ရှေ့သို့
Image

တူချယ်ရဲ့နေရာကို အစားထိုးမယ့် ရန်နစ်နှင့် ဆွေးနွေးမှု အဆင်ပြေတယ်လို့ အတည်ပြုလိုက်တဲ့ ဘိုင်ယန်မြူးနစ်

1:51 PM, 2 May

ပထမဦးစားပေး နည်းပြဖြစ်တဲ့ အလွန်ဆိုက လေဗာကူဆင်မှာ နောက်ထပ်တစ်ရာသီ ဆက်နေမယ်လို့ အတည်ပြုကြေညာပြီးနောက်မှာတော့ ဘိုင်ယန်မြူးနစ်ဟာ ဩစတြေးလျနည်းပြချုပ် ရန်နစ်ကို ဦးစားပေးအဖြစ် သတ်မှတ်ခဲ့ပါတယ်။

ယူနိုက်တက်တွင် ယာယီနည်းပြ အဖြစ် ရှိခဲ့ပြီးနောက် ရန်နစ်ဟာ ဩစတြေးလျလက်ရွေးစင် အသင်းကို ၂၀၂၂ ခုနှစ် ဧပြီလတွင် စတင်ကိုင်တွယ်ခဲ့ပြီး နွေရာသီမှာ ကျင်းပမယ့် ယူရိုမှာ ဦးဆောင်မှာဖြစ်ကာ အဲ့ဒီမှာ ပိုလန်၊ ပြင်သစ်၊ နယ်သာလန်တို့နှင့် ရင်ဆိုင်သွားရမှာဖြစ်ပါတယ်။ ရန်နစ်ဟာ ဘိုင်ယန်နှင့်အတူ ကလပ်နည်းပြဘဝသို့ ပြန်လာချင်မယ်လို့ ထင်ရပြီး လက်ရှိမှာ ဆွေးနွေးမှုတွေက ဆက်လက်လုပ်ဆောင်နေကာ လာမယ့်ရက်အတွင်း စာချုပ် ချုပ်ဆိုနိုင်မယ်လို့ ဘိုင်ယန်မြူးနစ်က ယုံကြည်နေပါတယ်။

"ကျွန်တော်တို့ရဲ့ ရန်နစ်နဲ့ ဆွေးနွေးမှုအဆင်ပြေနေပါတယ် ဒါပေမဲ့ ရက်အနည်းငယ်လောက်တော့ စောင့်ရအုံးမှာပါ" "သူဟာ ဘောလုံးလောကမှာ ကျွမ်းကျင်သူတစ်ဦးဖြစ်ပါတယ်။ အသင်းနဲ့ ကစားသမားတွေကို တိုးတက်အောင်လုပ်ရာတွင် သူ့မှာ များပြားတဲ့ အရည်အချင်းတွေရှိပါတယ်"  "ဩစတြေးလျလက်ရွေးစင်အသင်းဘက်က ကြားတဲ့သတင်းတွေကတော့ အရမ်းကို အပြုသဘောဆောင်နေပြီး ကျွန်တော်တို့အသင်းမှာလည်း သူ့လက်အောက်မှာ လုပ်ဖူးခဲ့သူတွေရှိပါတယ်" "သူဟာ အသင်းသို့ ရောက်လာခဲ့မယ်ဆိုရင် ကျွန်တော်တို့အတွက် အရမ်းကိုမှန်တဲ့ ရွေးချယ်မှုဖြစ်မှာပါ။ ဒါက အချိန်အရမ်းကြီးမကြာဖို့အတွက် မျှော်လင့်မိပါတယ်" "နောက်ဆုံးအဆင့်မရောက်ခင် ကျွန်တော်တို့ စောင့်ကြည့်ရမှာဖြစ်ပါတယ်။ ကျွန်တော်တို့လုပ်နေတဲ့ ဦးတည်ချက်တွေကို သိနေတဲ့အတွက် အချိန်ကြာမှာလည်း မဟုတ်ပါဘူး"လို့ ဟိုင်နာက ရီးရဲလ်မက်ဒရစ်နှင့် ၂-၂ ဂိုး သရေကျခဲ့တဲ့ပွဲပြီးနောက် Sky Sport Germany သို့ ပြောပါတယ်။

ဘိုင်ယန်မြူးနစ်ရဲ့ နည်းပြသစ်ရှာဖွေမှုနှင့် ပတ်သက်ပြီး မေးမြန်းတဲ့အခါ စီအီးအိုက "ဒါက မိုးလေဝသ ခန့်မှန်းရသလိုပါပဲ၊ မျှော်လင့်မထားဘူးဆိုရင် တစ်ခါတစ်လေ ဧပြီလလောက်မှာ ပြသလို မေလလောက်မှ ရောက်လာတာလည်းရှိပါတယ်" လို့ ပြောပါတယ်။

ရာသီကုန်မှာ ဘိုင်ယန်မြူးနစ် နည်းပြအဖြစ်မှ နှုတ်ထွက်မယ်လို့ ဖေဖော်ဝါရီလတုန်းက တူချယ်က ကြေညာခဲ့တာဖြစ်ပြီး ပရိသတ်တွေကတော့ သူ့ကိုဆက်ထိန်းထားဖို့အတွက် ကလပ်အား တောင်းဆိုခဲ့ကြတာဖြစ်ပါတယ်။

ရန်နစ်က အသင်းကိုကိုင်တွယ်တော့မယ်ဆိုတဲ့ သတင်းတွေနဲ့ ပတ်သက်ပြီးမေးမြန်းရာတွင် တူချယ်က "ဒီမေးခွန်းက မနက်ခင်း ၃ နာရီလောက်မှာ အိမ်နီးချင်းတွေကို ဆူညံအောင်လုပ်လိုက်သလိုပါပဲ" "ဒီအရာတွေကို လစ်လျူရှုထားဖို့ ကျွန်တော်က နာကျပ်တပ်ထားပါတယ်။ ဒီကိစ္စက ကျွန်တော့်အတွက် မနက်ဖြန်မှာ အကူအညီမဖြစ်စေပါဘူး နောက်ပြီး အင်္ဂါနေ့မှာလည်း အကူအညီမဖြစ်စေပါဘူး။ ကျွန်တော်ဖြေရမယ့် အရာလည်းမဟုတ်ပါဘူး" လို့ ပြောပါတယ်။

#မန်ချက်စတာယူနိုက်တက် #တူချယ် #ဘိုင်ယန်မြူးနစ် #ရန်နစ်