ရှေ့သို့
Image

အာဆင်နယ်ထံ ပြောင်းရွှေ့ဖို့ရှိနေတဲ့ ကွင်းလယ်ကစားသမားကို ခေါ်ယူဖို့ မျှော်လင့်နေတဲ့ ဘာစီလိုနာ

9:27 AM, 26 July

မာရီနိုဟာ အာဆင်နယ်ရဲ့ နွေရာသီထိပ်တန်းပစ်မှတ်စာရင်းမှာ ပါဝင်နေပြီး အာတီတာဟာ ရာသီသစ်မတိုင်မီမှာ အသင်းရဲ့ကွင်းလယ်ကို အဆင့်မြှင့်တင်လိုနေတာဖြစ်ပါတယ်။

အသက် ၂၈ နှစ်အရွယ် ကစားသမားဟာ လက်ရှိစာချုပ်တွင် သက်တမ်း ၁ နှစ်သာ ကျန်ရှိနေပြီး အက်သလက်တီကိုမက်ဒရစ်နဲ့ ဘာစီလိုနာတို့က သူ့ကို လာလီဂါမှာ ဆက်ထိန်းထားဖို့ စိတ်အားထက်သန်နေပါတယ်။ စပိန်ရှိ သတင်းများကမူ မာရီနိုဟာ စပိန်မြို့တော်သို့ ပြောင်းရွှေ့ရန် စိတ်မဝင်စားကြောင်း ဖော်ပြခဲ့ပြီး ဘာစီလိုနာရဲ့ ခေါ်ယူရန် မျှော်လင့်ချက်များမှာလည်း လျင်မြန်စွာဖြင့် ပျောက်ကွယ်သွားကြောင်း ဖော်ပြခဲ့ပါတယ်။

စပိန်သတင်းစာရဲ့ ဖော်ပြချက်အရ သူ့ရဲ့အနာဂတ်က ယခုအချိန်တွင် နူးကမ့်သို့ ပြောင်းရွှေ့ရန် မဖြစ်နိုင်လုနီးပါးဖြစ်နေတာကြောင့် အာဆင်နယ်အပေါ်သာ မူတည်နေပါတယ်။  သူ့ကို ခေါ်ယူရန် မျှော်လင့်ချက်များ ပြန်လည်ရှင်သန်စေမယ့် တစ်ခုတည်းသော အခြေအနေကတော့ ဘာစီလိုနာဟာ ယခုနွေရာသီတွင် ဖရန်ကီဒီဂျောင်ကို ရောင်းချခြင်းသာဖြစ်ပါတယ်။ ကလပ်ရဲ့ ထိပ်တန်းလစာရရှိသူတွေထဲက တစ်ဦးဖြစ်တဲ့ နယ်သာလန်သားဟာ စာချုပ်သက်တမ်း ၂ နှစ် ကျန်ပါသေးတယ်။

SPORT ရဲ့ဖော်ပြချက်အရ မာရီနိုဟာ အာဆင်နယ်အတွက် အနည်းငယ်မျှသော ပြောင်းရွှေ့ကြေး ယူရို ၂၅ သန်း (ပေါင် ၂၁ သန်း) ခန့်သာ ကုန်ကျဖွယ်ရှိနေပါတယ်။ သူဟာ ကစားသမားဘဝ အစောပိုင်းတွင် နယူးကာဆယ်မှာ ကစားခဲ့ပြီး ၂၀၁၈ ခုနှစ်တွင် စပိန်သို့ မပြန်မီ အင်္ဂလန်မှာ ၁ နှစ်ကြာ ကစားခဲ့ပါတယ်။

ပုံမှန်အားဖြင့် အာဆင်နယ်ဟာ လူငယ်ကစားသမားများကို ခေါ်ယူရန် ပစ်မှတ်ထားလေ့ရှိသော်လည်း ဒါဟာ အာတီတာရဲ့ မာရီနိုကို သဘောကျခြင်းဖြစ်ပြီး သူ့ရဲ့စွမ်းရည်နှင့် ကြံ့ခိုင်မှုဟာ ဂန်နာနည်းပြအတွက် ခြွင်းချက်အနေဖြင့်ထားရှိရန် ဆန္ဒရှိနေပါတယ်။ ပြီးခဲ့တဲ့ရာသီနောက်ဆုံးနေ့တွင် မန်စီးတီးထံ ပရီးမီးယားလိဂ်ချန်ပီယံဆုနှင့်လွဲချော်ခဲ့ရတဲ့ ဂန်နာတွေဟာ လာမယ့်ရက်များတွင် ရစ်ကာဒို ကလာဖီရီအတွက် အပြောင်းအရွှေ့ကို အပြီးသတ်ရန်မျှော်လင့်နေပါတယ်။

ပြောင်းရွှေ့ကြေး ပေါင် ၄၂ သန်းဖြင့် ဘိုလော့ဂ်နာနဲ့ သဘောတူညီမှု ရရှိထားပြီး အသက် ၂၂ နှစ်အရွယ်ကစားသမားဟာ အာဆင်နယ်ရဲ့ ရာသီကြိုပွဲစဉ်များ စတင်မယ့် အမေရိကမှာ ဆေးကုစစ်မှုခံယူရန် မျှော်လင့်နေပါတယ်။ ဒီတစ်ပတ် အမေရိကမှာ စကားပြောရာတွင် အာတီတာက ဒီရာသီမှာ မန်စီးတီးကို လိုက်မီနိုင်ဖို့ အသင်းကို အဆင့်မြှင့်ဖို့ လိုအပ်ကြောင်း အလေးပေးပြောကြားခဲ့ပါတယ်။

"ကျွန်တော်တို့လုပ်ရပါမယ်။ ဒီလိဂ်မှာ ပြီးပြည့်စုံဖို့အတွက် မတူညီတဲ့ စံနှုန်းတွေ လိုအပ်ပါတယ်။ ပရီးမီးယားလိဂ်ဖလားကို ဆွတ်ခူးနိုင်ဖို့ ဒီစကားလုံးရဲ့ ပြီးပြည့်စုံမှုကို ဆက်စပ်ပြောပြဖို့က ကျွန်တော်တို့ လုပ်ရမှာပါ။ ကျွန်တော်တို့ လုပ်နေတဲ့ အရာတိုင်းကို အဆင့်မြှင့်ဖို့ လိုပါတယ်။ ကဏ္ဍတိုင်းမှာ တိုးတက်အောင် လုပ်ရမှာဖြစ်ပြီး အဲဒါအတွက် ကျွန်တော်တို့ ကြိုးစားလုပ်ဆောင်နေပါတယ်" လို့ အာတီတာက ပြောပါတယ်။

#အာတီတာ #အာဆင်နယ် #အပြောင်းအရွှေ့ #မာရီနို