ရှေ့သို့
Image

ဂျူဗင်တပ်ဟာ ပေါ့ပ်ဘာကို နှစ်သက်သော်လည်း ရာဘီအော့ကို လိုချင်နေပါတယ် - ပါရက်တီစီ

9:16 AM, 21 June

ဂျူဗင်တပ်ဟာ ပေါ့ပ်ဘာကို နှစ်သက်သော်လည်း ရာဘီအော့ကို ခေါ်ယူဖို့အတွက် လုပ်ဆောင်နေပါတယ်လို့ စီးရီးအေကလပ်ရဲ့ အားကစားဒါရိုက်တာ ပါရက်တီစီက ပြောဆိုလိုက်ပါတယ်။

ပေါ့ပ်ဘာဟာ အသင်းဟောင်းသို့ ပြန်ဖို့အတွက် ကြီးမားတဲ့ ဆက်သွယ်မှုတွေ ရှိခဲ့သော်လည်း ရီးရဲလ်မက်ဒရစ်ကတော့ မန်ယူ ကွင်းလယ်ကစားသမားကို ခေါ်ယူဖို့အတွက် စိတ်ဝင်စားနေတာ ဖြစ်ပါတယ်။

လက်ရှိမှာတော့ ရာဘီအော့ဟာ ပီအက်စ်ဂျီနှင့် စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာ ဖြစ်ပါတယ်။ လိဂ်ဂူးဝမ်းချန်ပီယံရဲ့ စာချုပ်အသစ်ချုပ်ဆိုဖို့ ကမ်းလှမ်းမှုကို ငြင်းပယ်ခဲ့ပြီး နောက်မှာတော့ သူဟာ အသင်းကြီး နှင့်အတူ ၂၀၁၉ ခုနှစ်တွင် ပွဲထွက်ခွင့် မရရှိထားတဲ့ ကစားသမားလည်း ဖြစ်ပါတယ်။

ဂျူဗင်တပ်ဟာ အဲ့ဒီကစားသမား နှစ်ဦးစလုံးကို နှစ်သက်ကြောင်း ပြောဆိုခဲ့သော်လည်း ရာဘီအော့နှင့် ဆွေးနွေးမှုများ ပြုလုပ်နေပြီ ဖြစ်တယ်လို့ အတည်ပြု ပြောကြားလိုက်ပါတယ်။ 

'' သူတို့ နှစ်ယောက်စလုံးကတော့ ကောင်းမွန်တဲ့ ကစားသမားတွေပါ '' လို့ ပါရတ်တီစီက ဆာရီရဲ့ ဂျူဗင်တပ်နည်းပြအဖြစ် တရားဝင် မိတ်ဆက်ပွဲအတွက် သတင်းစာ ရှင်းလင်းပွဲတွင် ပြောပါတယ်။

'' ပေါ့ပ်ဘာဟာ မန်ယူရဲ့ကစားသမားပါ။ သူ့ကို ကျွန်တော်တို့ နှစ်သက်ပါတယ်။ သူ့ကို တိုးတက်လာအောင် ကျွန်တော်တို့က လုပ်ဆောင် ပေးခဲ့သော်လည်း သူက မန်ယူရဲ့ကစားသမားပါ ''

'' ကျွန်တော်တို့ အတွေးထဲမှာ ခေါ်ယူမည့် ကစားသမားတွေ ရှိနေပြီး ရာဘီအော့ကို  ခေါ်ယူဖို့အတွက်တော့ ကြိုးစားမှာပါ။ ကျွန်တော်တို့ဟာ ဆာရီနှင့် ဆွေးနွေးမှုတွေ ပြုလုပ်နေပြီး မကြာခင်မှာ ဆုံးဖြတ်ချက်တွေ ချသွားမှာပါ ''

အယ်လီဂရီရဲ့လက်ထက်တုန်းက အောင်မြင်မှုတွေကို တည်ဆောက်ဖို့အတွက် နာပိုလီ နည်းပြဟောင်း ဆာရီက ဖြစ်နိုင်တဲ့သူပါလို့ ပါရတ်တီစီက ပြောဆိုထားပါတယ်။

'' သူ့ရဲ့ကစားပုံက ကျွန်တော်တို့ရဲ့နည်းပြ ပြောင်းလဲမှုရဲ့အဓိက အကြောင်းပြချက် မဟုတ်ပါဘူး။ အခုအချိန်မှာ ဆာရီဟာ ဂျူဗင်တပ်အတွက် အကောင်းဆုံးနည်းပြ ဖြစ်မယ်လို့ ကျွန်တော်တို့ ယုံကြည်တဲ့အတွက် ရွေးချယ်ခဲ့တာပါ။ လွန်ခဲ့တဲ့ ၅ နှစ်က အယ်လီဂရီပါ၊ ၈ နှစ်လောက်က ကွန်တီပါ '' လို့ သူက ထပ်လောင်း ပြောကြားလိုက်ပါတယ် '''' စရိုက်လက္ခဏာအမျိုးမျိုးနှင့် မတူညီတဲ့နည်းပြတွေအများကြီးရှိပါတယ်၊ မတူညီတဲ့ပုံစံများနှင့် ဆန့်ကျင်ဘက် တောင်ဖြစ်သွားနိုင်ပါတယ် ''

'' သူ့ရဲ့ကောင်းမွန်တဲ့ အရည်အချင်းတွေကို အီတလီ၊ ပရီးမီးယားလိဂ်နှင့် ဥရောပ အဆင့်များတွင် ပြသခဲ့ပါတယ်။ သူဟာ ဂျူဗင်အတွက် အကောင်းဆုံး ရွေးချယ်မှုလို့ ကျွန်တော်တို့ ယုံကြည်ပါတယ် ''

သီးခြား ခေါ်ယူချင်တဲ့ ကစားသမား ရှိလားဆိုတဲ့ အမေးကိုတော့ ဆာရီက ငြင်းဆိုခဲ့ပြီး ဂျူဗင်ရဲ့ အပြောင်းအရွှေ့ကတော့ ပါရတ်တီစီရဲ့လက်ထဲမှာပဲ ရှိပါတယ်လို့ ပြောဆိုထားပါတယ်။

'' ကျွန်တော်တို့မှာ ရှင်းလင်းတဲ့ အစီအစဉ်တွေရှိပြီး ကျွန်တော်တို့ရဲ့ ကစားပုံက ဘယ်လိုဖြစ်နိုင်လဲ ဆိုတာကို စောင့်ကြည့်ရမှာပါ ''

'' သီးခြား နာမည်တပ်ပြီးတော့ ကျွန်တော် မတောင်းဆိုချင်ပါဘူး။ အဲ့ဒီကိစ္စနဲ့ပတ်သတ်ပြီးလည်း ပါရတ်တီစီနှင့် ဆွေးနွေးပြီးပါပြီ။ ကစားသမားတွေကို သူက ကျွန်တော့်ထက်ကိုပိုပြီး သိပါတယ် ''

'' ကျွန်တော့်ရဲ့အလုပ်ကတော့ ပွဲအတွက် ပြင်ဆင်ဖို့ပါပဲ။ ကမ္ဘာပတ်ပြီး ကစားသမားရှာဖို့ ကျွန်တော့်မှာ အချိန်တွေ အများကြီး မရှိပါဘူး။ ပါရတ်တီစီရဲ့အရည်အချင်းနှင့် ယုံကြည်မှုက ကျွန်တော့်ထက်ကို ပိုပြီး မြင့်မားပါတယ် '' လို့ ဆာရီက ပြောပါတယ်။

#စီးရီးအေ #ရာဘီအော့