ရှေ့သို့
Image

မာ့ခ်ဂူဟီအတွက် နယူးကာဆယ်ရဲ့ စတုတ္ထမြောက်ကမ်းလှမ်းမှုအပေါ် ဆွေနွေးနေကြောင်း ပြောကြားလိုက်တဲ့ ခရစ္စတယ်ပဲလေ့စ်

8:48 AM, 18 August

ယူရို ၂၀၂၄ မှာ အထင်ကြီးလောက်စရာ ခြေစွမ်းပြသမှုအပြီးမှာ မာ့ခ်ဂူဟီဟာ ပြိုင်ဘက်ပရီးမီးယားလိဂ်ကလပ်တွေရဲ့ စိတ်ဝင်စားမှုကို အများအပြားရရှိခဲ့ပါတယ်။

အသက် ၂၄ နှစ်အရွယ်ရှိအတွက် နယူးကာဆယ်ရဲ့ စတုတ္ထမြောက် ကမ်းလှမ်းမှုဟာ ပေါင် ၆၅ သန်းထက် မပိုပါဘူး။

သို့သော်လည်း ပဲလေ့စ်က ပေါင်သန်း ၇၀ ထက်ပိုရမယ်လို့ ယူဆထားကာ ၎င်းတို့ရဲ့တန်ကြေးအပေါ် အခိုင်အမာရပ်တည်ထားပြီး နည်းပြဂလက်စနာက မာ့ခ်ဂူဟီနဲ ဆွေးနွေးခဲ့ကြောင်းနှင့် ဗဟိုနောက်ခံလူက ဘရန့်ဖို့ဒ်နှင့်ပွဲတွင် စတင်နိုင်မည်ဟု မျှော်လင့်ထားကြောင်း ပြောကြားထားပါတယ်။

"မာ့ခ်က ဒီနေ့ လေ့ကျင့်နေပြီး ကျွန်တော်တို့ အတူတူ ဆွေးနွေးခဲ့ကြပါတယ်"

"တစ်ခုခုဝင်လာရင် ကျွန်တော့်ဘဏ်အကောင့်ကို ကြည့်ရပါမယ်။ ဒါပေမယ့် အဲ့ဒီလိုမဖြစ်လာရင်တော့ မာ့ခ် နဲ့ စီစဉ်ရမှာပေါ့"

"သူက ကျွန်တော်တို့ရဲ့ကစားသမားနဲ့ ကလပ်ရဲ့အသင်းခေါင်းဆောင်ဖြစ်ကာ တခြားဘာကိုမှ မပြောနိုင်သေးပါဘူး" လို့ ဗဟိုနောက်ခံလူအတွက် နောက်ဆုံးကမ်းလှမ်းမှုနှင့်ပတ်သက်ပြီး မေးမြန်းရာတွင် နည်းပြက ပြောကြားခဲ့ပါတယ်။

ဂူဟီတစ်ဦးတည်းကိုသာ အခြားပြိုင်ဘက်အသင်းများမှ လိုချင်နေတာမဟုတ်ဘဲ ဖူလ်ဟမ်ရဲ့ ဂျိုအာကင်အန်ဒါဆင်အတွက် ကမ်းလှမ်းမှုကလည်း မကြာသေးမီရက်များအတွင်းက ပယ်ချခံခဲ့ရပါတယ်။

"ကစားသမားတွေနဲ့ ပတ်သက်ပြီး ကောလဟာလတွေ အများကြီးရှိခဲ့တယ်"

"ဘယ်သူတွေကစားနိုင်မလဲလို့မေးရင် ကစားသမားအားလုံးကစားနိုင်တယ်လို့ ဖြေရမှာပါ။ ကျွန်တော်ဟာ ကစားသမားတွေအားလုံးနဲ့ အရမ်းရင်းနှီးပါတယ် နေ့တိုင်းနီးပါး စကားပြောနေပါတယ်"

"နည်းပြကြီးရေ ကျွန်တော့် ထွက်သွားတော့မယ် ဒါမှမဟုတ် ကလပ်က ဒီကစားသမားတော့ ထွက်သွားမယ်လို့ ဘယ်သူမှ ကျွန်တော့်ကိုပြောမနေသရွေ့ပြောရင် သူတို့နဲ့ နေ့တိုင်း အလုပ်လုပ်ပြီး ပရီးမီးယားလိဂ်မှာ ယှဉ်ပြိုင်ဖို့ အသင်းကို ပြင်ဆင်နေမှာပါ" လို့ နည်းပြက ပြောထားပါတယ်။

အဆိုပါနေ့အစောပိုင်းတွင် နယူးကာဆယ်နည်းပြ အက်ဒီဟောင်းက ကစားသမားအတွက် ဆက်လက်ကမ်းလှမ်းရန် ထိုက်တန်မှုရှိမရှိ ဆုံးဖြတ်ရမည်ဖြစ်ကြောင်းနှင့် ကစားသမားများအတွက် များပြားသောကြေးငွေကို ပေးဆောင်မည်မဟုတ်ကြောင်း ပြောကြားခဲ့ပါတယ်။

"ကျွန်တော်တို့ လုပ်နိုင်တဲ့ ဘဏ္ဍာရေးအတိုင်းအတာအတွင်းမှာရှိမယ်ဆိုရင် ရာနှုန်းပြည့် ကျွန်တော်တို့က လုပ်ဆောင်သွားမှာပါ"

"ဒါပေမယ့် ကျွန်တော်တို့သွားရမယ့် အချိန်တွေရှိပါတယ်။ ကောင်းပြီ အရမ်းများတယ် နောက်ပြီးတော့ ပြီးခဲ့တဲ့ နှစ်နှစ်ခွဲအတွင်း အကြိမ်ပေါင်းများစွာ လုပ်ခဲ့ပါတယ်"

"လူတွေက အဲဒါကို မသိခဲ့ကြပေမယ့် ပစ်မှတ်တွေကို ပြောင်းရမှာပေါ့။ ဒါက သဘောတူညီချက်နဲ့ သုံးစွဲမယ့် ငွေကြေးပမာဏအပေါ် မူတည်ပါတယ်" လို့ အက်ဒီဟောင်းက ပြောကြားခဲ့ပါတယ်။

#နယူးကာဆယ် #ခရစ္စတယ်ပဲလေ့စ် #ဂူဟီ