ရှေ့သို့
Image

ဝက်စ်ဟမ်းနဲ့ပွဲမှာ အနိုင်ရရှိသူက ကျွန်တော်တို့ အသင်းပဲဖြစ်သင့်တယ်လို့ ပြောကြားလိုက်တဲ့ ကလော့ပ်

1:50 PM, 28 April

လီဗာပူးနည်းပြ ကလော့ပ်က ဝက်စ်ဟမ်းနဲ့ပွဲဟာ ၂-၂ ဂိုး သရေကျခြင်းထက် ပိုထိုက်တန်ကြောင်း ပြောကြားလိုက်ပါတယ်။ ဒါပေမယ့်လည်း သူတို့ရဲ့အမှတ်ပေးဖလား မျှော်လင့်ချက်အတွက် မလုံလောက်ဘူးလို့ပါ နည်းပြက ဝန်ခံပါတယ်။

ကလော့ပ်က "တစ်မှတ်ဆိုတာက မလုံလောက်ဘူးဆိုတာ ဟုတ်ပါတယ်။ ဒီနေ့ရဲ့ အနိုင်ရရှိတဲ့အသင်းက ကျွန်တော်တို့ပဲ ဖြစ်ရမှာပါ။ ကျွန်တော်တို့က ပွဲကိုအပြည့်အဝ ထိန်းချုပ်ထားခဲ့တာပါ။ ဒါဟာ ၁၀ ရက်အတွင်း စတုတ္ထမြောက်ပွဲကို ကစားရတာဖြစ်ပြီး အရမ်းကို ရှုပ်ထွေးလွန်းပါတယ်။ ပထမပိုင်းကို ကောင်းကောင်းကစားနိုင်ပေမယ့် ပြင်းပြင်းထန်ထန်မဟုတ်သော်လည်း ကောင်းကောင်းထိန်းချုပ်နိုင်ခဲ့ပါတယ်" "နောက်တော့ ဒုတိယပိုင်းမှာ ကျွန်တော်တို့က အလှည့်အပြောင်းလုပ်ဖို့အတွက် အဆင်သင့်ဖြစ်နေပါပြီ။ ကျွန်တော်တို့က စောစောစီးစီး ၁ ဂိုး သွင်းယူခဲ့ပြီး ပွဲကိုထိန်းချုပ်နိုင်ခဲ့တာပါ။ အခွင့်အရေးတွေရရှိခဲ့သော်လည်း ပြိုင်ဘက်ရဲ့သွင်းဂိုးတွေကိုလည်း ခွင့်ပြုခဲ့ရပါတယ်"

"ရိုးရိုးသားသားပြောရရင် ပြီးခဲ့တဲ့ ရက်သတ္တပတ်ကထက် နည်းနည်းတော့ ကောင်းပါတယ်။ အထူးသဖြင့် အဲဗာတန်နဲ့ပွဲမှာလို့မဟုတ်ဘဲ တခြားပွဲတွေက အရမ်းကောင်းပြီး အကောင်းဆုံး အဆုံးမသတ်နိုင်ခဲ့တာပါ။ ဘောလုံးမှာ လုံးဝကို ကွဲပြားခြားနားသွားနိုင်ပါတယ်။ ဒီနေ့ကစလို့ အခွင့်အရေးတစ်ဝက်ကိုသာ ယူနိုင်မယ်ဆိုရင် ပွဲကပြီးသွားပြီဖြစ်ပါတယ်။ အခြေအနေတွေကို ပြန်ကြည့်မယ်ဆိုရင် ၇၅ မှတ်ကနေ နောက်ထပ် ၉ မှတ်ပဲ ထပ်ပေါင်းနိုင်တော့မှာဖြစ်ပါတယ်။ ကျွန်တော်တို့က ခက်ခဲတဲ့ ပြိုင်ဘက်တွေနဲ့ ယှဉ်ပြိုင်ရဦးမှာဖြစ်လို့ နောက်တစ်ကြိမ် အကောင်းဆုံးကြိုးစားသွားမှာပါ" လို့ ပြောပါတယ်။

#လီဗာပူး #ဝက်စ်ဟမ်း #ကလော့ပ် #ပရီးမီးယားလိဂ်