ရှေ့သို့
Image

အသင်းဖော်ကို ရိုက်နှက်ရန် ခိုင်းစေခဲ့မှုနဲ့ အဖမ်းခံခဲ့ရတဲ့ ပီအက်စ်ဂျီအမျိုးသမီး ကွင်းလယ်လူ ပြန်လွတ်လာ

1:55 PM, 12 November

ပီအက်စ်ဂျီ အမျိုးသမီးကွင်းလယ်လူ အမီနာတာ ဒီယာလိုဟာ အသင်းဖော်ကို ရိုက်နှက်ရန် ခိုင်းစေခဲ့မှုနဲ့ ဖမ်းခံခဲ့ရက ရဲအဖွဲ့ဝင်တွေရဲ့ စစ်ဆေးမေးမြန်းမှုကို ကြုံတွေ့ခဲ့ရပြီးနောက် ပြန်လွတ်လာခဲ့ပြီလို့ သိရပါတယ်။ ဒီယာလိုဟာ အသင်းဖော် ကွင်းလယ်လူ ဟမ်ရာအူအီကို ပြီးခဲ့တဲ့အပတ်က တိုက်ရိုက်ရန် ခိုင်းစေခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဗုဒ္ဓဟူးနေ့က အဖမ်းခံခဲ့ရတာပါ။

အဆိုပါ အဖြစ်အပျက်အတွင်း ဟမ်ရာအူအီကို မျက်နှာဖုံးတပ်ထားတဲ့ လူ၂ဦးက သံတုတ်တွေနဲ့ ရိုက်နှက်ခဲ့တာကြောင့် ခြေထောက်နဲ့ လက်တွေကို ချုပ်ခဲ့ရပါတယ်။ အသင်းနဲ့ နီးစပ်သူတစ်ဦးက ပြောရာမှာ “အကျည်းချထားတာ ကြာလာတာနဲ့အမျှ မကောင်းတာတွေ ဖြစ်လာမှာပါ”လို့ ပြောခဲ့ပါတယ်။

ပီအက်စ်ဂျီက နောက်ထပ် ကစားသမား၁ဦးဖြစ်တဲ့ ကာချာအူအီကို ယမန်နေ့မနက်က စစ်ဆေးခဲ့ပြီး လိုင်ယွန်က စခန်းထဲမှာ လူတစ်ယောက်ကို ဖမ်းထားခဲ့တယ်လို့ သတင်းတွေက ဆိုပါတယ်။ ပီအက်စ်ဂျီဟာ သောကြာနေ့ အမျိုးသမီးအသင်းရဲ့ ပွဲတစ်ခုကို ဖျက်သိမ်းလိုက်တာကြောင့် အဆိုပါ အဖြစ်အပျက်ဟာ အသင်းကို လှုပ်ခတ်တယ်ဆိုတာ ပြသနေခဲ့ပါတယ်။

L’EQUIPEရဲ့အဆိုအရ နိုဝင်ဘာ ၄ရက်နေ့မှာ ဟမ်ရာအူအီနဲ့ ဒီယာလိုတို့ဟာ စားသောက်ဆိုင်မှာ ထမင်းအတူစားပြီး ညနေမှာ ပြန်လာခဲ့ကြပါတယ်။ ထမင်းစားပြီးနောက် ဒီယာလိုက ဟမ်ရာအူအီကို စားသောက်ဆိုင်ကနေ အိမ် ပြန်ပို့ပေးခဲ့ပါတယ်။ ဟမ်ရာအူရီရဲ့ အိမ်နားရောက်တဲ့အခါ မျက်နှာဖုံးတပ်ထားသူတွေက ကားကို ရပ်တန့်ပြီး ဟမ်ရာအူအီကို သံတုတ်တွေနဲ့ ရိုက်နှက်ခဲ့ကြပါတယ်။

ဒီယာလိုကို လူ၂ဦးက ချုပ်ထားခဲ့ပေမဲ့ ဘာဒဏ်ရာမှ မရခဲ့ဘူးဆိုပြီး နီးစပ်သူတွေက ဖော်ပြခဲ့ကြပါတယ်။ လူ၂ဦးက ဘယ်လို ကားကို ရပ်တန့်ခဲ့တယ်၊ ဒီယာလို ဘယ်လို ချုပ်ထားခံခဲ့ရတယ်ဆိုတာတော့ မသိရသေးပါဘူး။ ဟမ်ရာအူအီကတော့ လက်နဲ့ ခြေထောက်တွေမှာ ရိုက်ခံခဲ့ရပြီးနောက် ဆေးရုံခေါ်သွားခံခဲ့ရကာ ဒဏ်ရာတွေကို ချုပ်ဖို့ လိုအပ်ခဲ့ပါတယ်။

#ပီအက်စ်ဂျီ #ဒီယာလို #ဟမ်ရာအူအီ