ရှေ့သို့
Image

ဘုန်းမောက်ကို ဂိုးပြတ်အနိုင်ယူကာ မန်စီးတီးအတွက် ဖိအားတွေထည့်ပေးလိုက်တဲ့ အာဆင်နယ်

8:00 PM, 4 May

အာဆင်နယ် ၃-၀ ဘုန်းမောက် (ပွဲပြီးရလဒ်)


ပထမပိုင်းက ဆာကာရဲ့သွင်းဂိုးကြောင့် အာဆင်နယ်တို့ အသက်ရှူချောင်ခဲ့ရပြီးနောက် ဒုတိယပိုင်းမှာ အသာစီးနဲ့ ကစားနိုင်ခဲ့ပေမယ့် ဘုန်းမောက်ရဲ့ကစားအားတက်လာမှုကြောင့် အသည်းအသန်ကစားခဲ့ရပါတယ်။

အဆုံးသတ်အားနည်းမှုတွေကြောင့် ပွဲကိုအပြီးသတ်နိုင်ဖို့ ခက်ခဲနေချိန် ဒီကလန်ရိုက်စ်ရဲ့မထင်မှတ်ထားတဲ့ ဖန်တီးမှုကနေ ထရိုဆက်က အပိုင်ပိတ်သွင်းကာ ဒုတိယဂိုးရယူပေးနိုင်ခဲ့ပါတယ်။

သိပ်မကြာခင်မှာပဲ ဘုန်းမောက် ချေပဂိုးတစ်ဂိုးပြန်သွင်းခဲ့ပေမယ့် ၅မိနစ်ကြာ VARပြန်ကြည့်ပြီးချိန်မှာတော့ ဆိုလန်ကီက ရာယာကို ပြစ်ဒဏ်ဘောလုပ်တယ်ဆိုပြီး ဂိုးကို ပြန်လည်ပယ်ဖျက်သွားတာကြောင့် အငြင်းပွာမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။

ဘာပဲဖြစ်ဖြစ် အာဆင်နယ်က လိုအပ်နေတဲ့ အနို်င၃မှတ်ကို ရယူပြီး မန်စီးတီးကို ဖိအားတွေပေးသွားနိုင်ခဲ့ပါတယ်။


#အာဆင်နယ် #ဘုန်းမောက်လ် #ပရီးမီးယားလိဂ်