ရှေ့သို့
Image

အယ်လ်ဗာရက်ဇ်နေရာတွင် အစားထိုးဖို ဆဲလ်တစ်ကြယ်ပွင့်ကို မျက်စိကျနေတဲ့ မန်စီးတီး

9:16 AM, 22 August

မန်စီးတီးဟာ ယခုနွေရာသီအပြောင်းအရွှေ့ဈေးကွက်မပိတ်မီ ဆဲလ်တစ်တိုက်စစ်မှူး ဖူရူဟာရှီကို ခေါ်ယူရန် စဉ်းစားနေကြောင်း သတင်းများထွက်ပေါ်လျက်ရှိပါတယ်။

အက်သလက်တီကိုမက်ဒရစ်အသင်းသို ပြောင်းရွှေ့သွားခဲ့တဲ့ အယ်လ်ဗာရက်ဇ်ရဲ့ နေရာတွင် အစားထိုးရန် မန်စီးတီးက ကမ်းလှမ်းမှုများ ပြုလုပ်နေပြီး နောက်ဆုံးသတ်မှတ်ရက်မတိုင်မီ တိုက်စစ်မှူးသစ်တစ်ဦးရောက်ရှိလာမယ်လို မျှော်လင့်ရပါတယ်။

The Athletic ရဲ့ဖော်ပြချက်အရ ဖူရူဟာရှီဟာ မန်စီးတီးရဲ့ ရေဒါတွင်ရှိနေပြီး ပရီးမီးယားလိဂ်ချန်ပီယံတွေဟာဆဲလ်တစ်အသင်းနှင့်အတူ ၂၀၂၁ ခုနှစ် ဇူလိုင်ကတည်းက ရှိနေခဲ့တဲ့ အသက် ၂၉ နှစ်အရွယ် ကစားသမားကို ခေါ်ယူရန် အလေးအနက်ထား စဉ်းစားလျက်ရှိပါတယ်။

ဂျပန်လက်ရွေးစင်ကစားသမားဟာ စကော့တလန် ပရီးမီးယားရှစ် ၈၁ ပွဲမှာ ၄၂ ဂိုးနှင့် ဂိုးဖန်တီးမှု ၁၀ ကြိမ် အပါအဝင်စကော့တလန်ကလပ်အတွက် ပြိုင်ပွဲစုံ ၁၃၅ ပွဲမှာ ၇၃ ဂိုး သွင်းယူထားပြီး ၁၆ ဂိုး ဖန်တီးပေးထားပါတယ်။

ဖူရူဟာရှီဟာ ဘရန်ဒန်ရော်ဂျာရဲ့အသင်းနှင့် စာချုပ်သက်တမ်း နောက်ထပ်သုံးနှစ်ကျန်သေးသော်လည်း သူဟာ အခြားလူငယ်တိုက်စစ်မှူးနှစ်ဦးနှင့်အတူ မန်စီးတီးရဲ့ဆန်ကာတင်စာရင်းတွင် ပါဝင်နေကြောင်း သတင်းများထွက်ပေါ်လျက်ရှိပါတယ်။

အပြောင်းအရွှေ့ကျွမ်းကျင်သူ ရိုမန်နိုက မန်စီးတီးဟာ ယခုသီတင်းပတ်အစောပိုင်းတွင် ဆဲလ်တစ်နှင့် ကနဦး ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်းနှင့် ဂန်ဒိုဂန် ပြန်လာပြီးနောက် မန်စီးတီးအတွက် ဦးစားပေးဖြစ်လာလိမ့်မယ်လို အခိုင်အမာ ပြောကြားခဲ့ပါတယ်။

ဂန်ဒိုဂန်ဟာ အပြောင်းအရွှေ့ဈေးကွက်ပိတ်ချိန်မှာ ဘာစီလိုနာကနေ ထွက်ခွာခဲ့တာဖြစ်ပြီး နည်းပြ ဂွါဒီယိုလာကလည်း အပြောင်းအရွှေ့အတွက် အဓိကအချက်ဖြစ်တယ်လို ပြောကြားခဲ့ပါတယ်။

အသက် ၃၃ နှစ်အရွယ်ကစားသမားဟာ ကာတာထံမှ ကမ်းလှမ်းမှုများ ရရှိခဲ့သော်လည်း ၂၀၁၆ နှင့် ၂၀၂၃ ခုနှစ်ကြား ကိုယ်စားပြုကစားခဲ့တဲ့ ကလပ်ထံသို ပြန်သွားရန် ပြင်ဆင်နေခဲ့တာဖြစ်ပါတယ်။

ဂန်ဒိုဂန်ဟာ ပြီးခဲ့တဲ့ရာသီက ဘာစီလိုနာအတွက် အရေးပါတဲ့ ကစားသမားတစ်ဦးဖြစ်ပြီး ပြိုင်ပွဲစုံ ၅၁ ပွဲကစားကာ ၅ ဂိုး သွင်းယူပြီး ဂိုးဖန်တီးမှု ၁၄ ကြိမ် ပြုလုပ်ထားပေမယ့် ကတ်တလန်အသင်းကတော့ သူ့ရဲ့လစာကို ကလပ်ရဲ့ အသုံးစရိတ်ထဲက ဖယ်ထုတ်ချင်နေတာကြောင့် မန်စီးတီးကို ပြန်လည်ပြောင်းရွှေ့ဖို ကြေငြာချက်ထုတ်ရန် စဉ်းစားထားတယ်လို သိရပါတယ်။

ဖူရူဟာရှီဟာ အာမခံချက်ရှိတဲ့ ကစားသမားတစ်ဦးအဖြစ် မန်စီးတီးသို ရောက်ရှိလာမှာ မဟုတ်သော်လည်း တိုက်စစ်မှူးဟာ အလှည့်ကျကစားရမယ့်နေရာမှ ပါဝင်မယ်လို မျှော်လင့်ထားကာ အခြားခေါ်ယူဖို လှုပ်ရှားမှုအတွက် မန်စီးတီးက အလုပ်ရှုပ်နေတာဖြစ်ပါတယ်။

မတူညီတဲ့ နေရာများစွာမှာ လည်ပတ်ကစားနိုင်ခြင်းက သူ့ရဲ့ကြီးမားတဲ့တိုးတက်မှုတစ်ခုဖြစ်ပြီး ဂျပန်လက်ရွေးစင်ကစားသမားဟာ ယခုရာသီတွင် ဆဲလ်တစ်အသင်းရဲ့ လိဂ်ပွဲနှစ်ပွဲစလုံးကို အနိုင်ရအောင် ကူညီပေးထားပါတယ်။

အထူးသဖြင့် အော်စကာဘော့ဟာ မကြာသေးမီက ကျိုးနေတဲ့ခြေထောက်ကို ခွဲစိတ်ကုသမှု ခံယူခဲ့ရသလို အယ်လ်ဗာရက်ဇ်ရဲ့နေရာကို အစားထိုးဖို မန်စီးတီးအတွက် လိုအပ်နေတာ ထင်ရှားပါတယ်။

ဂရီးလစ်ချ်ဟာ ပြီးခဲ့တဲ့ရာသီက ခြေစွမ်းပြနိုင်ခြင်းမရှိဘဲ ပြီးခဲ့တဲ့ရက်သတ္တပတ်က ချဲလ်ဆီးအသင်းနှင့်ပွဲဦးထွက်တွင် ခြေစွမ်းပြသခဲ့တဲ့ ဆာဗင်ဟိုကလည်း ကာလရှည်ကြာ ဒူးဒဏ်ရာနှင့်ပတ်သက်ပြီး စိုးရိမ်မှုအချိုရှိနေပါတယ်။

မန်စီးတီးဟာ ဖူရူဟာရှီအတွက် အခကြေးငွေများများစားစား ပေးချေရန် ဆန္ဒမရှိတာကြောင့် စျေးနှုန်းအပေါ်မူတည်ပြီး ဆဲလ်တစ်ဟာ ကစားသမားရဲ့စာချုပ်သက်တမ်းကျန်ရှိနေသောကြောင့် ခိုင်မာတဲ့ အနေအထားတွင် ရှိနေပါတယ်။

#မန်စီးတီး #ဆဲလ်တစ် #ဂျူလီယန်အယ်ဗာရက်ဇ်