ပထမဆု : ဖုန်းငွေဖြည့်ကဒ် ၅၀,၀၀၀ တန် ၁ ကဒ်
ဒုတိယဆု : ဖုန်းငွေဖြည့်ကဒ် ၅,၀၀၀ တန် ၁၀ ကဒ်
တတိယဆု : ဖုန်းငွေဖြည့်ကဒ် ၁,၀၀၀ တန် ၃၀ ကဒ်
ဘောလုံးစတား ၏ ခန့်မှန်းပြိုင်ပွဲတွင် ခန့်မှန်းရလဒ် (၅)ပွဲထိ မှန်ကန်အောင်ခန့်မှန်းနိုင်သူ များထဲမှ (၁)ဦးကို ပထမဆု အတွက် မဲနှိုက်ရွေးချယ်ပေးသွားမှာ ဖြစ်ပြီး ကျန် (၅)ပွဲ မှန်ကန်အောင်ဖြေဆိုနိုင်သူများ ထဲမှ (၁၀) ဦးကို မဲနှိုက်ရွေးချယ်ပြီး ဒုတိယဆု ချီးမြှင့်သွားမှာဖြစ်ပါတယ်။
ခန့်မှန်းရလဒ် (၄)ပွဲ ထိမှန်ကန်အောင်ခန့်မှန်းနိုင်သူများထဲမှ (၃၀) ဦးကိုမဲနှိုက်ရွေးချယ်ပြီး တတိယဆု ချီးမြှင့် ပေးသွားပါမည်။
အပတ်စဉ် ခန်မှန်းပြိုင်ပွဲတွင် ပုံမှန် ဝင်ရောက်ယှဉ်ပြိုင်သူ တစ်ဦးအနေဖြင့် ခန့်မှန်းပြိုင်ပွဲ ၅ပွဲစလုံးကို လေးပတ်တိတိ ဆက်တိုက်မှန်ကန်စွာ ဖြေဆိုနိုင်ပါက ကျပ်၁သန်းတန် ဖုန်းငွေဖြည့်ကဒ် ၁ကဒ်ကို ဘောလုံးစတားမှ အထူးဆုကြီး အဖြစ် ထိုက်တန်စွာ ထပ်မံချီးမြှင်ပေးသွားပါမည်။ လေးပတ်တိတိ အမှန်ဖြေဆိုနိုင်သူ တစ်ဦးထက်ပိုပါက ဘောလုံးစတားမှ မဲနှိုက်ရွေးချယ်ပေးသွားမှာ ဖြစ်ပါတယ်။
၁။ ။ ပြိုင်ပွဲဝင်မည့်သူသည် ကျား၊ မ မရွေး အသက် ၁၈ နှစ် ပြည့်ပြီးသူ ဖြစ်ရမည်။
၂။ ။ ပြိုင်ပွဲဝင်မည့်သူများသည် BalloneStar မှတောင်းခံသည့် အချက်အလက်များကို ပြည့်စုံမှန်ကန်စွာ ဖြည့်စွက်ပေးရန် လိုအပ်သည်။ (မန်ဘာဝင်စဉ်က တောင်းခံသော အချက်အလက်များဖြစ်သည်)
၃။ ။ဘောလုံးစတား ၏ ခန့်မှန်းပြိုင်ပွဲကို အပတ်စဉ် ဝင်ရောက်ခန့်မှန်းရွေးချယ်နိုင်သည်။
၄။ ။ဘောလုံးစတား ၏ ခန့်မှန်းပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်မည့်သူသည် ခန့်မှန်းပြိုင်ပွဲ ကျင်းပပြုလုပ်နှေသည့် ကာလတစ်လျှောက်လုံး ဘောလုံးစတား ဝန်ဆောင်မှုကို နေ့စဉ် ရယူထားရမည်။
၅။ ။ ဝင်ရောက်ယှဉ်ပြိုင်သူသည် ခန့်မှန်းပြိုင်ပွဲ ကျင်းပပြုလုပ်သည့် ကာလတစ်လျှောက်လုံး ဘောလုံးစတားဝန်ဆောင်မှုကို နေ့စဉ် ရယူထားခြင်းမရှိပါက ခန့်မှန်းပြိုင်ပွဲ ဆုရွေးချယ်မည့်အစီအစဉ်တွင် အကျုံးဝင်မည်မဟုတ်ပါ။
၆။ ။ ပြိုင်ပွဲဝင်မည့်သူအနေဖြင့် ခန့်မှန်းပြီး အသင်းနှင့် ရလဒ်များကို ရွေးချယ်၍ ပြိုင်ဆိုင်မည် ဟူသည့် button ကို နှိပ်ပြီးသည့်နောက် ပြန်လည် ပြင်ဆင်ခွင့် ရမည်မဟုတ်ပါ။
၇။ ။ ခန့်မှန်းပြိုင်ပွဲအတွက် မန်ဘာဝင်ထားသော အကောင့်တစ်ခုသည် ယခုပြိုင်ပွဲကို တစ်ပတ်လျှင် တစ်ကြိမ်သာ ပြိုင်ဆိုင်ခွင့် ရမည် ဖြစ်သည်။
၈။ ။ ခန့်မှန်း ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရာတွင် အသင်း နှစ်သင်း၏ (အနိုင် နှင့် သရေ) ရလဒ် နှစ်ခု မှ တစ်ခု ကို ခန့်မှန်း ရွေးချယ် ပေးရမှာဖြစ်ပါတယ်။
၉။ ။ အများဆုံးမှန်ကန်အောင် ခန့်မှန်းနိုင်သူကို ရွေးချယ်မည်ဆိုရာတွင် အနည်းဆုံး ခန့်မှန်းရလဒ် (၄)ပွဲကို မှန်ကန်အောင် ခန့်မှန်းနိုင်ခြင်းမှ စတင်ပါသည်။ (ဥပမာ- (၃)ပွဲ သာ မှန်ကန်အောင် ခန့်မှန်းနိုင်လျှင် ဆုပေးမည့် အစီအစဉ်ထဲတွင် ပါဝင်မည်မဟုတ်ပါ)
၁၀။ ။ ခန့်မှန်းရလဒ် (၅) ပွဲထိ မှန်ကန်အောင် ခန့်မှန်း နိုင်သူ များထဲမှ (၁) ဦး ကို ၅၀,၀၀၀ ကျပ်တန် ဖုန်းငွေဖြည့်ကဒ် ၁ ကဒ်၊ ကျန် ခန့်မှန်းရလဒ် (၅) ပွဲ ထိ မှန်ကန်အောင် ခန့်မှန်းနိုင်သူ (၁၀) ဦးကို ၅,၀၀၀ ကျပ်တန် ဖုန်းငွေဖြည့်ကဒ် ၁၀ ကဒ်၊ ခန့်မှန်းရလဒ် (၄)ပွဲ မှန်ကန်အောင် ခန့်မှန်းနိုင်သူ (၃၀) ဦး ကို ၁၀၀၀ ကျပ်တန် ဖုန်းငွေဖြည့်ကဒ် ၃၀ ကဒ် တို့ဆုလက်ဆောင်ချီးမြှင့်ပေးသွားမှာ ဖြစ်ပါတယ်။ ခန့်မှန်းပြိုင်ပွဲ ၅ ပွဲစလုံးကို လေးပတ်တိတိ ဆက်တိုက်မှန်ကန်စွာ ဖြေဆိုနိုင်ပါက ကျပ် (၁) သန်းတန် ဖုန်းငွေဖြည့်ကဒ် ၁ကဒ်ကို ဘောလုံးစတားမှ အထူးဆုကြီး အဖြစ် ထိုက်တန်စွာ ထပ်မံချီးမြှင်ပေးသွားပါမည်။ မှန်ကန်အောင် ခန့်မှန်းနိုင်သူ များထဲမှ သတ်မှတ်ထားသော ဆုမဲ အရေအတွက် နှင့် ကျော်လွန်ပါက မဲနှိုက်ရွေးချယ်ပေးသွားမှာဖြစ်ပါတယ်။
၁၁။ ။ ဆုရရှိသူများကို ဗုဒ္ဓဟူးနေ့တွင် ဖုန်းဆက်အကြောင်းကြားပေးသွားမည်ဖြစ်ပြီး ဘောလုံးစတား၏ ဖေ့စ်ဘုတ်စာမျက်နှာတွင်လည်းကြေငြာပေးသွားမည်ဖြစ်ပါသည်။
၁၂။ ။ ဆုရရှိသူများကို သောကြာနေ့တွင် ဖုန်းဘေလ်ငွေဖြည့်ကဒ်များ လွဲအပ်ပေးသွားမည်ဖြစ်သည်။
၁၃။ ။ဆုလက်ဆောင်လာရောက် ထုတ်ယူရာတွင် နိုင်ငံသားစိစစ်ရေးကဒ်ပြား (သို့) သက်သေခံကဒ်ပြားတို့ဖြင့် လာရောက် ထုတ်ယူရပါမည်။
၁၄။ ။ ဘောလုံးစတား မှ ကျင်းပပြုလုပ်သော ခန့်မှန်းပြိုင်ပွဲ နှင့် ပါတ်သက်ပြီး အငြင်းပွားမှုတစ်စုံတစ်ရာ ဖြစ်ပေါ်ခဲ့ပါက ဘောလုံးစတား ၏ ဆုံးဖြတ်ချက်အတိုင်းသာလိုက်နာရပါမည်။
၁၅။ ။ ခန့်မှန်းပြိုင်ပွဲကို ဘောလုံးစတား၏ ဝန်ထမ်းများ ပါဝင်ယှဉ်ပြိုင်ခွင့် မရှိပါ။
၁၆။ ။ ဝင်ရောက်ယှဉ်ပြိုင်သူသည် အထက်ပါစည်းကမ်း၊အချက်အလက်များကို နားလည်သဘောတူညီပြီးဖြစ်သည်။
၁၇။ ။ ပြိုင်ပွဲနှင့်ပက်သက်၍ အသေးစိတ်သိရှိလိုပါက 09455500440 သို့ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။