ရှေ့သို့
Image

နယူးအင်္ဂလန်အသင်းနဲ့ပွဲမှာ အင်တာမီယာမီအတွက် ခြေစွမ်းပြနိုင်ခဲ့တဲ့ မက်ဆီ

1:30 PM, 28 April

နယူးအင်္ဂလန်အသင်းက စက္ကန့် ၄၀ မှာပဲ ဦးဆောင်ဂိုး ရယူနိုင်ခဲ့ပြီး အင်တာမီယာမီက နောက်ကနေ ပြန်ကစားခဲ့ရတာဖြစ်ပါတယ်။

သောမက်စ်ချန်ကလေက ပထမဆုံးမိနစ်မှာပဲ နယူးအင်္ဂလန်အသင်းအတွက် ဦးဆောင်ဂိုး သွင်းယူပေးခဲ့ပါတယ်။ ဒါပေမယ့်လည်း အင်တာမိုင်ယာမီအတွက် မက်ဆီက ခြေစွမ်းကောင်းတွေပြသနိုင်ခဲ့ပါတယ်။ အာဂျင်တိုင်းသားက ပွဲကစားချိန် ၃၂ မိနစ် နဲ့ ၆၈ မိနစ်တွေမှာ ၂ ဂိုး သွင်းယူပေးနိုင်ခဲ့ပြီး အင်တာမိုင်ယာမီကို ၃ မှတ်ပြည့်ယူပေးခဲ့ပါတယ်။

ပထမသွင်းဂိုးကို ရောဘတ်တေလာက ဖန်တီးပေးခဲ့တာဖြစ်ပြီး ဒုတိယဂိုးကို ဘက်စ်ကွက်က ဖန်တီးပေးခဲ့တာဖြစ်ပါတယ်။ အခုပွဲက မက်ဆီအတွက် ဒုတိယမြောက်ပွဲဖြစ်ပေမယ့် အင်တာမိုင်ယာမီက မရပ်တန့်ခဲ့ပဲ အမေရိကန်သား ခရီမက်စ်ချီ နဲ့ ဆွာရက်ဇ်တို့က ဂိုးတွေထပ်သွင်းပြီး ၄-၁ နဲ့အနိုင်ရရှိခဲ့ပါတယ်။

အဆိုပါပွဲကို ပရိသတ် ၆ သောင်းတက်ရောက်ခဲ့ပြီး လက်မှတ်ဈေးက တစ်စောင်ကို ဒေါ်လာ ၂၈၅ အထိ ရရှိနေပါတယ်။ မက်ဆီဟာ လက်ရှိမှာ ၂ ဂိုးသွင်း ၊ ၁ ဂိုး ဖန်တီးထားနိုင်ခဲ့ပြီး ဒီရာသီ ၉ ဂိုးသွင်း ၊ ၇ ဂိုး ဖန်တီးထားနိုင်ခဲ့ပါတယ်။ အင်တာမီယာမီကို မက်ဆီတစ်ယောက် ကယ်တင်ခဲ့တာဖြစ်ပြီး စနေနေ့တုန်းက စွမ်းဆောင်ရည်ကြောင့် မက်ဆီဟာ မေဂျာလိဂ်သမိုင်းတစ်လျှောက် ၅ ပွဲဆက်ဂိုးဖန်တီးနိုင်ခဲ့တဲ့ ပထမဆုံး ကစားသမားဖြစ်လာခဲ့ပါတယ်။

နယူးအင်္ဂလန်နည်းပြကတော့ စနေနေ့မတိုင်ခင် ကြုံးဝါးထားခဲ့တာဖြစ်ပြီး ဒီရာသီမှာ ၁ ပွဲသာအနိုင်ရရှိထားခဲ့ပါတယ်။ စနေနေ့ပွဲရလဒ်ကမပြောင်းလဲခဲ့ပဲ ထပ်မံအရေးနိမ့်ခဲ့တာဖြစ်ပါတယ်။ လာမယ့်စနေနေ့မှာ ဟီရွန်အသင်းဟာ နယူးယောက်ခ်ရက်ဒ်ဘူးလ်အသင်းနဲ့ရင်ဆိုင်ရမှာဖြစ်ပြီး အခုနှစ်အစောပိုင်းတုန်းက ၄ ဂိုးပြတ်အရေးနိမ့်ခဲ့တာကို ပြန်လည်ပြောင်းလဲဖို့ လိုအပ်နေပါတယ်။

#မက်ဆီ #အင်တာမီယာမီ