ရှေ့သို့
Image

လာလီဂါပွဲစဉ် (၃၄) ရီးရဲလ်မက်ဒရစ်-ကာဒီဇ် ပွဲကြိုခန့်မှန်းချက် (ည ၈:၄၅)

9:50 AM, 4 May

ရီးရဲလ်မက်ဒရစ်-ကာဒီဇ်  ဒဏ်ရာရပွဲပယ်
-------------
ရီးရဲလ်မက်ဒရစ် - မရှိ
ကာဒီဇ် - လူးဝစ်ဟာနန်ဒက်ဇ်၊ ဆမ်အီမီတာရီယို၊ ဟိုဆေးမာရီ၊ ကူအာမီ၊ ဒါဝင်မာချစ်၊ ဟိုဆေးမာတင်(သေချာပေါက်လွဲ)

၂၀၁၉-၂၀၂၀ ဘောလုံးရာသီနောက်ပိုင်း တတိယအကြိမ်မြောက်လာလီဂါချန်ပီယံဆု ရယူနိုင်ဖို့ ကြိုးပမ်းနေတဲ့ ရီးရဲလ်မက်ဒရစ်က ရာသီနှောင်းပိုင်းပွဲစဉ်တွေမှာ တောက်လျှောက်ဆိုသလို ခြေစွမ်းပြကစားနေပါတယ်။ ဒါပေမယ့် အခုပွဲစဉ်ထက်စာရင် လာမယ့်သီတင်းပတ်၊ ဘာနေဗျူးကွင်းမှာ ဘိုင်ယန်မြူးနစ်ကို ဧည့်ခံကစားရမယ့် ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်ပွဲစဉ်ဆီ အာရုံကျနေပါလိမ့်မယ်။ ကာဒီဇ်အတွက် တန်းဆင်းဇုန်လွတ်မြောက်နိုင်ရေး ရလဒ်ကောင်းရယူနိုင်ဖို့ အရေးပေါ်လိုအပ်နေပါတယ်။ ဒါပေမယ့် ဘာနေဗျူးကွင်းဖြစ်နေလို့ အများကြီးမျှော်လင့်ထားလို့တော့ မရပါဘူး။ သို့သော် ကာဒီဇ်က ရီးရဲလ်အိမ်ကွင်းဆိုရင် ကြေးအောင်လေ့ရှိပြီး အားကုန်ထုတ်ကစားဖို့ မရှိတဲ့ အိမ်ရှင်တွေကြောင့် ဧည့်သည်တွေကို ရွေးချယ်ကြည့်ချင်တယ်။
 
ရီးရဲလ်မက်ဒရစ် - ကာဒီဇ် ထိပ်တိုက်တွေ့ဆုံမှု နောက်ဆုံး (၅) ကြိမ်
-------------------------------------------------------------
ကာဒီဇ် ၀ - ၃ ရီးရဲလ်မက်ဒရစ် (၂၇-နိုဝင်ဘာ-၂၀၂၃)
ကာဒီဇ် ၀ - ၂ ရီးရဲလ်မက်ဒရစ် (၁၆-ဧပြီ-၂၀၂၃)
ရီးရဲလ်မက်ဒရစ် ၂ - ၁ ကာဒီဇ် (၁၁-နိုဝင်ဘာ-၂၀၂၂)
ကာဒီဇ် ၁ - ၁ ရီးရဲလ်မက်ဒရစ် (၁၆-မေ-၂၀၂၂)
ရီးရဲလ်မက်ဒရစ် ၀ - ၀ ကာဒီဇ် (၂၀-ဒီဇင်ဘာ-၂၀၂၁)
.
ရီးရဲလ်မက်ဒရစ် နောက်ဆုံး (၅) ပွဲရလဒ်
----------------------------------
ဘိုင်ယန်မြူးနစ် ၂ - ၂ ရီးရဲလ်မက်ဒရစ် (၁-မေ-၂၀၂၄)
ဆိုစီဒက် ၀ - ၁ ရီးရဲလ်မက်ဒရစ် (၂၇-ဧပြီ-၂၀၂၄)
ရီးရဲလ်မက်ဒရစ် ၃ - ၂ ဘာစီလိုနာ (၂၂-ဧပြီ-၂၀၂၄)
မန်စီးတီး ၁ - ၁ ရီးရဲလ်မက်ဒရစ် (၁၈-ဧပြီ-၂၀၂၄)
မာယော့ကာ ၀ - ၁ ရီးရဲလ်မက်ဒရစ် (၁၃-ဧပြီ-၂၀၂၄)
.
ကာဒီဇ် နောက်ဆုံး (၅) ပွဲရလဒ်
---------------------------------
ကာဒီဇ် ၁ - ၁ မာယော့ကာ (၂၈-ဧပြီ-၂၀၂၄)
ဂျီရိုနာ ၄ - ၁ ကာဒီဇ် (၂၁-ဧပြီ-၂၀၂၄)
ကာဒီဇ် ၀ - ၁ ဘာစီလိုနာ (၁၄-ဧပြီ-၂၀၂၄)
ကာဒီဇ် ၁ - ၀ ဂရန်နာဒါ (၃၀-မတ်-၂၀၂၄)
ဆိုစီဒက် ၂ - ၀ ကာဒီဇ် (၁၆-မတ်-၂၀၂၄)

#လာလီဂါ #ပွဲကြိုသုံးသပ်ချက် #ရီးရဲလ်မက်ဒရစ် #ကာဒီဇ်