ရှေ့သို့
Image

အပြောင်းအရွှေ့အမှားအကြောင်း ဝန်ခံပြောကြားလိုက်တဲ့ အာတီတာ

12:30 PM, 28 April

အာဆင်နယ်နည်းပြ အာတီတာက ချဲလ်ဆီးထံကနေ ကိုင်ဟားဗက်ဇ်ကို ခေါ်ယူခဲ့တဲ့အကြောင်းနဲ့ ပတ်သက်ပြီး အာဆင်နယ်ဟာ အပြောင်းအရွှေ့အမှားတွေ လုပ်ခဲ့တယ်လို့ ဝန်ခံပြောကြားလိုက်ပါတယ်။

အသက် ၂၄ နှစ်သားဟာ အာဆင်နယ်ကို စရောက်ချိန်တုန်းက အထနှေးခဲ့ပြီး အခုနောက်ပိုင်းမှာမှ အာဆင်နယ်ရဲ့အရေးပါတဲ့ ကစားသမားဖြစ်လာခဲ့ပါတယ်။ ချဲလ်ဆီးကို ၅ ဂိုးပြတ်အနိုင်ရတုန်းက ကိုင်ဟာ ၂ ဂိုး သွင်းယူနိုင်ခဲ့ပြီး အခုတော့တင်ဟမ်နဲ့ပွဲမှာ ပိုပြီးမျှော်လင့်နေတာဖြစ်ပါတယ်။

မြောက်လန်ဒန်ဒါဘီပွဲမတိုင်ခင် အာတီတာက ကိုင်ဟားဗက်ဇ်ကို ခေါ်ယူခဲ့တာနဲ့ပတ်သက်ပြီး အာဆင်နယ်ဟာ အပြောင်းအရွှေ့တွေမှာ အမှားလုပ်ခဲ့တယ်လို့ အခိုင်အမာပြောကြားခဲ့ပါတယ်။ “အဲ့တာက ကျွန်တော့် ဆုံးဖြတ်ချက်မဟုတ်ပါဘူး။ ကျွန်တော်တို့ဆုံးဖြတ်ချက်ပါ။ ကျွန်တော်တို့ အသင်းရဲ့အမြင်ကို ဘောလုံးဘက်ကနေကြည့်ပြီး ထောက်ခံမှုပေးခဲ့တာပါ။ ကစားသမား ခေါ်ယူမှုမှာလည်း လူအများကြီးပါဝင်ပါတယ်။ ကစားသမားတစ်ဦးကို မခေါ်ယူခင်မှာ သူ့ရဲ့စရိုက်လက္ခဏာ နဲ့ အသင်းမှာ အံဝင်နိုင်မလားဆိုတာ စစ်ဆေးပါတယ်။ တစ်ချို့ဟာတွေဆိုရင် အချိန်ယူရပါတယ်။ တစ်ချို့အချိန်တွေမှာဆိုရင်တော့ အမှားလုပ်မိတတ်ပါတယ်။ သူတို့က ကျွန်တော် ခြုံ့နိုင်အောင် လုပ်ဆောင်ပါတယ်။ ကစားသမားအားလုံးအဆင်ပြေအောင် လုပ်ဆောင်ရပါတယ်”လို့ အာတီတာက ပြောကြားခဲ့ပါတယ်။

အခြားတစ်ဖက်မှာတော့ အာတီတာက စူပါကွန်ပျူတာရဲ့ပြောကြားချက်ကို အခုလိုမျိုးပြောကြားခဲ့ပါတယ်။ “ဘာပြောလဲဆိုတာ ကျွန်တော်မသိပါဘူး။ အဲ့ကွန်ပျူတာကို လှည့်စားနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ အမြင်ဆုံးအနေအထားမျိုးလုပ်နိုင်မယ်လို့ ထင်ပါတယ်။ အဲ့တာက ဆော့ဖ်ဝဲလ်ကို အဆင့်မြင့်တင်ဖို့ လိုအပ်တာနေမှာပါ။ ကျွန်တော်တို့ အဲ့တာကို မြှင့်တင်ဖို့ အကူအညီလိုအပ်ပါတယ်။ သူ့ရဲ့ခန့်မှန်းချက်ကို ကျွန်တော်တို့ ပြောင်းလဲနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်”လို့ အာတီတာက ပြောကြားခဲ့ပါတယ်။

အာတီတာက မြောက်လန်ဒန်ဒါဘီပွဲမတိုင်ခင် ပြိုင်ဘက်နည်းပြ ပိုစတီကိုဂလူကို ချီးကျူးပြောကြားခဲ့ပါတယ်။ “သူ(ပိုစတီကိုဂလူ) လုပ်ပြနေတာတွေက တကယ့်ကိုချီးကျူးစရာပါ။ သူသြစတြေးလျအသင်းမှာရှိတုန်းက ကျွန်တော်သိပါတယ်။ ဂျပန်မှာရှိတုန်းကလည်း ကျွန်တော်သိပါတယ်။ ဆဲလ်တစ်မှာရှိတဲ့အချိန်တုန်းကလည်း ကျွန်တော်လိုက်ခဲ့ပါတယ်။ သူ့မှာရှင်းလင်းတဲ့ရည်မှန်းချက်ရှိပါတယ်။ သူ့အသင်းဘယ်လိုကစားလဲဆိုတာ ကြည့်ဖြစ်ပါတယ်။ သူတို့ကစားပုံကို ကျွန်တော်ချစ်ပါတ်။ သူက အရမ်းကောင်းတဲ့နည်းပြပါ”လို့ အာတီတာက ပြောကြားခဲ့ပါတယ်။

#အာတီတာ #အာဆင်နယ် #ပရီးမီးယားလိဂ်