ရှေ့သို့
Image

နက်ဖလစ်ဇ်တီဗွီရှိုးထဲမှာ ဝတ်ဆင်ခဲ့တဲ့ ဝတ်စုံတွေကို ထုတ်ဖော်ပြသလာတဲ့ ဂျော်ဂျီနာ

3:21 PM, 25 September

ခရစ္စတီယာနိုရော်နယ်ဒိုရဲ့ ချစ်သူ ဂျော်ဂျီနာရိုဒရီဂွက်ဇ်ဟာ “I am Georgina” ဆိုတဲ့ နက်ဖလစ်ဇ် တီဗွီပရိုဂရမ်တစ်ခုကို ဖန်တီးနေပြီး ယခုအခါမှာတေ့ အဆိုပါ တီဗွီအစီအစဉ်ထဲမှာ ဝတ်ဆင်ခဲ့တဲ့ ဝတ်စုံတွေကို ထုတ်ဖော်ပြသလာခဲ့ပါတယ်။ 

အသက်-၃၀ နှစ်အရွယ် ကမ္ဘာကျော်မော်ဒယ်လ်ဟာ အဆိုပါတီဗွီအစီအစဉ်ရဲ့ ထွေလာကိုလည်း ထုတ်လွှင့်ပြသခဲ့ပြီးဖြစ်ပါတယ်။ ယခုထုတ်ဖော်ပြသလာတဲ့ ဝတ်စုံတွေထဲမှာ ပထမတစ်ခုကတော့ ရွှေရောင်တောက်တောက် ဝတ်စုံဖြစ်ပြီး သူမရဲ့ ဆံပင်အရောင်နဲ့လိုက်ဖက်ညီနေသလို၊ ဒုတိယတစ်ခုကတော့ သတင်းစာပုံစံ ဝတ်စုံဖြစ်ပါတယ်။ 

ဆံပင်ရွှေရောင်ဆိုးပြီး လိုက်ဖက်ညီတဲ့အလှကို ရရှိပိုင်ဆိုင်ထားတဲ့ ဂျော်ဂျီနာဟာ သူမရဲ့ တီဗွီအစီအစဉ်ကို ပရိုမိုးရှင်းလုပ်ဖို့အတွက် တစ်တော့မှတစ်ဆင့် ဆံပင်အရောင်ဆိုးထားကြောင်း အသိပေးခဲ့ပါတယ်။ ပရိသတ်တွေအနေနဲ့လည်း သူမကိုအားပေးကြဖို့ အဆင့်သင့်ရှိနေပြီး “ငါ့အကြိုက်ဆုံး တီဗွီအစီအစဉ်ပြန်လာပြီ” “မစောင့်နိုင်တော့ဘူး” “စိတ်တွေအရမ်းခုန်နေပြီ” “လှလိုက်တဲ့ ဂျော်ဂျီနာ” “အရမ်းမိုက်တဲ့ ဝတ်စုံပဲ” စသဖြင့် မှတ်ချက်တွေပေးထားကြပါတဘ်။ 

ယခုတီဗွီအစီအစဉ်ဟာ သူမရဲ့နေ့စဉ်ဘဝနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကို ရိုက်ကူးပုံဖော်ထားတာဖြစ်ပါတယ်။ ဒါကြောင့် ပရိသတ်တွေအနေနဲ့ ဂျော်ဂျီနာနဲ့ ရော်နယ်ဒိုတို့အကြား ဆက်ဆံရေးအခြေအနေ၊ ကမ္ဘာကျော်မိခင်တစ်ယောက်ရဲ့ဘဝ စတာတွေကို မြင်တွေ့ခွင့်ရတော့မှာဖြစ်ပါတယ်။ ဒါ့အပြင် သူမဟာ ဒီအစီအစဉ်ထဲမှာ သူမရဲ့ ကိုယ်ရေးကိုယ်ကိစ္စတွေကိုလည်း ထုတ်ဖော်ပြသသွားမယ်လို့သိရပါတယ်။ 

ဂျော်ဂျီနာဟာ ရော်နယ်ဒိုနဲ့ ၂၀၁၆ ခုနှစ်မှာ စတင်တွေ့ဆုံခဲ့တာဖြစ်ပြီး ထိုစဉ်က သူမဟာ ဂူချီမှာ လက်ထောက်အရောင်းစာရေးအဖြစ် လုပ်ကိုင်နေဆဲဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ ကမ္ဘာကျော်စုံတွဲဟာ လက်ထပ်ခြင်းမရှိသေးပေမယ့် အလာနာနဲ့ ဘယ်လာဆိုတဲ့ ကလေးနှစ်ယောက်ကို ရရှိပိုင်ဆိုင်ထားပြီဖြစ်ပါတယ်။ ဂျော်ဂျီနာဟာ သူမရဲ့ကလေးတွေအပြင် ရော်နယ်ဒိုရဲ့ အခြားကလေးတွေဖြစ်တဲ့ ခရစ္စတီယာနိုဂျူနီယာ၊ အီဗာနဲ့ မက်တီယိုတို့ကိုလည်း စောင့်ရှောက်ပေးနေပါတယ်။ မကြာသေးမီက ဂျော်ဂျီနာနဲ့ ရော်နယ်ဒိုတို့ဟာ ပြင်သစ်တောင်ဘက်ပိုင်းကို အပန်းခြေခရီးထွက်ခဲ့ပြီး ချစ်ခင်ကြင်နာနေကြဆဲဖြစ်တယ်ဆိုတာ ပျံ့နှံ့လာတဲ့ ပုံရိပ်တွေမှတစ်ဆင့် မြင်တွေ့ခဲ့ရပါတယ်။ 

#ရော်နယ်ဒို #gossip #အယ်လ်နာဆာ