ရှေ့သို့
Image

ဘယ်လင်ဟမ်ရဲ့ခြိမ်းခြောက်နိုင်မှုအတွက် အဆင်သင့်ဖြစ်နေပြီလို့ တူချယ် ပြောကြား

10:59 AM, 30 April

ရီးရဲလ်အသင်းနဲ့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်ပွဲမတိုင်ခင် ဘိုင်ယန်နည်းပြ တူချယ်က ဘယ်လင်ဟမ်ရဲ့ခြိမ်းခြောက်နိုင်မှုအတွက် အဆင်သင့်ဖြစ်နေပြီလို့ ပြောကြားလိုက်ပါတယ်။

ဘယ်လင်ဟမ်ဟာ ရာသီအစတုန်းက ဒေါ့မွန်အသင်းထံကနေ ရီးရဲလ်အသင်းထံ ပြောင်းရွှေ့လာခဲ့တာဖြစ်ပါတယ်။ ရီးရဲလ်အသင်းထံ ပြောင်းရွှေ့ပြီးကတည်းက အင်္ဂလန်သားဟာ အသင်းရဲ့အရေးပါတဲ့ ကစားသမားတစ်ဦး ဖြစ်လာခဲ့ပါတယ်။

လက်ရှိမှာလည်း ဘယ်လင်ဟမ်ဟာ ဒီရာသီ လာလီဂါရဲ့ထိပ်တန်းဂိုးသွင်းရှင်အဖြစ် ၁၇ ဂိုးနဲ့ ရပ်တည်နေသလို ချန်ပီယံလိဂ်မှာလည်း ၄ ဂိုးအထိ သွင်းယူထားနိုင်ခဲ့ပါတယ်။ တူချယ်က ဘယ်လင်ဟမ်ဟာ ရီးရဲလ်အသင်းအတွက် အရေးပါတဲ့ ကစားသမားတစ်ဦးလို့ ပြောကြားလိုက်ပါတယ်။

“ဘယ်လင်ဟမ်က တကယ့်အံ့ဖွယ်ကစားသမားပါ။ သူက ဘွန်ဒက်စ်လီဂါမှာလည်း အံ့ဖွယ်လုပ်ပြခဲ့သလို အခုလည်း မက်ဒရစ်နဲ့အတူ အံ့ဖွယ်တွေလုပ်ပြနေပါတယ်။ ဒီအသင်းအတွက် သူစွမ်းဆောင်ပြနေတာတွေက မယုံနိုင်စရာတွေပါ။ မက်ဒရစ်အင်္ကျီဝတ်ဆင်ကစားသူတိုင်း ဖိအားနဲ့ကစားရတာပါ။ သူက ဒီအသင်းအတွက် ဖိအားတွေနဲ့ကစားပေးနေတာပါ။ သူအဲ့တာတွေကိုကိုင်တွယ်နေပါတယ်။ တခါမှမလုပ်ဖူးတဲ့အနေအထားမျိုးနဲ့တောင် ကိုင်တွယ်နိုင်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ အဲ့တာကို သတိထားပါတယ်။ မနက်ဖြန်မှာ အဖြေရှာဖို့ ကြိုးစားမှာပါ”လို့ တူချယ်က ပြောကြားခဲ့ပါတယ်။

တူချယ်ဟာ ဘိုင်ယန်မတိုင်ခင် ပီအက်စ်ဂျီမှာတုန်းကလည်း ချန်ပီယံလိဂ်ဖိုင်နယ်ကို ပို့ဆောင်ပေးနိုင်ခဲ့ပါတယ်။ “ကျွန်တော်တင်မဟုတ်ပဲ အသင်းမှာလည်း အတွေ့အကြုံရှိပါတယ်။ အခုချိန်မှာတော့ အဲ့တာကို ရောထွေးပြီး လုပ်ဆောင်နေပါတယ်”လို့ တူချယ်က ပြောကြားခဲ့ပါတယ်။

တူချယ်တစ်ယောက် ပီအက်စ်ဂျီမှာ ရှိနေတုန်းက ဘိုင်ယန်အသင်းရဲ့ကစားသမား ၈ ယောက်လောက်က ပြိုင်ဘက်အဖြစ် ရင်ဆိုင်ခဲ့ရတာဖြစ်ပါတယ်။ အဲ့ထဲမှာ နူအာနဲ့ မူလာတို့ ပါဝင်နေပါတယ်။ အန်ဆယ်လော့တီကလည်း တူချယ်ဟာ နည်းစနစ်ပိုင်း ဆရာတစ်ဆူလို့ ချီးကျူးပြောကြားခဲ့ပါတယ်။

“ဘိုင်ယန်က အာဆင်နယ်နဲ့ချန်ပီယံလိဂ်ကွာတားဖိုင်နယ်မှာ စွမ်းဆောင်ရည်ပြခဲ့တာကို တွေ့ခဲ့ရပါတယ်။ သူတို့အရည်အချင်း နဲ့ စွမ်းဆောင်ရည်ကောင်းတွေ ပြသနိုင်ခဲ့ပါတယ်”လို့ အန်ဆယ်လော့တီက ပြောကြားခဲ့ပါတယ်။ ဘိုင်ယန်ကွင်းလယ်လူ ကင်မစ်ချ်ကတော့ ရီးရဲလ်နဲ့ပွဲအတွက် သေချာလေးအာရုံစိုက်ကစားသွားမယ်လို့ ပြောကြားခဲ့ပါတယ်။

“ရီးရဲလ်အသင်းနဲ့ ရင်ဆိုင်ရမှာက တကယ့်စပယ်ရှယ်ပါ။ သူတို့က တောင့်တင်းတဲ့ အသင်းပါ။ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်က လူတိုင်းအတွက် စိတ်ဝင်စားစရာပါ”လို့ ကင်မစ်ချ်က ပြောကြားခဲ့ပါတယ်။ ဘိုင်ယန်ဘက်မှာတော့ ရီးရဲလ်နဲ့ပွဲမတိုင်ခင် ဒဏ်ရာပြဿနာတွေ ရှိနေပြီး ဂါနာဘရီနဲ့ အယ်လ်ဖွန်ဆိုဒေးဗီးစ်တို့ပြန်လာဖွယ်ရှိနေပါတယ်။

#တူချယ် #ချန်ပီယံလိဂ် #ဘိုင်ယန်မြူးနစ် #ဘယ်လင်ဟမ်