ရှေ့သို့
Image

ညစာဖိတ်ကျွေးခဲ့တဲ့ အသင်းသားတွေ သူ့ကို ထောက်ခံနေသေးကြောင်း ပိုချက်တီနိုဖွင့်ဟ

12:37 PM, 18 October

တော့တင်ဟမ်နည်းပြ ပိုချက်တီနိုက အသင်ူသားတွေက သူ့ကို ညစာဖိတ်ကျွေးခဲ့ပြီး ထောက်ခံမှုကို ပြသခဲ့ကြောင်း ထုတ်ဖော်ခဲ့ပါတယ်။

စပါးအသင်းဟာ ယမန်နှစ်ရာသီက ချန်ပီယံလိဂ်မှာ ဗိုလ်လုပွဲအထိ တက်ရောက်နိုင်ခဲ့ပေမဲ့ ယခုနှစ်ရာသီမှာတော့ ဆိုးရွားတဲ့ ရလဒ်တွေနဲ့ ရင်ဆိုင်နေခဲ့ရပါတယ်။

၈ပွဲကစားပြီးချိန်မှာ ၃ပွဲရှုံးနိမ့်ထားခဲ့တဲ့ စပါးဟာ ဇယားထိပ်က လီဗာပူးနဲ့ ၁၃မှတ် အထိ ကွာဟသွားခဲ့ပြီ ဖြစ်ပါတယ်။

ဘရိုက်တန်ကို ၃-၀ဖြင့် ရှုံးနိမ့်ခဲ့ပြီးနောက် ပိုချက်တီနိုရဲ့ ထိုင်ခုံက လှုပ်လာခဲ့ပြီလို့ ဝေဖန်မှုတွေ ရှိလာခဲ့တာပါ။

ဒါပေမဲ့ အာဂျင်တိုင်းသားကတော့ အသင်းသားတွေဟာ သူ့အပေါ် ထောက်ခံနေဆဲလို့ ပြောခဲ့ပါတယ်။

ပိုချက်တီနိုက "အသင်းသားတွေဆီက ညစာဖိတ်ကျွေးခံရရင် အကြောင်းအရင်း ၂ချက်ကြောင့်ပဲ ဖြစ်မှာပါ။ ပထမ တစ်ချက်ကတော့ သူတို့ နှုတ်ဆက်ချင်လို့ပါ။ ဒုတိယအချက်ကတော့ သူတို့ သင့်ကို ချစ်မြတ်နိုးပြီး လေးစားမှုကို ပြသချင်လို့ပါတယ်။ အခု ကျွန်တော်ကတော့ ဒုတိယအချက်ကြောင့်လို့ ထင်ပါတယ်"လို့ ပြောခဲ့ပါတယ်။

စပါးအသင်းဟာ နွေရာသီက ငွေကြေးသုံးစွဲမှုတွေ ပြုလုပ်ပြီး ကစားသမားသစ်တွေ ခေါ်ယူထားခဲ့ပေမဲ့ လာမယ့် အပြောင်းအရွှေ့မှာတော့ လှုပ်ရှားဖွယ်မရှိဘူးလို့ ပိုချက်တီနိုက အရိတ်အမြွတ်ဆိုခဲ့ပါတယ်။

စပါးအသင်းဟာ စနေနေ့မှာတော့ ဇယားအောက်ဆုံးက ၀က်ဖို့ဒ်အသင်းကို ဧည့်ခံ ကစားရမှာ ဖြစ်ပါတယ်။

#စပါး