ရှေ့သို့
Image

ဂျူဗင်တပ်စ်အသင်းနဲ့ စာချုပ်သစ်ချုပ်ဆိုဖို့ပြင်ဆင်နေတဲ့ မာတွီဒီ

1:05 AM, 15 September

ပြီးခဲ့တဲ့ရက်သတ္တပတ်အနည်းငယ်တုန်းက  ကွင်းလယ်ကစားသမား မာတွီဒီတစ်ယောက် တူရင်ကလပ်ကနေထွက်ခွာမယ်လို့ သတင်းတွေထွက်ပေါ်ခဲ့ပေမယ့် လက်ရှိအချိန်မှာတော့ စာချုပ်သစ်ချုပ်ဆိုဖို့ပြင်ဆင်လာခဲ့ပါတယ်။


အသက် ၃၂ နှစ်အရွယ်ကွင်းလယ်ကစားသမားဟာ ပြီးခဲ့တဲ့ရာသီတုန်းက နည်းပြ အယ်လီဂရီလက်ထက်နေရာရရှိခဲ့ပေမယ့် နည်းပြသစ် ဆာရီလက်ထက်မှာတော့ အသင်းလူစာရင်းမှာ ပါဝင်ဖို့မသေချာတော့တဲ့အနေအထားဖြစ်လာပါတယ်။


အဆိုပါကွင်းလယ်ကစားသမားကို ပီအက်စ်ဂျီ ၊ နာပိုလီအသင်းတို့ကလည်းခေါ်ယူဖို့ ကြိုးပမ်းခဲ့ပေမယ့် သူကတော့ ငြင်းဆန်ခဲ့ပါတယ်။


အီတလီသတင်းဌာန မာကာတိုတို့ကတော့ ကွင်းလယ်ကစားသမား မာတွီဒီဟာ အသင်းနဲ့ စာချုပ်သစ်ချုပ်ဆိုဖို့အတွက် စတင်ဆွေးနွေးနေပြီဖြစ်တယ်လို့ ဖော်ပြခဲ့ပါတယ်။


ကစားသမားနဲ့ ဂျူုဗင်တပ်စ်အသင်းတို့ကြား စာချုပ်သက်တမ်းဟာ ဒီရာသီအကုန်မှာ ကုန်ဆုံးမှာဖြစ်ပြီး လာမယ့် ဇန်န၀ါရီမှာ အလွတ်နဲ့ခေါ်ယူခွင့်ရမယ့်ကစားသမားဖြစ်လာဖွယ်ရှိနေပါတယ်။


ပြင်သစ်သားဟာ ၂၀၁၇ ခုနှစ်တုန်းက ပီအက်စ်ဂျီအသင်းကနေ ယူရို ၂၅ သန်းနဲ့ပြောင်းရွှေ့လာခဲ့တာဖြစ်ပါတယ်။

#စီးရီးအေ #မာတူဒီ