ရှေ့သို့
Image

နေမာကို မက်မောလောက်စရာ ကမ်းလှမ်းမှုမျိုးပြုလုပ်ဖို့ ဂျူဗင်တပ်စ်အသင်း စီစဉ်နေ

8:58 AM, 23 July

ဂျူဗင်တပ်စ် အသင်းဟာ ပီအက်စ်ဂျီ စတား နေမာကို မက်မောလောက်စရာ အစီအစဉ်နဲ့ ကမ်းလှမ်းသွားဖို့ ပြင်ဆင်နေပါတယ်။ ဂျူဗင်တပ်စ်အသင်းဟာ နေမာအတွက် ပြောင်းရွေ့ကြေး+ ကစားသမား အလိုက်ပေးကာ ကမ်းလှမ်းသွားဖို့ ရှိနေပါတယ်။
အဆိုပါ ကမ်းလှမ်းမှုမှာတော့ တိုက်စစ်မှူး ဒိုင်ဘားလားနဲ့ ပီအက်စ်ဂျီ ကစားသမားဟောင်း မာတူဒီတို့ ပါဝင်တယ်လို့ သိရပါတယ်။ ဘာစီလိုနာအသင်းက နေမာကို ပြန်လည် ခေါ်ယူဖို့ ကြိုးပမ်းနေသလို နေမာကလည်း အီတလီမှာ ရော်နယ်ဒိုနဲ့ တွဲကစားဖို့ ဆန္ဒရှိနေပါတယ်။
နေမာဟာ စံချိန်တင် ပြောင်းရွေ့ကြေး ပေါင် သန်း၂၀၀နဲ့ ပီအက်စ်ဂျီအသင်းကို ပြောင်းရွေ့လာခဲ့ပေမယ့် ယခုအချိန်မှာတော့ အသင်းက ပြန်လည် ထွက်ခွာဖို့ ဆိုင်းပြင်းနေခဲ့တာ ဖြစ်ပါတယ်။ ဂျူဗင်တပ်စ်အသင်းဟာ အေဂျက်စ်နောက်ခံလူ ဒီလစ်ခ်ျကို ပေါင် ၆၇.၈သန်းဖြင့် ခေါ်ယူထားခဲ့ကာ ဘာစီလိုနာအသင်းကို နောက်ကောက်ချ ထားခဲ့ပါတယ်။

#မာတူဒီ