ရှေ့သို့
Image

အေဂျက်စ်ကို အနိုင်ရရှိကာ ယူနိုက်တက်အသင်း ယူရိုပါလိဂ်ဖလား ရရှိခဲ့တဲ့ပွဲက ကစားသမား ၂ ဦးကို ချီးကျူးလိုက်တဲ့ မော်ရင်ဟို

12:00 PM, 29 April

ယနေ့ခေတ်ဥရောပ အသင်းကြီးတွေဟာသ သူ့ရဲ့ပွဲအစီအစဉ်တွေက အချို့ကို ကူးယူသုံးစွဲနေကြပါတယ်လို့ စပါရှယ်ဝမ်း မော်ရင်ဟိုက ပြောကြားလိုက်ပါတယ်။

ယူနိုက်တက်ဟာ စတော့ဟုမ်းတွင် နယ်သာလန်ကလပ်အား ၂-၀ ဖြင့် အနိုင်ရရှိခဲ့ပြီး ပေါ့ဂ်ဘာနှင့် မစ်ခီတာယန်တို့က ဂိုးများသွင်းယူပေးခဲ့ကြတာဖြစ်ပါတယ်။ ဒါပေမယ့် မော်ရင်ဟိုက သူ့နည်းဗျူဟာအတွက် အဓိကအချက်က အရံဂိုးသမားနဲ့ အိုးထရက်ဖို့ဒ်က သူ့ရဲ့အချိန်တော်တော်များများကို ပျော်ရွင်စေခဲ့တဲ့ ကွင်းလယ်ကစားသမားတို့ ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

The Telegraph သို့ "ယူရိုပါလိဂ်ဖိုင်နယ်ကို ဆာဂျီယို ရိုမီရို ကနေ ဖယ်လိုင်နီထံသို့ ပေးပို့မှုတွေကနေ အနိုင်ရရှိခဲ့တာပါ" "အေဂျက်စ်ကို ဖိအားပေးဖို့က ဘောလုံးက အဲ့ဒီမှာ မရှိခဲ့သော်လည်း အောက်စီဂျင်ကို ဖြတ်ထားလိုက်သလိုပါ" "ဘောလုံးက ဖယ်လိုင်နီရဲ့ ရင်ဘတ်ပေါ်ကို ရောက်တယ်။ အဲဒီကနေ စကစားတာပါ။ ၂-၀ ဂိုးနဲ့ အနိုင်ရရှိခဲ့ပြီး ဆုဖလားကို အိမ်သို့သယ်လာနိုင်ခဲ့ပါတယ်။ ဆုဖလား ၃ လုံးလမ်းပေါ်ရှိခဲ့ပြီး ဆိုးရွားရဲ့ ရာသီဖြစ်ခဲ့တာပါ"လို့ မော်ရင်ဟိုက ပြောပါတယ်။

ယခုလတွင် မော်ရင်ဟိုက ပီအက်စ်ဂျီနှင့် ဘာစီလိုနာတို့ ယှဉ်ပြိုင်ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲကို ကြည့်ရှုခဲ့ပါတယ်။ ယူနိုက်တက်မှာ သူသင်ပေးခဲ့တဲ့ ကစားကွက်တော်တော်များများကို သူ့ရဲ့အဓိကပြိုင်ဘက်အသင်းတွေထဲက တစ်သင်းဖြစ်တဲ့ ဘာစီလိုနာက လုပ်ခဲ့တာကိုတွေ့ရတော့ သူက ဝမ်းသာနေပါတယ်။

မော်ရင်ဟိုက "ကစားကွက်ကို စတင်ပုံဖော်ရာမှာ တာစတီဂန်ကနေ လီဝန်ဒေါ့စကီးအထိ ဘောလုံးပေးပို့တာတွေ အများကြီးရှိခဲ့ပါတယ်" "ပီအက်စ်ဂျီက ဖိအားပေးဖို့ ပိုမိုကြိုးစားခဲ့ပြီး တာစတီဂန်ကနေ လီဝန်ဒေါ့စကီးထံ ဘောလုံးပေးပြီး တိုက်စစ်မှူးက ဘောလုံးရတာနဲ့ အဲ့ဒီနေရာကနေ စတင်ထိန်းချုပ်ပြီး ကစားပါတော့တယ်" လို့ ပြောပါတယ်။

ဖယ်လိုင်နီကို နည်းပြ ဒေးဗစ်မိုယက်စ်လက်ထက် ၂၀၁၃ ခုနှစ်တွင် အဲဗာတန် ခေါ်ယူခဲ့တာဖြစ်ပြီး သူ့ရဲ့ ကစားဟန်ကြောင့် ပရိသတ်တော်တော်များများက လှောင်ပြောင်ခဲ့ကြသော်လည်း မော်ရင်ဟိုရဲ့ ကစားကွက်မှာ အဓိကကျခဲ့သူဖြစ်ပါတယ်။ မော်ရင်ဟို ထွက်ခွာပြီး တစ်လအကြာ ၂၀၁၉ တွင် ဖယ်လိုင်နီဟာ ယူနိုက်တက်မှ ထွက်ခွာခဲ့ပြီး ပြီးခဲ့တဲ့နှစ်က ကစားသမားဘဝမှ အနားမယူမီ တရုတ်ကလပ် ရှင်ဒေါင်တိုင်ရှန်တွင် ၄ ရာသီကြာ ကစားခဲ့ပါတယ်။

ဆာဂျီယို ရိုမီရိုဟာ အာဂျင်တီးနား လက်ရွေးစင်အသင်းရဲ့ ပထမဦးစားပေး ဂိုးသမားဖြစ်ခဲ့သော်လည်း အိုးထရက်ဖို့ဒ်မှာရှိခဲ့တဲ့ တစ်လျှောက်လုံး ဒီဂီယာရဲ့ ဒုတိယအဖြစ် ကစားခဲ့ရတာဖြစ်ပါတယ်။ ဒါပေမယ့် သူဟာ ယူနိုက်တက်နည်းပြတိုင်းရဲ့လက်အောက်မှာ ဖလားပွဲတွေမှာကစားရတဲ့ ဂိုးသမားအဖြစ် ရွေးချယ်ခံခဲ့ရပါတယ်။ ပြီးတော့ မော်ရင်ဟိုက အေဂျက်စ်နဲ့ ယူရိုပါလိဂ်ဖိုင်နယ်ကစားခဲ့ရတဲ့ ပွဲစဉ်တစ်လျှောက်လုံး အာဂျင်တီးနားသားအပေါ် သူ့ရဲ့ယုံကြည်မှုပေးခဲ့ပြီး ဦးစားပေး ဂိုးသမားအဖြစ် အသုံးပြုခဲ့ပါတယ်။

မော်ရင်ဟိုရဲ့နေရာကို အစားဝင်ရောက်လာတဲ့ ဆိုးလ်ရှားကတော့ ပုံမှန်အားဖြင့် ဒီဂီယာကို ထင်ရှားကျော်ကြားတဲ့ အချိန်များတွင်အသုံးပြုလေ့ရှိပြီး ဆုဖလားမရရှိခဲ့တာကြောင့် ၂၀၂၁ ခုနှစ်တွင် နော်ဝေနိုင်ငံသားနည်းပြက ထုတ်ပယ်ခံခဲ့ရပါတယ်။

အထူးသဖြင့် ဒီဂီယာရဲ့ ဆိုးရွားတဲ့လက်စွမ်းကြောင့်၂၀၂၀ ခုနှစ် အက်ဖ်အေဖလား ဆီမီးဖိုင်နယ်မှာ ချဲလ်ဆီးကို ရှုံးခဲ့သလို ၂၀၂၁ ခုနှစ် ယူရိုပါလိဂ်ဖိုင်နယ်မှာ ဗီလာရီးရဲလ်ကို ရှုံးနိမ့်ခဲ့တဲ့တာကြောင့် ရိုမီယိုရဲ့ ဇနီးဖြစ်သူက နည်းပြဆိုးလ်ရှားအား ဝေဖန်ခဲ့တာလည်း ဖြစ်ပါတယ်။ ရိုမီယိုဟာ ယခုအခါ ယူနိုက်တက်အသင်းဖော်ဟောင်း မားကို့စ်ရိုဂျိုနှင့်အတူ ဘိုကာဂျူနီယာတွင် ကစားနေပြီး ဖလူမီးနီစ်အားမရှုံးမီ ပြီးခဲ့တဲ့ရာသီက ကိုပါလီဘာတေးတိုစ်ဖိုင်နယ်သို့ ရောက်ရှိခဲ့ပါတယ်။

#စီးရီးအေ #ရိုးမား #မော်ရင်ဟို #အေဂျက်စ်