ရှေ့သို့
Image

ဘော်လွန်းဒီအော်ဆု နဲ့ ရော်နယ်ဒိုထိုက်တန်တယ်လို့ယုံကြည်နေတဲ့ မာတူဒီ

4:10 PM, 30 November

ဂျူဗင်တပ်စ်အသင်းရဲ့ ကွင်းလယ်ကစားသမား မာတူဒီအနေနဲ့ သူ့ရဲ့အသင်းဖော် ရော်နယ်ဒို အနေနဲ့ ဘော်လွန်းဒီအော် ဆုနဲ့ထိုက်တန်တယ်လို့ ယုံကြည် နေပါတယ်။

အသက် (၃၃)နှစ် အရွယ် ရော်နယ်ဒိုအနေနဲ့ အဆိုပါ ဆုကို ခြောက်ကြိမ်မြောက် အဖြစ် လျာထားခံရပြီး အစောပိုင်းနှစ် မှာလည်း ရီးရဲလ်အသင်း နဲ့ ချန်ပီယံလိဂ် သုံးကြိမ်အထိ ရရှိထားပါတယ်။

အဆိုပါ ပေါ်တူဂီသား အနေနဲ့ ဇူလိုင်လကမှ ဂျူဗင်တပ်စ် အသင်းကို ရောက်ရှိခဲ့တာ ဖြစ်ကာ မာတူဒီ အနေနဲ့ သူ့ရဲ အသင်းဖော် ရော်နယ်ဒို အနေနဲ့  တနလာင်္နေ့မှာ အဆိုပါ ဆုကို အနိုင်ရမယ်လို့ ယုံကြည် နေပါတယ်။

“ရော်နယ်ဒိုပဲ ရမယ်လို့ကျွန်တော်ထင်ပါတယ်” လို့ သူက Sky Sport Italia ကိုပြောပါတယ်။

“သူ အဲ့ဆုကို အမြဲလိုချင်နေခဲ့တာပါ။ ပြီးတော့  အကောင်းဆုံးလဲ စွမ်းဆောင်ခဲ့တာပါ ”

ရော်နယ်ဒိုရဲ့ ဦးဆောင်မှု နဲ့ဂျူဗင်တပ်စ်အသင်းဟာ အကောင်းဆုံးပုံစံပြသ ထားနိုင်ခဲ့ပြီး စီးရီးအေ အမှတ်ပေး ဇယားမှာ လည်း (၈)မှတ်ဖြတ် ဦးဆောင်ထားပြီး ချန်ပီယံလိဂ်မှာလည်း နောက်တစ်ဆင့်ကို တက်ရောက် ထားနိုင်ခဲ့ပါတယ်။

မာတူဒီ အနေနဲ့ နည်းပြအယ်လီဂရီရဲ့ ဦးဆောင်မှုကို ကျေနပ်နေပြီး သူတို့အသင်းဟာ ယခုလ အစောပိုင်းမှာ မန်ချက် စတာယူနိုက်တက်အသင်းကို အမှတ်မထင် အိမ်ကွင်းမှာ ရှုံးနိမ့်ခဲ့တာ ဖြစ်ပါတယ်။

“ ချန်ပီယံလိဂ်မှာတော့ကျွန်တော်တို့အကောင်းဆုံး အနေအထားမှာ ရှိပါတယ် ”လို့သူက ဆိုပါတယ်။


“ကျွန်တော်တို့အချို့သော ပွဲတွေမှာ အကောင်းဆုံး ကစားနိုင်ခဲ့ပါတယ်။ ပြီးတော့ မန်ချက်စတာ ယူနိုက်တက်နဲ့ ပွဲမှာလဲ အခွင့်အရေးကောင်းတွေ ရခဲ့ပြီး အသုံးမချနိုင်ခဲ့လို့သာ ရှုံးနိမ့်ခဲ့တာပါ ”

ဂျူဗင်တပ်စ်အသင်းဟာ လာမည့် စနေနေ့မှာတော့ ဖီအိုရင်တီးနားအသင်း နဲ့ကစားရမှာ ဖြစ်ပါတယ်။

#စီးရီးအေ #မန်ချက်စတာယူနိုက်တက် #မာတူဒီ #အလီဂရီ