ရှေ့သို့
Image

ဂါလာတာစာရေးနဲ့ပွဲစဉ်က မာရှယ်ရဲ့ စွမ်းဆောင်ရည်အပေါ် ဝေဖန်လိုက်တဲ့ ပီတာရှမိုက်ကယ်

1:46 PM, 1 December

ယူနိုက်တက်နဲ့ ဂါလာတာစာရေးတို့ သရေကျခဲ့တဲ့ပွဲစဉ်မှာ လူစားဝင်ကစားသမားအဖြစ် ဝင်ရောက်လာခဲ့သော်လည်း မာရှယ်က ဘာမှလုပ်ပြနိုင်ခြင်းမရှိခဲ့ပါဘူး။

မက်တိုမီနေး၊ ဂါနာချိုနှင့် ဖာနန်ဒက်စ်တို့ရဲ့ သွင်းဂိုးများကြောင့် ၃-၁ ဂိုးဖြင့် ဦးဆောင်ခဲ့သော်လည်း အသာစီးရယူထားနိုင်မှုကို လက်လွှတ်ခဲ့ရကာ အစ္စတန်ဘူလ်ရဲ့ ပွဲအပြီးမှာတော့ ၃-၃ ဂိုးဖြင့် သရေကျခဲ့ပါတယ်။ ပွဲအတွင်း တန်ဟက်ဟာ လူစားလဲမှုများစွာ ပြုလုပ်ခဲ့သော်လည်း လူစားဝင်ကစားသမားတွေက ခြေစွမ်းမပြသနိုင်ခဲ့ပါဘူး။

ပြိုင်ဘက်ရဲ့ဂိုးဧရိယာအတွင်း ဘောလုံးထိချက် ၂ ကြိမ်နှင့်တစ်ပွဲလုံး ဘောလုံးထိချက် ၁၆ ကြိမ်သာ ရရှိခဲ့တဲ့ မာရှယ်က ခြေစွမ်းပြသနိုင်ခြင်းမရှိခဲ့ပါဘူး။ အဓိကစိုးရိမ်မှုတစ်ခုက ဟွိုက်လန်းရဲ့နေရာတွင် မာရှယ်ကို ထည့်သွင်းလိုက်ခြင်းပဲဖြစ်ပါတယ်လို့ ရှမိုက်ကယ်က ပြောကြားထားပါတယ်။

"၂-၀ ဂိုးဖြင့် ဦးဆောင်နေတဲ့ပြီး ဒီလိုမျိုး အခိုက်အတန့်က ပထမဆုံးအကြိမ်တော့ မဟုတ်ပါဘူး။ ပွဲကို သတ်လိုက်သလိုပါပဲ။ တခြားအသင်းက ဝင်မလာနိုင်အောင် လုပ်ရမှာပါ။ ဘောလုံးကို ထိန်းသိမ်းပြီး အမှားမရှိအောင်လုပ်ရမှာဖြစ်သော်လည်း အမှားများခဲ့ပါတယ်"  "ဟွိုက်လန်းကို ကစားသမားလူစားလဲလိုက်တဲ့အခါ အခြားကစားသမားတွေကို ကြည့်ရမှာဖြစ်ပြီး ဖိအားတွေက များနေမှာဖြစ်ပါတယ်။ တန်ဟက်ထည့်လိုက်တဲ့ မာရှယ်က ဘာမှမလုပ်နိုင်ခဲ့ပါဘူး ဒါကြောင့် အသင်းရဲ့တိုက်စစ်ပိုင်းအတွက် အရမ်းကို ခက်ခဲသွားစေခဲ့ပါတယ်" "ဒါက ပြိုင်ဘက်အသင်းအတွက် ဘောလုံးဖြတ်မှုတွေလုပ်ဖို့ အခွင့်အရေးတွေ အများကြီးပေးသလိုဖြစ်ပါတယ်။ ဒီလောက်ဂိုးပမာဏသွင်းတယ်ဆိုရင် တစ်မှတ်ထက်ပိုတဲ့ အမှတ်မျိုးကို မျှော်လင့်သင့်ပါတယ်"လို့ ရှမိုက်ကယ်က ပြောပါတယ်။

ယူနိုက်တက်ရဲ့တန်ဟက်ရဲ့ လုပ်ဆောင်မှုက စိတ်မကျေနပ်ဖွယ်ရာဖြစ်ပြီး သရေကျသွားတာကတော့ ဆိုးရွားသွားခဲ့ပါတယ်။ ယူနိုက်တက်ရဲ့ ချန်ပီယံလိဂ်အုပ်စုတက်ရေးက ဝေဝါးသွားပြီဖြစ်ပြီး အိုနာနာကို ပွဲထွက် ကစားသမားအဖြစ် သုံးခဲ့တာက ဝေဖန်စရာဖြစ်လာပါတယ်။

ယူနိုက်တက်ရဲ့ နောက်ထပ်ပွဲစဉ်ကတော့ ပရီးမီးယားလိဂ်ပွဲအဖြစ် နယူးကာဆယ်နှင့် ကစားရမှာဖြစ်ပြီး တန်ဟက်ရဲ့အသင်းဟာ ပထမဆုံးပရီးမီးယားလိဂ် ၁၃ ပွဲမှာ ၅ ပွဲအထိ ရှုံးနိမ့်ထားပြီး ထိပ်ဆုံး ၄ သင်းနှင့် ၄ မှတ်ကွာဟနေပါတယ်။

#မန်ချက်စတာယူနိုက်တက် #ဂါလာတာစာရေး #မာရှယ် #ပရီးမီးယားလိဂ်