ရှေ့သို့
Image

မြောက်လန်ဒန်ဒါဘီပွဲမတိုင်ခင် အာစင်ဝင်းဂါးရဲ့အကြံပေးမှုအကြောင်း ရှင်းပြလိုက်တဲ့ အာတီတာ

1:20 PM, 28 April

အာဆင်နယ်ဂန္ထဝင်နည်းပြကြီး အာစင်ဝင်းဂါးက မြောက်လန်ဒန်ဒါဘီပွဲမတိုင်ခင် အကြံပေးခဲ့ကြောင်း ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ အာဆင်နယ်ဟာ လက်ရှိပရီးမီးယားလိဂ်အမှတ်ပေးဇယားကို ၁ မှတ်အသာနဲ့ဦးဆောင်နေပြီး စီးတီးလက်ထဲမှာ ၁ ပွဲကန်ဖို့ ကျန်နေသေးတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရာသီတုန်းက အာတီတာရဲ့အသင်းဟာ ရာသီကုန်ခါနီးမှာ ၇ မှတ်ဖြတ်ဦးဆောင်နိုင်ခဲ့ပေမယ့် ခြေချော်ခဲ့တာဖြစ်ပြီး အခုရာသီမှာတော့ စပိန်သားက ပြီးခဲ့တဲ့ရာသီက အမှားမျိုးကို ရှောင်ရှားနိုင်ဖို့ လုပ်ဆောင်နေပါတယ်။ အာတီတာက အာစင်းရဲ့အကြံပေးမှုနဲ့အတူ စီးတီးရဲ့ ၄ နှစ်ဆက်ပရီးမီးယားလိဂ်ချန်ပီယံဖြစ်မှုကို အဆုံးသတ်ချင်နေပါတယ်။

“ကျွန်တော်တို့သမိုင်းအတွက် ဒီအခိုက်အတန့်တွေက အရမ်းကို အရေးကြီးပါတယ်။ ကစားသမားတွေလည်း အဲ့တာကို သိမယ်လို့ ကျွန်တော်ထင်ပါတယ်။ အခုကျွန်တော်တို့သမိုင်းကို စိုက်ထူရပါမယ်။ ကျွန်တော်တို့နည်းပြကြီးနဲ့ စကားပြောဖြစ်ပါတယ်။ သူက ဘယ်လိုအနိုင်ယူရမလဲဆိုတာရယ် နောက်ဆုံးအဆင့်တွေအကြောင်းပြောပြပါတယ်။ ကျွန်တော် ကစားသမားဖြစ်တုန်းကအကြောင်းကို ပြောပြခဲ့ပါတယ်။ အဲ့တာက တွန်းအားတစ်ခုဖြစ်စေပါတယ်။ ဒီရာသီမှာ ကျွန်တော်တို့ ဆုဖလားအောင်မြင်မှု ရယူနိုင်ဖို့ လိုအပ်ပါတယ်။ ဘယ်လိုချန်ပီယံဆုတွေရယူခဲ့လဲဆိုတာ အာစင်းနဲ့ပြောဖြစ်ပါတယ်။ အနီးကပ်ဆုံးအနေအထားနဲ့ ဘယ်လိုပွဲတွေကိုအနိုင်ရခဲ့လဲဆိုတာလည်း အမြဲပြောဖြစ်ပါတယ်”လို့ အာတီတာက ပြောကြားခဲ့ပါတယ်။

အာဆင်နယ်ဟာ အင်္ဂါနေ့တုန်းက ချဲလ်ဆီးကို ၅ ဂိုးပြတ်အနိုင်ရရှိခဲ့ပြီးနောက် ချန်ပီယံဆုကို ဆက်လက်အသက်သွင်းနိုင်ခဲ့ပါတယ်။ လီဗာပူးကတော့ ပဲလေ့စ် နဲ့ အဲဗာတန်တို့ကိုအရေးနိမ့်ခဲ့တာကြောင့် ချန်ပီယံဆုနဲ့ အနည်းငယ် ဝေးကွာခဲ့ပြီဖြစ်ပေမယ့် အာတီတာက ချန်ပီယံဆုအတွက် ၂ ကောင်းတဲ့ပြေးတဲ့မြင်းလို့ မထင်တာဖြစ်ပါတယ်။

“လီဗာပူးက ချန်ပီယံဆုလမ်းကြောင်းပေါ်ကနေ ထွက်သွားပြီလို့ ကျွန်တော်မထင်ပါဘူး။ ဒီလိဂ်က တောင်းဆိုမှုအရမ်းများပါတယ်။ သူတို့အလှည့်အပြောင်းတွေ လုပ်နိုင်ပါသေးတယ်။ ဒီလိဂ်မှာ ကျွန်တော်တို့အနိုင်ရအောင်လုပ်ဖို့လိုအပ်တယ်ဆိုတာ သိပါတယ်”လို့ အာတီတာက ထပ်လောင်းပြောကြားခဲ့ပါတယ်။

#အာတီတာ #အာဆင်နယ် #အာစင်ဝင်းဂါး #ပရီးမီးယားလိဂ်