ရှေ့သို့
Image

အရန်ဂိုးသမား ကားလ်ဟိန်းရဲ့လက်စွမ်းကို ချီးကျူးပြောကြားလိုက်တဲ့ အာတီတာ

8:47 AM, 26 July

အာဆင်နယ်နည်းပြ အာတီတာက ဘုန်းမောက်နဲ့ခြေစမ်းပွဲအပြီးမှာ အရန်ဂိုးသမား ကားလ်ဟိန်းရဲ့လက်စွမ်းကို ချီးကျူးပြောကြားလိုက်ပါတယ်။ လက်ရှိစီနီယာဂိုးသမားတွေဖြစ်တဲ့ ရာယာနဲ့ ရမ်စ်ဒေးလ်တို့ မပါဝင်နိုင်ချိန်မှာ ကားလ်ဟိန်းက ဂိုးပေါက်ကို တာဝန်ယူခဲ့တာဖြစ်ပါတယ်။

အက်စ်တိုးနီးယားသားဟာ ဘုန်းမောက်နဲ့ပွဲလူစာရင်းရဲ့ပွဲဦးထွက်မှာ ပါဝင်လာခဲ့ပြီး စွမ်းဆောင်ရည်ကောင်းတွေပြသနိုင်ခဲ့တာဖြစ်ပါတယ်။ ဘုန်းမောက်နဲ့ပွဲမှာ ဗီအဲရာက ဦးဆောင်ဂိုးသွင်းယူပေးခဲ့ပြီး အဲ့နောက် ပွဲအပြီးမှာ ၁-၁ သရေကျခဲ့တာကြောင့် ပင်နယ်တီအဆုံးအဖြတ်ခံယူခဲ့ရပါတယ်။

အဆိုပါပင်နယ်တီအဆုံးအဖြတ်မှာ ကားလ်ဟိန်းက ဟီးရိုးဖြစ်ခဲ့ပြီး ဘေးလင်း ၊ ခရစ္စတီတို့ရဲ့သွင်းဂိုးတွေကို လက်စွမ်းပြကာ ပုပ်ထုတ်နိုင်ခဲ့တာကြောင့် အာဆင်နယ်က ၅-၄ နဲ့ အနိုင်ရခဲ့ပါတယ်။

ကားလ်ဟိန်းရဲ့စွမ်းဆောင်ရည်နဲ့ပတ်သက်ပြီး အာတီတာက “ကျွန်တော် သူ့ရဲ့လက်စွမ်းကို အရမ်းကျေနပ်ပါတယ်။ ယေဘုယျအားဖြင့် အခွင့်အရေးရလာဖို့ သူတကယ်ကိုစိတ်ရှည်ခဲ့ပါတယ်။ သူ့အားလပ်ရက်ကနေ ပြန်လာပြီးကတည်းက တကယ်ထက်မြက်လာခဲ့ပါတယ်။ ပွဲကြီးတွေရှိနေတယ်ဆိုတာ သူသိပါတယ်။ ဒီနေ့မှာလည်း သူပွဲထွက်ခွင့်ရခဲ့ပါတယ်။ တကယ်ကောင်းတဲ့  လက်စွမ်းမျိုးပြသနိုင်ခဲ့တယ်လို့ ကျွန်တော်ထင်ပါတယ်”လို့ အာတီတာက ပြောကြားခဲ့ပါတယ်။


လက်စွမ်းကောင်းတွေပြသနိုင်ခဲ့ပေမယ့် အသက် ၂၂ နှစ်သားရဲ့အနာဂတ်က မသေချာသေးတာဖြစ်ပါတယ်။ အက်စ်တိုးနီးယားသားဟာ နွေရာသီတုန်းက အာဆင်နယ်နဲ့ကာလရှည်စာချုပ်သစ် ချုပ်ဆိုထားခဲ့ပေမယ့် ဆက်ဖို့ဒ်ရောက်လာမှုနဲ့အတူ ပုံမှန်ကစားခွင့်ရဖို့ အငှားထွက်ကစားရဖွယ်ရှိနေပါတယ်။

“ကျွန်တော်တို့ ဆွေးနွေးမှုတွေလုပ်ခဲ့ပါတယ်။ အာရွန်နဲ့ ဒေးဗစ်တို့မရှိချိန်မှာ သူက တကယ်ကောင်းတဲ့လက်စွမ်းမျိုးပြသနိုင်ခဲ့ပါတယ်။ ကျွန်တော်တို့ကစားသမားတွေကို တိုးတက်စေချင်ပါတယ်။ အထူးသဖြင့် ကားလ်လို ကစားသမားမျိုးက အသင်းမှာကြီးမားတဲ့ အနာဂတ်ရှိတဲ့သူမျိုးပါ။ သူက ပွဲထွက်ခွင့်မိနစ်တွေလိုအပ်ပါတယ်။ အဲ့အတွက်လည်း ကျွန်တော်တို့ ဖြစ်နိုင်ချေတွေကို စဉ်းစားနေပါတယ်”လို့ အာတီတာက ထပ်လောင်းပြောကြားခဲ့ပါတယ်။

ဟိန်းဟာ ဘုန်းမောက်နဲ့ပွဲမှာ ဟီးရိုးဖြစ်ခဲ့သလို လာမယ့်ယူနိုက်တက်နဲ့ပွဲမှာလည်း အဆိုပါလူငယ်ဂိုးသမားလေးက ဆက်လက်ပွဲထွက်ခွင့်ရဖွယ်ရှိနေပါတယ်။

#အာတီတာ #အာဆင်နယ် #ဘုန်းမောက်လ် #ခြေစမ်းပွဲ #ကားလ်ဟိန်း