ရှေ့သို့
Image

ဝက်ဂ်ဟော့ရဲ့ အပြောင်းအရွှေ့အပေါ် ဆုံးဖြတ်ချက်ချလိုက်တဲ့ ယူနိုက်တက်

10:04 AM, 6 May

ယူနိုက်တက်ရဲ့ တိုက်စစ်ပိုင်းလိုအပ်ချက်ကြောင့် နယ်သာလန်နိုင်ငံသားဟာ ဇန်နဝါရီလမှာ ခေါ်ယူခြင်းခံခဲ့ရတာဖြစ်ပြီး ၂၆ ပွဲမှာ ၂ ဂိုးသာ သွင်းယူထားနိုင်ခဲ့တာဖြစ်ပါတယ်။

သူ့ရဲ့လုပ်အားနှုန်းနဲ့ အသင်းအတွက် ပေးဆပ်ကစားမှုတွေကြောင့် အိုးထရက်ဖို့ဒ်မှာ ရှိခဲ့တဲ့ အချိန်ခဏတာအတွင်း ပရိသတ်တွေရဲ့ သဘောကျခြင်းကိုရရှိခဲ့သော်လည်း နွေရာသီမှာ တန်ဟက်က အသင်းကို အကြီးစားမြှင့်တင်နိုင်ဖို့ ရှာဖွေနေတာဖြစ်ပါတယ်လို့ The MEN က ဖော်ပြထားပါတယ်။

ဖရန့်ဘက်က ကိုလိုမူယာနီဟာ ဦးစားပေးပစ်မှတ်နိုင်ပြီး ဘိုင်ယန်မြူးနစ်ကလည်း ပြင်သစ်နိုင်ငံသားကို ခေါ်ယူဖို့ စိတ်ဝင်စားနေတာကြောင့် ယူနိုက်တက်ဟာ ဥရောပက အသင်းတွေနဲ့အပြိုင် ခေါ်ယူရဖွယ်ရှိနေပါတယ်။

ဘိုင်ယန်မြူးနစ်ရဲ့ စိတ်ဝင်စားခြင်းအပေါ်‌‌ မေးမြန်းရာတွင် တူချယ်က "ကျွန်တော် အတည်မပြုနိုင်သေးပါဘူး။ ဒီလိုရှိခဲ့ရင်တောင် ကျွန်တော်က အတည်ပြုပေးမှာမဟုတ်ပါဘူး။ လက်ရှိအချိန်မှာလည်း ဒါက ပြောရမယ့် ကိစ္စတစ်ခုလည်းမဟုတ်ပါဘူး" လို့ ပြန်ဖြေပါတယ်။

အိုဆီမန်က ခေါ်ယူဖို့ စဉ်းစားဖွယ်ရာဖြစ်သော်လည်း ပြီးခဲ့တဲ့ညက ၃၃ နှစ်ကြာဝေးကွာနေတဲ့ စီးရီအေဆုဖလားကို ရရှိအောင် နာပိုလီအား ကူညီပေးနိုင်ခဲ့ပြီးနောက် သူ့ရဲ့အနာဂတ်နဲ့ပတ်သက်ပြီး တိုက်စစ်မှုးက မဆွေးနွေးလိုနေတာဖြစ်ပါတယ်။

"လက်ရှိမှာ ကျွန်တော်က အရမ်းကို ပျော်ရွင်နေတာပါ။ ဒီလိုအခိုက်အတန့်အတွက် ကျွန်တော်တို့က နှစ်ပေါင်းများစွာ စောင့်ခဲ့ရတာဖြစ်ပြီး နာပိုလီအသင်းအတွက် စီးရီးအေ ဆုဖလားကို ရယူပေးနိုင်ခဲ့တဲ့အပေါ် မေ့လိုက်လို့မရမှာဖြစ်ကာ လက်ကျန်ဘဝတွေအတွက် ကျွန်တော်တို့ရဲ့ ရင်ထဲမှာ ဆက်လက်ရှိနေဦးမှာဖြစ်ပါတယ်" "အသင်းအတွက်၊ နာပိုလီသားတွေအတွက် ကျွန်တော်ပျော်မိပါတယ်။ အခု ကျွန်တော်တို့ရဲ့ ကွင်းကြီးထဲမှာ အောင်ပွဲခံနိုင်ပြီဖြစ်ပါတယ်"လို့ တိုက်စစ်မှုးက ပြောပါတယ်။

လက်ရှိအချိန်မှာ နွေရာသီအသုံးစရိတ်အတွက် တန်ဟက်အနေနဲ့ မရှင်းလင်းသေးတာဖြစ်ပါတယ်။ အသင်းပိုင်ရှင် ပြောင်းလဲတဲ့ ကိစ္စကြီးမပြီးသေးသ၍ ငွေကြေးများများစားစား မရရှိမဲ့ပုံရှိနေပါတယ်။

ငွေကြေး ဘယ်လောက်အထိ သုံးစွဲမှာလဲလို့ ဒီတစ်ပတ်အစောပိုင်းက မေးရာတွင် "ကျွန်တော်လည်း မသိသေးပါဘူး။ "ကျွန်တော်သိထားတဲ့ တစ်ခုတည်းသောအရာက ယူနိုက်တက်ဟာ ကမ္ဘာပေါ်မှာ အကြီးမားဆုံးကလပ်တစ်ခုဖြစ်တယ်ဆိုတာပါ" "အောင်မြင်သည်ဖြစ်စေ မအောင်မြင်သည်ဖြစ်စေ အသင်းကိုတည်ဆောက်ဖို့ ငွေကြေးသုံစွဲဖို့တော့ လိုပါတယ်။ အဆင့်မြင်တဲ့ ကစားသမားတွေအတွက် ငွေကြေးများများတော့ သုံးရပါတယ်" "ကျွန်တော်ဘာကိုလိုချင်သလဲဆိုတာက ရှင်းပါတယ်။ ကျွန်တော့်အပေါ် မူတည်နေတာတော့မဟုတ်ပါဘူး။ ကလပ်ရှိ အခြားသူတွေအပေါ်လည်း မူတည်နေပါသေးတယ်။ အသင်းတိုးတက်ဖို့ကိုသာ ကျွန်တော်က အာရုံစိုက်နေပါတယ်" လို့ တန်ဟက်က ဖြေကြားထားပါတယ်။

#မန်ချက်စတာယူနိုက်တက် #အဲရစ်တန်ဟက် #ပရီးမီးယားလိဂ် #ဝက်ဂ်ဟော့စ်