ရှေ့သို့
Image

ရောမမြေမှာ ရိုးမားကို အနိုင်ရခဲ့ခြင်းအပေါ် ပျော်ရွှင်ကျေနပ်နေတဲ့ အလွန်ဆို

11:36 AM, 3 May

လေဗာကူဆင်နည်းပြ ဇာဘီအလွန်ဆိုဟာ မနေ့ညက ယူရိုပါလိဂ် ဆီမီးဖိုင်နယ် ပထမအကျော့ပွဲစဉ်မှာ ရိုးမားကို အနိုင်ရခဲ့ခြင်းအပေါ် ပျော်ရွှင်ကျေနပ်လျက်ရှိနေပါတယ်။ လေဗာကူဆင်အသင်းဟာ ရောမမြေမှာ ခြေစွမ်းအသာစီးနဲ့ကစားနိုင်ခဲ့ပြီး ဖလော်ရီယန်ဝစ်ဇ်၊ အန်ဒရစ်ချ်တို့ရဲ့ဂိုးတွေနဲ့အတူ အနိုင်ရရှိခဲ့ပါတယ်။

ပွဲအပြီးမှာ အလွန်ဆိုက "ကျွန်တော်တို့ အင်အားအပြည့်နဲ့ စည်းကမ်းရှိရှိ တိုက်ပွဲဝင်နိုင်ခဲ့ပေမယ့် ဒီထက်လုပ်ပြစရာတွေကျန်ပါသေးတယ်။ ကျွန်တော်တို့ တန်ပြန်တိုက်စစ်တွေမှာ အကောင်းဆုံး ကစားနိုင်ခဲ့ပြီး အခွင့်အရေးအများအပြားကို တတိယဂိုးအဖြစ် အသုံးမချနိုင်ခဲ့ပါဘူး။ ဒါပေမယ့် ကျွန်တော်တို့ ဒီရလဒ်အပါ် ကျေနပ်ပါတယ်။ ဒုတိယအကျော့မှာ ကျွန်တော်တို့အားလုံး ပရိသတ်တွေနဲ့အတူ အောင်ပွဲခံနိုင်မယ်လို့ မျှော်လင့်ပါတယ်။ ဒီပွဲမှာ ကျွန်တော်တို့ အာရုံစိုက်မှုအပြည့်၊ ရင့်ကျက်မှုတွေနဲ့ ကစားနိုင်ခဲ့ပါတယ်။ ရိုးမားလည်း အခွင့်အရေးတွေရခဲ့ပေမယ့် အဖွင့်ဂိုးက ကျွန်တော်တို့ကို ယုံကြည်မှုပေးခဲ့သလို ဘောလုံးအဝင်အထွက်မှာလည်း ကျွန်တော်တို့ မှန်ကန်တာတွေ လုပ်နိုင်ခဲ့ပါတယ်။ ဒုတိယပိုင်းမှာ ကျွန်တော်တို့ တည်ငြိမ်မှုရှိခဲ့ပြီး ရိုးမားကို အခွင့်အရေးအများကြီးမပေးခဲ့ပဲ ခံစစ်ပိုင်းတောင့်တင်းမှုကို ပြသနိုင်ခဲ့ကာ အခွင့်အရေးတွေလည်း ဖန်တီးနိုင်ခဲ့ပါတယ်"လို့ ပြောခဲ့ပါတယ်။

လေဗာကူဆင်အသင်းဟာ တနင်္ဂနွေညမှာ ဖရန့်ဖတ်နဲ့ ဘွန်ဒက်စ်လီဂါပွဲစဉ် ဆက်ကစားရဖို့ရှိနေပါတယ်။

#ရိုးမား #လေဗာကူဆင် #ယူရိုပါလိဂ် #အလွန်ဆို