ရှေ့သို့
Image

၂၀၁၈ အတွင်း နိုင်ပွဲအများဆုံးရ ကစားသမားအဖြစ် မာတူဒီ မှတ်တမ်းဝင်

10:14 AM, 11 January

ဂျူဗင်တပ်စ်ကွင်းလယ်လူ မာတူဒီဟာ ၂၀၁၈ ခုနှစ်အတွင်း ကလပ်၊ လက်ရွေးစင်အသင်းတို့နဲ့အတူ နိုင်ပွဲအများဆုံးရ ကစားသမားအဖြစ် ၄၈ ပွဲနဲ့ မှတ်တမ်းဝင်သွားခဲ့ကြောင်း သိရပါတယ်။

အသက် ၃၁နှစ်အရွယ်ရှိ မာတူဒီဟာ ပြီးခဲ့တဲ့ရာသီက ကိုပါအီတာလီယာဖလား၊ စီးရီးအေနဲ့ ကမ္ဘာ့ဖလားတွေ ရယူနိုင်ခဲ့ပြီး ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပြင်သစ်အသင်းနဲ့အတူ ပါဝင်မယှဉ်ပြိုင်ခင် ဂျူဗင်တပ်စ်နဲ့အတူ ၄၆ပွဲအထိ ကစားခဲ့ပြီး ပြင်သစ်အသင်း ကမ္ဘာ့ဖလားချန်ပီယံဖြစ်ခဲ့ရာမှာလည်း အဓိကကစားသမားအဖြစ် ပါဝင်ခွင့်ရရှိခဲ့ပါတယ်။

ပီအက်စ်ဂျီကွင်းလယ်လူဟောင်း မာတူဒီဟာ ၂၀၁၈  ကို ၈ ပွဲဆက်အနိုင်နဲ့အဆုံးသတ်နိုင်ခဲ့ပြီး အဲဒီကာလအတွင်း ဂျူဗင်တပ်စ်ကလည်း ၁ ဂိုးပဲ ပေးခဲ့ရပါတယ်။

၂၀၁၈ အတွင်း ဒုတိယမြောက်နိုင်ပွဲအများဆုံးရ ကစားသမားကတော့ ၄၅ ပွဲစီအနိုင်ရခဲ့တဲ့ အက်သလက်တီကိုရဲ့ပြင်သစ်တိုက်စစ်မှူး ဂရစ်ဇ်မန်းနဲ့ ပီအက်စ်ဂျီရဲ့အာဂျင်တီးနားတောင်ပံကစားသမား ဒီမာရီယာတို့ဖြစ်ပြီး သူတို့နောက်မှာ လီဗာပူးရဲ့ ဘရာဇီးတိုက်စစ်မှူး ဖာမီနိုနဲ့ ဘာစီလိုနာရဲ့ခရိုအေးရှားကွင်းလယ်လူ ရာကီတစ်တို့က ၄၄ ပွဲစီနဲ့ ပူးတွဲရပ်တည်နေပါတယ်။
#စီးရီးအေ #မာတူဒီ