The network connection is lost.

Banner Image

Molineux မှာ ဂိုးပြတ်နိုင်ပွဲဖော်ဆောင်ခဲ့တဲ့ သရဲနီ

ဝုဗ် ၁-၄ ယူနိုက်တက် (ပွဲပြီးရလဒ်)

အခုပွဲစဉ်မှာ ယူနိုက်တက်က အဝေးကွင်းဆီသွားရောက်ကစားရတယ်ဆိုပေမယ့် ဝုဗ်ကို အဖက်ဖက်မှအသာစီးရယူပြီး ဂိုးပြတ်နိုင်ပွဲတစ်ခု ဖော်ဆောင်ခဲ့ပါတယ်။ တဖက်မှာလည်း အိမ်ရှင်ဝုဗ်အတွက် ဘယ်လီဂါဒီရဲ့ခဲရာခဲဆစ်ချေပဂိုးမှလွဲ၍ အပေါင်းလက္ခဏာဆောင်တဲ့အရာတွေကို အခုပွဲစဉ်မှာ မမြင်တွေ့ခဲ့ရပါဘူး။ ယူနိုက်တက်အတွက်သွင်းဂိုးတွေကို ဘရူနိုဖာနန်ဒက်စ်က ပယ်နယ်တီသွင်းဂိုးအပါအဝင် နှစ်ဂိုး၊ မေဆန်မောင့်နဲ့ အမ်ဘွေမိုတို့က တစ်ဂိုးစီ သွင်းယူခဲ့ပါတယ်။ အခုနိုင်ပွဲကြောင့် အာမိုရင်ရဲ့အသင်းက အမှတ်ပေးဇယားထိပ်ဆုံးခြောက်သင်းစာရင်းဆီ ဝင်ရောက်လာပြီး ချန်ပီယံလိဂ်ဝင်ခွင့်ပြေးလမ်းမှာ အခြေအနေကောင်းလာခဲ့ပါတယ်။