ရှေ့သို့
Image

အေစီမီလန်ရဲ့ စာချုပ်သစ် ကမ်းလှမ်းမှုကို ငြင်းပယ်လိုက်တဲ့ အာဆင်နယ်နဲ့ ယူနိုက်တက်ပစ်မှတ် ကတ်ဆီ

6:49 AM, 10 November

အာဆင်နယ်နဲ့ ယူနိုက်တက်ပစ်မှတ် ဖရန့်ခ် ကတ်တီဟာ အေစီမီလန်အသင်းရဲ့ စာချုပ်သစ်အတွက် ကမ်းလှမ်းမှုကို ငြင်းပယ်လိုက်ကြောင်း သိရပါတယ်။

အေစီမီလန်ဟာ ၁နှစ်လုပ်ခ ပေါင် ၅.၅သန်းထိ တိုးပေးကာ ကမ်းလှမ်းခဲ့ပေမဲ့ အိုင်ဗရီကို့စ်သားကတော့ တစ်နှစ်လုပ်ခ ပေါင် ၇.၇သန်းအထိ တောင်းဆိုခဲ့တယ်လို့ ဆိုပါတယ်။

လာမယ့်နှစ်နွေရာသီ စာချုပ်သက်တမ်း ကုန်တော့မယ့် ၂၄နှစ်သားကို ယူနိုက်တက်၊ ဘာစီလိုနာ၊ ပီအက်စ်ဂျီအပါအဝင် ဥရောပအသင်းကြီး တော်တော်များများက စိတ်ဝင်စားနေပါတယ်။

ကွင်းလယ်လူဟာ ဇန်နဝါရီလမှာဆိုရင် စီးရီးအေပြင်ပကလပ်တွေနဲ့ ဆွေးနွေးကာ အကြိုစာချုပ် ချုပ်ဆိုနိုင်တော့မှာ ဖြစ်ပါတယ်။

ကတ်ဆီကို တော့တင်ဟမ်ကလည်း စိတ်ဝင်စားနေပြီး အားကစားဒါရိုက်တာ ပါရာတီချီဆိုရင်လည်း ပြီးခဲ့တဲ့ နွေရာသီက အေးဂျင့် အတန်ဂါနာနဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါသေးတယ်။

အဆိုပါ အချိန်ကတော့ ကတ်ဆီကို တစ်ပတ်လုပ်ခ ပေါင် ၁၂၈၀၀၀နဲ့ ကမ်းလှမ်းခဲ့တယ်လို့ သတင်းတွေက ဆိုထားခဲ့ကြပါတယ်။

လာမယ့်နွေရာသီမှာ စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာ ဖြစ်ပေမဲ့ အေစီမီလန်အနေနဲ့ ပြောင်းရွှေ့ကြေး အနည်းငယ်ရဖို့ ကတ်ဆီကို ဇန်နဝါရီမှာ ကြိုးစာရောင်းချသွားဖို့ ရှိနေပါတယ်။

အေစီမီလန်ဘက်ကတော့ ကစားသမားကို လက်မလွှတ်လိုပဲ နည်းပြ ပီအိုလီဆိုရင်လည်း ကတ်ဆီကို အသင်းမှာ ဆက်ရှိချင်ကြောင်း သေချာပြောသွားခဲ့ပါတယ်။

ပီအိုလီက “ကတ်ဆီ စာချုပ်လက်မှတ်ထိုးတာ လိုချင်ပါတယ်။ အသင်းနဲ့ သူ့ရဲ့ အေးဂျင့်ကြား ဆွေးနွေးမှုတွေ ပြုလုပ်နေပြီး စိတ်ပူစရာ ရှိတယ်လို့ မထင်ပါဘူး။ ဖရန့်ခ်အကြောင်းဆို ကွင်းထဲက အကြောင်းတွေပဲ ကျွန်တော် ပြောပြီး အဲ့ဒီနေရာမှာတော့ အလားအလာကောင်းတွေ မြင်ရကာ ဘာပြဿနာမှ မရှိပါဘူး”လို့ ဆိုခဲ့ပါတယ်။

#မန်ချက်စတာယူနိုက်တက် #အာဆင်နယ် #အေစီမီလန် #အပြောင်းအရွှေ့ #ကက်ဆီ