ရှေ့သို့
Image

တော့တင်ဟမ်ကနေ ထွက်ခွာဖွယ်ရရှိနေတဲ့ ဘရာဇီးတိုက်စစ်မှူး ရစ်ချားလီဆန်

5:24 PM, 5 May

မြောက်လန်ဒန်မှာ ပြောင်းလဲမှုတွေရှိလာမယ်လို့ နည်းပြအန်ဂီပိုစတီကိုဂလူက သတိပေးပြောကြားလိုက်ပြီးနောက်မှာတော့ တိုက်စစ်မှူး ရစ်ချားလီဆန်က အသင်းကနေ ထွက်ခွာဖွယ်ရှိနေပါတယ်။

နည်းပြဟာ ချဲလ်ဆီးအား ၂-၀ ဂိုးဖြင့် ရှုံးနိမ့်မှုအပေါ် သဘောမကျဖြစ်နေပြီး အာဆင်နယ်အား အိမ်ကွင်းတွင် ရှုံးနိမ့်ခဲ့ရတာလည်းဖြစ်ပါတယ်။ ရစ်ချားလီဆန်ဟာ ၂၀၂၂ ခုနှစ် အဲဗာတန်မှ ပြောင်းရွေ့လာတည်းက ပေါင်သန်း ၆၀ တန်ကြေးနှင့်ညီမျှအောင် ခြေစွမ်းပြသနိုင်ခြင်းမရှိခဲ့သလို ပြီးခဲ့တဲ့ရာသီကတည်းက ၄ ဂိုးသား သွင်းယူထားနိုင်တာကြောင့် အသက် ၂၆ နှစ်အရွယ် ကစားသမားကို တော့တင်ဟမ်က ရောင်းချလိုနေတာဖြစ်ပါတယ်။ The Telegraph ရဲ့ အဆိုအရ နည်းပြဟာ ဟိုဂျက်၊ အီမာဆင်ရွိုင်ရွယ်နှင့် ရစ်ချားလီဆန်တို့ အပါအဝင် ကလပ်ရှိအပိုဖြစ်နေတဲ့ ကစားသမားတွေကို ရောင်းချချင်နေတာပါ။

တနင်္ဂနွေနေ့ အန်ဖီးလ်သို့ သွားရောက်ကစားမယ့်ပွဲမတိုင်မီ အသင်းမှာ ပြိုင်ဆိုင်မှုရှိလာဖို့ ပြောင်းလဲမှုတွေ လိုအပ်လာပြီလို့ ပိုစတီကိုဂလူက သတိပေးလိုက်တာဖြစ်ပါတယ်။ "ကျွန်တော်တို့က ပြောင်းလဲဖို့လိုနေပါပြီး ဖြစ်ကိုဖြစ်လာရမှာပါ"

"ကျွန်တော့် အပြောင်းအရွှေ့ကာလ ၂ ခုရှိပြီး အသင်းမှာ တိုးတက်လာတဲ့ ကစားသမားတွေလည်းရှိနေတာ သေချာပါတယ်။ ဒါပေမဲ့ ကျွန်တော်ပြောနေတဲ့အချိန်မှာ အသင်းမှာ သွားရဖို့ခရီးရှည်က ရှိနေပါတယ်။ ဒါတွေကိုပဲ ကျွန်တော်ပြောနေတာပါ"

"ကျွန်တော်တို့က တိကျသေချာတဲ့ ပုံစံနဲ့ ကစားရမှာဖြစ်သလို လေ့ကျင့်ရမှာလည်းဖြစ်ကာ ခိုင်မှာတဲ့ စိတ်ဓာတ်လည်းရှိမှာဖြစ်ပါတယ်"

"အလားတူမျိုးက လီဗာပူးနဲ့ အာဆင်နယ်မှာရှိခဲ့ပြီး သူတို့ရဲ့ရာသီအစကိုကြည့်လိုက်မယ်ဆိုရင် အသိအမှတ်ပြုခြင်းမရှိသော်လည်း လက်ရှိအချိန်မှာတော့ သူတို့တွေက အောင်မြင်မှုရရှိပြီး ပြိုင်ဆိုင်နိုင်တဲ့ အသင်းဖြစ်နေပါပြီ" လို့ နည်းပြက ပြောပါတယ်။

လက်ရှိမှာ ရစ်ချားလီဆန်ဟာ တော့တင်ဟမ်ကနေ ထွက်ခွာဖို့ရှိနေတာဖြစ်ပြီး ကိန်းရဲ့နေရာကို အစားဝင်ရောက်ဖို့ လုပ်ဆောင်နိုင်ခြင်းမရှိခဲ့တာဖြစ်ပါတယ်။ လက်ရွေးစင်အသင်းအတွက် ၄၈ ပွဲကစားထားတဲ့ ရစ်ချားလီဆန်ရဲ့ စာချုပ်က ၃ နှစ်သက်တမ်းကျန်ရှိနေသေးသော်လည်း နွေရာသီအပြောင်းအရွှေ့မတိုင်ခင်မှာ ဆော်ဒီက စိတ်ဝင်စားမှုတွေကလည်းရှိနေပါတယ်။ လာမယ့်ရာသီတွင် အာဆင်နယ်၊ မန်စီးတီးတို့နှင့် ယှဉ်ပြိုင်ချင်ပါက နားရက် တော့တင်ဟမ်က အချို့နေရာတွေမှာ သိသိသာသာတိုးတက်အောင် လုပ်ရမှာဖြစ်ပါတယ်။ ရစ်ချားလီဆန်ရဲ့ အပြောင်းအရွှေ့ကို နှစ်ဖက်စလုံးက စိတ်ဝင်စားနေကြပါတယ်။

လာမယ့်ရာသီ ဥရောပဝင်ခွင့်ရရှိဖို့အတွက် တနင်္ဂနွေနေ့မှာတော့ တော့တင်ဟမ်ဟာ ခက်ခဲတဲ့ပြိုင်ပွဲအဖြစ် လီဗာပူးနှင့် ကစားရမှာဖြစ်ပြီး လီဗာပူးကိုယ်တိုင်ကလည်း ကျပ်တည်းတဲ့ အနေအထားမှာရှိနေတာဖြစ်ပါတယ်။ ဖေဖော်ဝါရီလအစကတည်းက ရီချားလီဆန်ဟာ အင်းအတွက် ဂိုးသွင်းယူနိုင်ခြင်းမရှိသေးဘဲ သူ့ရဲ့ မာဆေးဆိုဒ် ပြိုင်ဘက်ဟောင်းကြီးနဲ့ပွဲမှာ သက်သေပြရမှာလည်းဖြစ်ပါတယ်။

#ချဲလ်ဆီး #တော့တင်ဟမ် #ရစ်ချာလီဆန်