ရှေ့သို့
Image

ဗီလာကို သရေကျခဲ့ပြီးနောက် ခံစားချက်ရောထွေးနေတဲ့အကြောင်း ဂယ်လာဟာ ဝန်ခံပြောကြား

1:00 PM, 28 April

ချဲလ်ဆီးကွင်းလယ်လူ ဂယ်လာဟာက ဗီလာကို ၂-၂ သရေကျခဲ့ပြီးနောက် ခံစားချက်ရောထွေးနေတဲ့အကြောင်း ဝန်ခံပြောကြားလိုက်ပါတယ်။

ဂယ်လာဟာတစ်ယောက် ဗီလာကို ၂ ဂိုးပြတ်အရေးနိမ့်ခဲ့ရာကနေ ၂-၂ ပြန်လာနိုင်အောင် ၁ ဂိုးသွင်းယူပေးနိုင်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ဒီဆာဆီရဲ့သွင်းဂိုးကို VAR က ပယ်ဖျက်ခဲ့တာကြောင့် အနိုင်ရလဒ်နဲ့ဝေးကွာခဲ့ရပါတယ်။

“ကျွန်တော်တို့ စိတ်ပျက်မိပါတယ်။ ပထမပိုင်းမှာက ဆိုးဝါးလွန်းပါတယ်။ ဘောလုံးအပေါ်မှာလည်း နှေးကွေးခဲ့ပါတယ်။ ဒုတိယပိုင်းမှာ ကျွန်တော်တို့ ပြန်လာနိုင်ခဲ့ပြီး စွမ်းဆောင်ရည်ကောင်းတွေလည်းပြသနိုင်ခဲ့ပါတယ်။ ကျွန်တော်တို့ ဒီပွဲကိုအနိုင်ရခဲ့သင့်တာပါ။ ဒုတိယပိုင်းအသင်းသားတွေရဲ့စွမ်းဆောင်ရည်ကို ကျွန်တော် ဂုဏ်ယူမိပါတယ်။ နည်းပြကလည်း သေချာလေးမှာကြားခဲ့တာကြောင့် ကျွန်တော်တို့ ဒုတိယပိုင်းမှာ ပိုကောင်းခဲ့ပါတယ်။ ကျွန်တော် ဂိုးသွင်းနိုင်ခဲ့လို့ ဝမ်းသာမိပါတယ်။ အနိုင်ဂိုးမရခဲ့တာကြောင့် စိတ်တော့ပျက်မိပါတယ်။ ကျွန်တော်တို့အနိုင်ကန်နိုင်ဖို့ အခွင့်အရေးရှိခဲ့ပါတယ်။ ကောင်းမွန်တဲ့ စွမ်းဆောင်ရည်ကောင်းလည်း ပြသနိုင်ခဲ့ပါတယ်။ တတိယဂိုးကရခဲ့သင့်တာပါ။ ဒါပေမယ့် အဲ့တာက ကျွန်တော်တို့ဆုံးဖြတ်ချက်မဟုတ်ပါဘူး။ ကျွန်တော်တို့ ဒီပွဲကနေ ယုံကြည်မှုရယူနိုင်လိမ့်မယ်လို့ ထင်ပါတယ်။ ခရီးရှည်ကြီးကို ဆက်သွားရပါဦးမယ်။ အသင်းတစ်သင်းအနေနဲ့ လာာမယ့်အနာဂတ်မှာပိုတိုးတက်လာဖို့ လုပ်ဆောင်ရပါမယ်။ ကျွန်တော်ပွဲရဲ့နေရာတိုင်းမှာ တိုးတက်လာအောင် ကြိုးစားသွားမှာပါ”လို့ ဂယ်လာဟာက ပြောကြားခဲ့ပါတယ်။

#ချဲလ်ဆီး #အက်စတွန်ဗီလာ #ဂယ်လာဟာ #ပရီးမီးယားလိဂ်