ရှေ့သို့
Image

ခြေစမ်းပွဲမှာ ဆဲလ်တစ်ကိုရှုံးနိမ့်ခဲ့တဲ့ မန်စီးတီး

9:33 AM, 24 July

ယနေ့နံနက်က အမေရိကန်မှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ရာသီကြိုခြေစမ်းပွဲစဉ်မှာ မန်စီးတီးက ဆဲလ်တစ်ကို ၃-၄ နဲ့ရှုံးနိမ့်ခဲ့ပါတယ်။

ပြင်းထန်တဲ့ရာသီဥတုကြောင့် ပွဲစတင်ဖို့နှောင့်နှေးလုနီးဖြစ်ခဲ့ပေမယ့် ပူနွေးစိုစွတ်တဲ့ ရာသီဥတုထဲမှာပဲ ပွဲကို အချိန်မီစတင်နိုင်ခဲ့တာဖြစ်ပါတယ်။ ပရီးမီးယားလိဂ် ချန်ပီယံတွေဟာ ယခုပွဲစဉ်ရဲ့ ပွဲအစမှာ ဘောလုံးပိုင်ဆိုင်မှု အသာစီးနဲ့ကစားနိုင်ခဲ့ပေမယ့် တန်ပြန်တိုက်စစ်နဲ့ ကစားခဲ့တဲ့  ဆဲလ်တစ်ကဦးဆောင်ဂိုး စတင်ရရှိခဲ့ပြီး ပွဲအစ ၁၃ မိနစ်မှာ နီကိုးလက်စ်ဂါရစ်ကန်က သွင်းယူပေးခဲ့တာဖြစ်ပါတယ်။

မန်စီးတီးကလည်း ချေပဂိုးပြန်ရဖို့ အချိန်အများကြီးမယူခဲ့ရဘဲ ပွဲကစားချိန် ၃၃ မိနစ်မှာ လူငယ်ကစားသမားလေး အော်စကာဘော့ဘ်က ပြန်လည်သွင်းယူခဲ့ပါတယ်။ ၃ မိနစ် အကြာမှာတော့ ဆဲလ်တစ်က ဦးဆောင်ဂိုးထပ်မံရရှိခဲ့ပြီး အဖွင့်ဂိုးကိုသွင်းယူပေးခဲ့တဲ့ ကန်ကပဲ သွင်းယူပေးခဲ့တာဖြစ်ပါတယ်။ ထို့နောက် ပထမပိုင်း ပြီးကာနီးမှာလည်း ဆဲလ်တစ်ကပဲ နောက်ထပ်ဦးဆောင်ဂိုး ထပ်မံရရှိခဲ့ပြီး ဖူယူဟာရှီက သွင်းယူပေးခဲ့တာကြောင့် ပထမပိုင်းအတွင်းမှာ မန်စီးတီးက ၃-၁ နဲ့ ဂိုးပြတ်ရှုံးနိမ့်နေခဲ့ပါတယ်။

ဒုတိယပိုင်းမှာတော့ မန်စီးတီးအတွက် ချေပဂိုး ၂ ဂိုးကို ပါရုန်းနဲ့ အာလင်းဟာလန်းတို့က ပြန်လည်သွင်းယူပေးခဲ့ပေမယ့် ဆဲလ်တစ်ရဲ့လူစားဝင်တိုက်စစ်မှူး လူးဝစ်ပယ်မာရဲ့ အနိုင်သွင်းဂိုးကိုခွင့်ပြုခဲ့ရတာကြောင့် ပရီးမီးယားလိဂ်ချန်ပီယံတို့ ရှုံးပွဲကြုံတွေ့ခဲ့တာဖြစ်ပါတယ်။

#မန်စီးတီး #ဆဲလ်တစ် #ခြေစမ်းပွဲ