ရှေ့သို့
Image

ဘိုင်ယန်မြူးနစ်ဟာ အမ်ဘာပေအတွက် အကောင်းဆုံး နေရာပါလို့ ပြောကြားလိုက်တဲ့ မူစီယာလာ

2:00 PM, 28 April

ပီအက်စ်ဂျီကြယ်ပွင့် အမ်ဘာပေအနေနဲ့ ဘိုင်ယန်မြူးနစ်သို့ ပြောင်းလာသင့်ပါတယ်လို့ မူစီယာလာက ပြောကြားလိုက်ပါတယ်။ ပြင်သစ်စူပါစတားဟာ ရာသီကုန် ပီအက်စ်ဂျီနှင့် သက်တမ်းကုန်ဆုံးချိန်တွင် ရီးရဲလ်မက်ဒရစ်သို့ ပြောင်းရွှေ့သွားဖွယ်ရှိနေပါတယ်။

မူစီယာလာက "သူဘယ်မှာ အကောင်းဆုံးဖြစ်မလဲဆိုတော့ သူက ဘိုင်ယန်မြူးနစ်ကို လာနိုင်ပါတယ်" လို့ ရယ်ပြီးတော့ ပြောပါတယ်။ "ကစားသမားတစ်ဦးအတွက် အကြံဉာဏ်ပေးရမယ်ဆိုရင် သူက မြူးနစ်မှာ ဒီမှာအချိန်တွေ ကုန်ဆုံးသင့်တယ်လို့ ပြောချင်ပါတယ်။ ပြီးတော့ သူက အသင်းတိုင်းကို တိုးတက်စေမှာဖြစ်လို့ သူနဲ့ ယှဉ်ပြိုင်ကစားတာထက် သူ့ကို ကျွန်တော်တို့မှာအသင်းမှာ ရှိနေစေချင်ပါတယ်"လို့ မူစီယာလာက ပြောပါတယ်။

မူစီယာလာက "ဟယ်ရီကိန်းလိုပဲ အမ်ဘာပေက မယုံနိုင်လောက်စရာကောင်းတဲ့ ရာသီတစ်ခုကို ပိုင်ဆိုင်နေပြီး ဘယ်လင်ဂမ်ကလည်း အလားတူပါပဲ။ ကောင်းမွန်တဲ့ အရာတွေကို လုပ်ဆောင်နေတဲ့ ကစားသမားတွေ အများကြီးရှိပြီး သူတို့ ဘယ်လောက်ပြိုင်ဆိုင်မလဲဆိုတာ မြင်တွေ့ရတာ အရမ်းကောင်းပါတယ်။ လက်ရှိမှာ ကစားသမားတစ်ဦးတည်းကသာ ၁၀၀% နံပါတ်တစ်လို့ ပြောလို့မရပါဘူး"လို့ ပြောပါတယ်။

#ပီအက်စ်ဂျီ #မူစီယာလာ #အမ်ဘာပေ