ရှေ့သို့
Image

အီတီဟတ်ဂိုးပြတ်နိုင်ပွဲနဲ့အတူ ချန်ပီယံဆုအတွက် ရှေ့ဆက်နေဆဲ မန်စီးတီး

1:07 AM, 5 May

မန်စီးတီး ၅-၁ ဝုဗ် (ပွဲပြီးရလဒ်)

ဟာလန်း ၁၂ မိနစ်(ပင်)

ဟာလန်း ၃၅ မိနစ်

ဟာလန်း ၄၅+၃ မိနစ်(ပင်)

ဟွမ်ရီချန်း ၅၃ မိနစ်

ဟာလန်း ၅၄ မိနစ်

အယ်လ်ဗာရက်ဖ် ၈၅ မိနစ်


အခုပွဲစဉ်မတိုင်ခင် အာဆင်နယ်တို့ နိုင်ပွဲရယူထားနိုင်လို့ ဖိအားအနည်းငယ်ရှိထားပေမယ့် ပက်ဂွါဒီယိုလာရဲ့အသင်းက အမှတ်ပေးချန်ပီယံပြေးလမ်းမှာ အမှားအယွင်းမရှိ ရှေ့ဆက်သွားနိုင်ခဲ့ပါတယ်။  အခုပွဲစဉ်အတွင်း ဂိုးတွေသွင်းယူနိုင်ခဲ့တဲ့ ဟာလန်းလည်း နှစ်ရာသီဆက်ပရီးမီးယားလိဂ်ရွှေဖိနပ်ဆုကို သိမ်းပိုက်နိုင်ဖို့ အခြေအနေကောင်းလာခဲ့ပါတယ်။ ဒီနေ့ပွဲစဉ်မှာ မန်စီးတီးက ပြိုင်ဘက်ကို အစစအရာရာအသာစီးရယူကစားသွားခဲ့ပြီး ဂိုးပြတ်ချေမှုန်းခဲ့ပါတယ်။ အထူးသဖြင့် ဟက်ထရစ်ရှင်ဟာလန်း အတော်လေးတောက်ပခဲ့သလို ဖိုဒန်၊ ကိုဗာဆစ်၊ ရိုဒရီတို့လည်း ခြေစွမ်းပြသနိုင်ခဲ့ပါတယ်။



#မန်စီးတီး #ပရီးမီးယားလိဂ် #၀ုဗ်