ရှေ့သို့
Image

ဘာစီလိုနာ နောက်ခံလူကို ၂ နှစ်အငှားစာချုပ်နဲ့ ခေါ်ယူဖို့ တော့တင်ဟမ် ဆွေးနွေးနေ

2:45 PM, 3 June

အင်တာမီလန်စတား ပါရီဆစ်ကို ခေါ်ယူထားနိုင်ခဲ့ပေမယ့်လည်း တော့တင်ဟမ်ဟာ နွေရာသီမှာ လူအင်အားထပ်မံအားဖြည့်ဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။ ကွန်တီဟာ အသင်းရဲ့လူအင်အားကို ထပ်မံအားဖြည့်ဖို့ ပြင်ဆင်နေပြီး နောက်တန်းနေရာအတွက် ကစားသမားသစ်ခေါ်ယူချင်နေပါတယ်။

စပိန်ကလာတဲ့သတင်းတွေအရ တော့တင်ဟမ်ဟာ ဘာစီလိုနာနောက်ခံလူ လန်ဂလက်ဂျ်ကို ၂ နှစ်အငှားစာချုပ်နဲ့ ခေါ်ယူဖို့ ဆွေးနွေးနေတယ်လို့ သိရပါတယ်။ ဘာစီလိုနာအသင်းမှာ ဘဏ္ဍာရေးပြဿနာတွေရှိနေပြီး ဇာဗီက အသင်းရဲ့ ဘဏ္ဍာရေးအနေအထားအဆင်ပြေစေဖို့ နာမည်ကျော် ကစားသမားတွေကို ရှင်းထုတ်ဖို့ အလိုရှိနေပါတယ်။

အီတလီစူပါအေးဂျင့် နဲ့ သတင်းထောက် ဒီဖန်တီက “သူ (ကွန်တီ)က ဟယ်ရီကိန်း နဲ့ ဆွန်ဟောင်မင်ကို ကာဗာဖြစ်စေဖို့ တိုက်စစ်မှူးတစ်ဦးခေါ်ယူချင်နေသလို ကွင်းလယ် နဲ့ နောက်တန်းလည်း အားဖြည့်ချင်နေပါတယ်။ သူတို့ကို ဈေးပေါပေါနဲ့တော့ မရလောက်ပါဘူး”လို့ ပြောကြားခဲ့ပါတယ်။

အသက် ၂၆ နှစ်သားဟာ ကွန်တီရဲ့ ကစားကွက်မှာ အံဝင်နိုင်ဖွယ်ရှိနေပြီး အီတလီသားကလည်း ဘယ်ခြေနောက်ခံလူတစ်ဦးကို ခေါ်ယူချင်နေတာဖြစ်ပါတယ်။ လာလီဂါကို ပြောင်းလာပြီးကတည်းက လန်ဂလက်ဂျ်ဟာ ပြိုင်ပွဲစုံ ၁၆၀ ပွဲအထိ ပါဝင်ကစားပေးထားပြီး စာချုပ်သက်တမ်းက ၄ နှစ် ကျန်ရှိနေသေးတာဖြစ်ပါတယ်။

#တော့တင်ဟမ် #အင်တာမီလန် #အပြောင်းအရွှေ့ #ပါရီဆစ် ဘာစီလိုနာ