ရှေ့သို့
Image

အက်စ်တီဗာအိုအတွက် ချဲလ်ဆီးရဲ့ကမ်းလှမ်းမှုကို ငြင်းပယ်စေချင်နေတဲ့ ပါးမီးယက်စ်နည်းပြ

2:35 PM, 5 May

ချဲလ်ဆီးက ယူရို ၅၅ သန်းဖြင့်ကမ်းလှမ်းထားသော်လည်း ဝီလီယံကို မရောင်းချဖို့အတွက် ပါးမီးယက်စ်နည်းပြက ကလပ်ဥက္ကဌထံ အနားခံပြောကြားလိုက်တာဖြစ်ပါတယ်။


ချဲလ်ဆီးရဲ့ ပထမဆုံးအကြိမ် ကမ်းလှမ်းမှု ၂ ခုဟာ ပယ်ချခံရသော်လည်း ပရီးမီးယားလိဂ်ကလပ်ဟာ အသက် ၁၆ နှစ်အရွယ် ကစားသမားကို ခေါ်ယူချင်နေတာကြောင့် ယူရို ၅၅ သန်း (ပေါင် ၄၇ သန်း၊ ဒေါ်လာ ၅၈ သန်း) ဖြင့် တတိယအကြိမ် ကမ်းလှမ်းမှုကို လုပ်ဆောင်လိုက်တာဖြစ်ပါတယ်။ ဆယ်ကျော်သက်လူငယ်ကစားသမားဟာ မကြာသေးမီက ခြေစွမ်းကြောင့် သူ့ကိုခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ အသင်းတွေက များပြားနေပြီး ကိုပါဒိုဘရာဆေးပြိုင်ပွဲအဖြစ် ဘိုတာဖိုဂိုနှင့်ပွဲက အချိန်ပိုသွင်းဂိုးကြောင့် ပိုမိုနာမည်ကြီးလာတာဖြစ်ပါတယ်။


ပါးမီးယက်စ်နည်းပြက ဝီလီယံရဲ့ ကြီးမားတဲ့ အလားအလာကို အသိအမှတ်ပြုထားပြီး ကလပ်အကြီးအကဲတွေထံ အသနားခံပြောကြားထားပါတယ်။ "ကျွန်တော် ဒီကစားသမားကို မရောင်းဖို့ ကလပ်ဥက္ကထကို တောင်းဆိုချင်ပါတယ်။ သူ့ရဲ့အဖေ နည်းပြနဲ့ ကစားသမားကိုယ်တိုင် စိတ်မကောင်းဖြစ်ပါလိမ့်မယ်။ ကျွန်တော်တို့နဲ့ ၂၀၂၇ ခုနှစ်အထိ နေခွင့်ပြုစေချင်ပါတယ်။ ဒီကစားသမားဟာ ကျွန်တော်မြင်ဖူးနေကြသူတွေနဲ့ မတူဘဲ သူ့ရဲ့ ခံစစ်နဲ့ တိုက်စစ်တွေက ပွဲထဲမှာ သူ့ကဘာလဲဆိုတာကို ပြသနေပါတယ်။


ဒါပေမယ့် ချဲလ်ဆီးအနေနဲ့ ဝီလီယံကို ခေါ်ယူရေးတွင် အောင်မြင်ခဲ့ရင်တောင် အသက် ၁၈ နှစ်အောက် ကစားသမားတွေခေါ်ယူခွင့်ပိတ်ပင်ထားတဲ့ ဥပဒေကြောင့် လာမယ့်နွေရာသီအထိ တောင်ပံကစားသမားက အသင်းမှာ ပါဝင်ကစားနိုင်မှာ မဟုတ်ပါဘူး။ ဒီလိုမျိုးအတားအဆီးတွေရှိနေသော်လည်း ချဲလ်ဆီးဟာ ဝီလီယံအတွက် သဘောတူညီမှုရရှိဖို့ စိတ်ပိုင်းဖြတ်ထားဆဲဖြစ်ပြီး ကမ္ဘာ့ဘောလုံးလောကရဲ့ အလားအလာအရှိဆုံး လူငယ်ပါရမီရှင်ကို အရခေါ်ယူနိုင်ဖို့ ကြိုးစားလုပ်ဆောင်နေတာဖြစ်ပါတယ်။


ဆယ်ကျော်သက်ကစားသမားရဲ့ လက်ရှိစာချုပ်ဖျက်သိမ်းကြေးက ယူရိုသန်း ၆၀ ဖြစ်ပေမယ့်လည်း ပါးမီးယက်စ်ဟာ ချဲလ်ဆီးရဲ့ ကမ်းလှမ်းမှုကို လက်ခံဖို့ ဆန္ဒရှိမှာမဟုတ်ဘူးလို့ သတင်းတွေအရသိရပြီး ကစားသမားရဲ့တန်ကြေးက ဆက်တက်လာနိုင်တယ်လို့ ယုံကြည်နေတာဖြစ်ပါတယ်။ ဒါကြောင့် ကလပ်ဟာ သူ့ကို ဘရာဇီးတွင် ဆက်လက်နေထိုင်ဖို့ နောက်ထပ်သက်တမ်းတိုးမယ့် စာချုပ်သစ်တစ်ရပ်ကို ကမ်းလှမ်းရန် စဉ်းစားနေပြီး လူငယ်ကစားသမားကို နောက်ပိုင်းမှာသာ ရောင်းချပါက ပိုမိုများပြားတဲ့ ပမာဏကို ရရှိနိုင်မှာဖြစ်ပါတယ်။


ချဲလ်ဆီးအတွက် အတားအဆီးဖြစ်နေတာက ဝီလီယံကို အာဆင်နယ်၊ ပီအက်စ်ဂျီနှင့် ဘာစီလိုနာတို့အပြင် အခြားဥရောပထိပ်တန်းအသင်းတွေကပါ စိတ်ဝင်စားနေတာဖြစ်ပါတယ်။ တနင်္ဂနွေနေ့မှာ ဘရာဇီးလိဂ်ပွဲစဉ်အဖြစ် ကူလာဘာနှင့် ကစားရမှာဖြစ်ပါတယ်။


#ဝီလီယံ #ချဲလ်ဆီး #ပရီးမီးယားလိဂ်