ရှေ့သို့
Image

လာလီဂါပွဲစဉ် (၃၃) ဘာစီလိုနာ-ဗလန်စီယာ ပွဲကြိုခန့်မှန်းချက် (နံနက် ၁:၃၀)

3:57 PM, 29 April

ဘာစီလိုနာ-ဗလန်စီယာ ဒဏ်ရာရပွဲပယ်
-------------
ဘာစီလိုနာ - ဂါဗီ၊ အလီဂျန်ဒရိုဘယ်လ်ဒီ၊ ဒီဂျောင်(သေချာပေါက်လွဲ)
ဗလန်စီယာ - ဒီအာခါဘီ၊ ဟိုဆေးဂါယာ(သေချာပေါက်လွဲ)

ချန်ပီယံလိဂ်ပြိုင်ပွဲမှ ထွက်ခွာလာခဲ့ရသလို အယ်လ်ကလက်စီကိုမှာလည်း ရှုံးချက်နာခဲ့ရတဲ့ ဘာစီလိုနာတို့ လက်ကျန်ပွဲစဉ်တွေကို တက်နိုင်သမျှ အကောင်းဆုံးပုံစံနဲ့ ကျော်ဖြတ်နိုင်ဖို့ ကြိုးစားပါလိမ့်မယ်။ လတ်တလောမှာ နူးကမ့်ကလပ်က ရီးရဲလ်မက်ဒရစ်နဲ့ ၁၄ မှတ်အထိ ကွာဟနေသလို အမှတ်ပေးဇယားဒုတိယနေရာအတွက် ဂျီရိုနာကို ကျော်ဖြတ်နိုင်ဖို့ လိုအပ်နေပါတယ်။

ဗလန်စီယာကလည်း သူတို့ရဲ့ဥရောပဝင်ခွင့်မျှော်လင့်ချက်အတွက် ရေကုန်ရေခန်း ကြိုးစားကစားသွားဖို့ ရှိနေပါတယ်။ ဒါပေမယ့် နောက်ဆုံးကစားခဲ့တဲ့ပွဲစဉ်အများစုမှာ ဗလန်စီယာတို့ သွင်းဂိုးရရှိနိုင်ဖို့ ရုန်းကန်ခဲ့ရတာ သတိထားရပါလိမ့်မယ်။ ဂိုးပေါင်းကြေးပြင်းရှနေပေမယ့်  နှစ်သင်းလုံးရဲ့လတ်တလောတိုက်စစ်ပိုင်းစွမ်းဆောင်ရည်ကြောင့် ဂိုးအောက်ပွဲစဉ်ဖြစ်လာနိုင်ပါတယ်။

 
ဘာစီလိုနာ - ဗလန်စီယာ ထိပ်တိုက်တွေ့ဆုံမှု နောက်ဆုံး (၅) ကြိမ်
---------------------------------------------------------
ဗလန်စီယာ ၁ - ၁ ဘာစီလိုနာ (၁၇-ဒီဇင်ဘာ-၂၀၂၃)
ဘာစီလိုနာ ၁ - ၀ ဗလန်စီယာ (၅-မတ်-၂၀၂၃)
ဗလန်စီယာ ၀ - ၁ ဘာစီလိုနာ (၃၀-အောက်တိုဘာ-၂၀၂၂)
ဗလန်စီယာ ၁ - ၄ ဘာစီလိုနာ (၂၀-ဖေဖော်ဝါရီ-၂၀၂၂)
ဘာစီလိုနာ ၃ - ၁ ဗလန်စီယာ (၁၈-အောက်တိုဘာ-၂၀၂၁)
.
ဘာစီလိုနာ နောက်ဆုံး (၅) ပွဲရလဒ်
-------------------------------------
ရီးရဲလ်မက်ဒရစ် ၃ - ၂ ဘာစီလိုနာ (၂၂-ဧပြီ-၂၀၂၄)
ဘာစီလိုနာ ၁ - ၄ ပီအက်စ်ဂျီ (၁၇-ဧပြီ-၂၀၂၄)
ကာဒီဇ် ၀ - ၁ ဘာစီလိုနာ (၁၄-ဧပြီ-၂၀၂၄)
ပီအက်စ်ဂျီ ၂ - ၃ ဘာစီလိုနာ (၁၀-ဧပြီ-၂၀၂၄)
ဘာစီလိုနာ ၁ - ၀ လက်စ်ပါးမား (၃၁-မတ်-၂၀၂၄)
.
ဗလန်စီယာ နောက်ဆုံး (၅) ပွဲရလဒ်
--------------------------------
ဗလန်စီယာ ၁ - ၂ ဘက်တစ် (၂၀-ဧပြီ-၂၀၂၄)
အိုဆာဆူနာ ၀ - ၁ ဗလန်စီယာ (၁၆-ဧပြီ-၂၀၂၄)
ဂရန်နာဒါ ၀ - ၁ ဗလန်စီယာ (၅-ဧပြီ-၂၀၂၄)
ဗလန်စီယာ ၀ - ၀ မာယော့ကာ (၃၁-မတ်-၂၀၂၄)
ဗီလာရီးရဲလ် ၁ - ၀ ဗလန်စီယာ (၁၇-မတ်-၂၀၂၄)

#လာလီဂါ #ဘာစီလိုနာ #ပွဲကြိုသုံးသပ်ချက် #ဗလန်စီယာ