဇ်က အချိန်ပိုတွင် ဗင်နီဇီယာနောက်ခံလူ ရီဂီစီယာနို လက်ထိခြင်းနှင့်အတူ  ပင်နယ်တီသွင်းခဲ့တာ ဖြစ်ပါတယ်။ ပင်နယ်တီကို ဘယ်ခြမ်းထောင့်သို့အနိမ့်ဘောကန်သွင်းခဲ့တာ ဖြစ်ပါတယ်။ တတိယနေရာက အင်တာဟာ အနိုင်ကြောင့် မီလန်နှင့် နာပိုလီတို့နောက် ၂မှတ်အကွာ ရောက်လာပါတယ်။ နိုပိုလီအသင်းက တနင်္ဂနွေမှာ လာဇီယိုကို အိမ်ကွင်းမှာ ဧည်ခံရမှာဖြစ်ပြီး မီလန်က ဆက်ဆူအိုလိုကို ဆန်စီရိုမှာ ဧည်ခံရမှာ ဖြစ်ပါတယ်။

တခြားပွဲတွေမှာ အမ်ပိုလီက အံ့အားသင့်ဖွယ် ဖီအိုရင်တီးနားကို ၂-၁ဂိုးဖြင့် အနိုင်ရခဲ့ပါတယ်။ အဖွင့်ဂိုးကို ဖီအိုတိုက်စစ်မှူး ဗလာဟိုဗစ်က စသွင်းခဲ့လို့အနိုင်ရမယ်ထင်ထားခဲ့ပေမယ့် လူစားသမား ဖီလစ်ပိုက ချေပဂိုးသွင်းခဲ့ပြီး နောက်ဆုံးပြီးခါနီး မိနစ်မှာ ပီနာမွန်တီက အနိုင်ဂိုးသွင်းခဲ့ပါတယ်။ ဆမ်ဒိုးရီးယားနဲ့ ဗီရိုနာပွဲမှာတော့ ဆမ်ဒိုက နောက်ကနေ လိုက်ကစားပြီး ၃-၁ဂိုးဖြင့် နိုင်ခဲ့ပါတယ်။

ဘွန်ဒက်စ်လီဂါ - ဒဏ်ရာကနေသက်သာလာတာနဲ့တစ်ပြိုင်နက် ဂိုးသွင်းခဲ့တဲ့ ဟာလန်း
======
ဟာလန်းဟာ ဒုတိယပိုင်းမှာ အမြှောက်ဘောမြေမကျကန်ချက်နဲ့အတူ ဒဏ်ရာကသက်သာပြီး ဝင်ကစားတဲ့ ပွဲမှာဘဲ ဂိုးသွင်းနိုင်ခဲ့ပြီး ဒေါ့မွန်ကလည်း နောက်ကနေ ဝုဖ်ဘတ်ကို လိုက်ကစားပြီး ၃-၁ဂိုးနဲ့ နိုင်ခဲ့ပါတယ်။ နော်ဝေသားဟာ တင်ပဆုံကြွက်သားဒဏ်ရာကြောင့် အောက်တိုဘာလလယ်ကတည်းက အနားယူခဲ့ရပြီး ဒုတိယပိုင်းမှာ လူစားဝင်လာကာ ၈၁မိနစ်မှာ ဂိုးသွင်းယူခဲ့ပါတယ်။နောက်ဆုံးလိဂ်၇ပွဲမှာ ၆ပွဲအနိုင်ရသော်လည်း ဒေါ့မွန်ဟာ ဗုဒ္စဟူးနေ့က စပို့တင်းကို ၃-၁ဂိုးဖြင့် ရှုံးနိမ့်အပြီးမှ ချန်ပီယံလိဂ်ကနေ ထွက်ခဲ့ရပါတယ်။ ဘိုင်ယန်ကလည်း ဘီလီဖီးလ်ကို အနိုင်ရခဲ့ပြီး ထိပ်ဆုံးမှာ ရှိနေဆဲ ဖြစ်ပါတယ်။

ဝက်ဟော့စ်က ပွဲအစ ၂မိနစ်မှာတင် ဂိုးစသွင်းခဲ့ပြီး အနီးကပ်ခေါင်းတိုက်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့ ၃၅မိနစ်မှာ မာကိုရူးစ်ကို ဧရိယာအတွင်း လာခရော့ဇ်က ဖြတ်ထုတ်ရာမှာ ပင်နယ်တီရခဲ့ပြီး အန်မရီချန်က ပင်နယ်တီကို အမှားအယွင်းမရှိ ဂိုးသမားရဲ့  ညာခြမ်းထောင့်သို့ အနိမ့်ဘော ကန်သွင်းယူခဲ့ပါတယ်။ ဒုတိယပိုင်းမှာ ဒေါ့မွန်တောင်ပံကစားသမား မာလန်းက ရူးစ်ရဲ့ ပေးပို့မှုကနေ ဂိုးစည်းထိပ်က အပြင်းထောင့်ထဲသို့ ကန်သွင်းယူခဲ့တာဖြစ်ပြီး ပြိုင်ပွဲစုံ ၃ပွဲဆက် မာလန်းအတွက် ဂိုးသွင်းယူမှုလည်း  ဖြစ်ခဲ့သည်။

ဒေါ့မွန်အတွက် သတင်းကောင်းကတော့ ဟာလန်း လူစားဝင်လာခဲ့ပြီး ၈၁မိနစ်မှာ အနီးကပ် ပိတ်သွင်းကာ ဘွန်ဒက်စ်လီဂါ သွင်းဂိုး ၅၀ပြည်ခဲ့ပါတယ်။ ဟာလန်းဟာ အသက်၂၁နှစ် ၁၂၈ရက်ဖြင့် ဘွန်ဒက်စ်လီဂါ သွင်းဂိုး၅၀ကို အမြန်ဆုံးပြည့်တဲ့ အသက်အငယ်ဆုံးကစားသမားအဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။ ဘိုင်ယန်မြူးနစ်ပွဲမှာလည်း အိမ်ရှင်ဘိုင်ယန်က ဘီလီဖီးလ်ကို ခက်ခဲစွာ ကစားခဲ့ရပြီး ဆာနေးရဲ့ တစ်လုံးတည်းသောဂိုးဖြင့် နိုင်ခဲ့ပါတယ်။ အဆိုပါဂိုးကို ဒုတိယပိုင်းကျမှ ရခဲ့တာဖြစ်ပြီး ၇၁မိနစ်မှာ မူလာနဲ့မူစလီယာတို့ရဲ့ တွဲလုံးကနေ ဆာနေးက စည်းပြင်ကနေ လှပစွာ ကန်သွင်းယူခဲ့တာဖြစ်ပါတယ်။

တစ်နှစ်အတွင်းမှာ ဘွန်ဒက်စ်လီဂါ သွင်းဂိုး ၁၀၂ဂိုးဖြင့် ဘိုင်ယန်မြူးနစ် စံချိန်သစ် တင်နိုင်ခဲ့ပြီး ၁၉၇၇က ကိုလုံးတင်ထားတဲ့ ၁၀၁ဂိုး စံချိန်ကို ကျော်ဖြတ်ခဲ့ပါတယ်။ နာမည်ကျော်အသင်းတစ်သင်းဖြစ်တဲ့ မိုချန်ဂလာဘတ်ကို ကိုလုံးက အိမ်ကွင်းမှာ ၄-၁ဂိုးဖြင့် အနိုင်ကစားခဲ့ပါတယ်။ အော့စ်ဘတ်နှင့် ဟန်သာဘာလင်ပွဲမှာတော့ ၁-၁  သရေကျခဲ့ပြီး အော့စ်ဘတ်ကစားသမား ဂရီဂိုရစ်ချ်က အချိန်ပိုမှာ ချေပဂိုးသွင်းခဲ့ပါတယ်။ တခြားပွဲတွေမှာ ဟော့ဖန်ဟိမ်းက ဂရူသာဖူချ်ကို ၆-၃၊ ဘိုချမ်က ဖရိုင်းဘတ်ကို ၂-၁ တို့ဖြင့် နိုင်ခဲ့ပါတယ်။

လီဂူးဝမ်း : ဒုတိယနေရာက နိုက်စ်ကိုနိုင်ခဲ့တဲ့  ဇယားအောက်ခြေက မက်ဇ်အသင်း
=====
ဒုတိယနေရာက နိုက်စ်အသင်းကို အောက်ခြေအသင်းက မက်ဇ် ၁-ဝဂိုးဖြင့် နိုင်ခဲ့ပါတယ်။ နိုက်စ်ရဲ့ ၂ပွဲဆက် ရှုံးနိမ့်မှုက ယနေ့မှာ ကစားမယ့် ရန်းနက်စ်အသင်းသာ နိုင်မယ်ဆိုရင် ဒုတိယနေရာရောက်လာမှာပါ။ မက်ဇ်အတွက် အနိုင်ဂိုးကို ၃၁မိနစ်မှာ ပရီဗေးရဲ့ အနိမ့်ဘောပေးပို့မှုကနေ ဖာဘီယန်က သွင်းယူခဲ့တာ ဖြစ်ပါတယ်။ ဂိုးသမား အူကီဂျာက မက်ဇ်အတွက် အဓိကလက်စွမ်းပြသွားပြီး ဒီလော့ရဲ့ အနီးကပ်ခေါင်းတိုကချက်၊ ရိုဆာရီယိုရဲ့ ကန်ချက်တွေကို  ကာကွယ်ခဲ့ပါတယ်။

ချန်ပီယံလိုင်လီဟာ နောက်ကျပင်နယ်တီကို ဝင်အောင်မသွင်းခဲ့ဘဲ အိမ်ကွင်မှာ ၁၀ယောက်ကျန် နန့်စ်အသင်းကို ၁-၁ သရေသာကစားပြီး ဇယားအလယ်မှာ ရှိနေပါတယ်။ အဆင့်၁၂နေရာမှာ လိုင်လီရောက်နေပြီး ၁၅ပွဲမှာ ၁၈မှတ်သာ ရထားပါတယ်။ လိုင်လီအသင်းက ပွဲအစ၉မိနစ်မှာတင် အဖွင့်ဂိုးစရခဲ့ပြီး ယီမက်ဇ်က ဧရိယာာအတွင်း ညာခြေဖြင့် ကန်သွင်းယူခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့ ပွဲချိန် ၂၄မိနစ်မှာ လူဒိုဗစ်က တဖက်လိုင်လီခံစစ်အမှားကနေ ထောင့်ထဲသို့ကန်သွင်းပြီး ချေပဂိုးရယူခဲ့ပါတယ်။

ဒုတိယပိုင်းတွင် ၈၀မိနစ်တွင် လိုင်လီကစားသမားစီလစ်ကို ဖေဘီယို ဧရိယအတွင်း အကျီဆွဲထားတာကြောင့် အနီကတ်ပြခံရသလို ပင်နယ်တီလည်း ပေးလိုက်ရပါတယ်။ ပင်နယ်တီကို ဂျိုနသန်ဒေးဗီး ကန်သွင်းပေမယ့် ဂိုးသမား လာဖွန် ပုတ်ထုတ်သွားနိုင်ခဲ့ပါတယ်။ ပွဲပြီးခါနီးအချိန်တွေမှာ လိုင်လီအနိုင်ဂိုးရဖို့ကြိုးစားအားထုတ်ခဲ့ပေမယ့် နန့်စ်ခံစစ်က အကောင်းဆုံးကစားသွားလို့တစ်မှတ်သာ ရခဲ့ပါတယ်။

#ဘာစီလိုနာ #ဇာဗီ #ဒေါ့မွန် #ဂျူဗီ