ရှေ့သို့
Image

ကလော့ပ်နဲ့ ဆာလက်ကြား ဘာကြောင့်ပြဿနာဖြစ်ခဲ့တယ်ဆိုတာသိနိုင်မယ့် ကင်မရာရှုထောင်တစ်ခုထွက်ပေါ်လာ

10:29 AM, 28 April

အသစ်ထွက်ပေါ်လာတဲ့ ကင်မရာရှုထောင့်အရ ကလော့ပ်နဲ့ မိုဆာလက်တို့ ပြဿနာဖြစ်ခဲ့တာဟာ အီဂျစ်တောင်ပံလူအနေနဲ့ နည်းပြကြီးကို လက်ဆွဲနှုတ်ဆက်ရန် ပျက်ကွက်ခဲ့လို့ဖြစ်နိုင်ကြောင်း သိရပါတယ်။
ဆာလက်ဟာ မနေ့ညက ဝက်စ်ဟမ်းနဲ့ပွဲစဉ်အတွင်း အရန်ခုံထိုင်ခဲ့ရပြီး ဒုတိယပိုင်းကျမှသာ ဝင်ကစားခဲ့ရပါတယ်။

ဒါဝင်နူနက်ဇ်၊ ဂိုမက်ဇ်တို့နဲ့အတူ ကွင်းထဲဝင်ဖို့ ပြင်ဆင်နေချိန်မှာ ဆာလက်က ကလော့ပ်နဲ့ အချင်းများမှုတွေ ရှိခဲ့တာပါ။ ကနဦးမှာ ဘာကြောင့်အခုလို ပြဿနာဖြစ်ခဲ့လဲဆိုတာ ဘယ်သူမှ မသိခဲ့ကြပေမယ့် အသစ်ထွက်ပေါ်လာတဲ့ကင်မရာရှုထောင့်အရ အကြောင်းအရင်းကို ရှာတွေ့ခဲ့ပြီလို့ ယူဆရပါတယ်။ စတုတ္ထဒိုင်က စစ်ဆေးမှုတွေ ပြုလုပ်ပြီးတဲ့နောက် ဆာလက်တစ်ယောက် ကွင်းထဲဝင်ဖို့ ပြင်ဆင်နေချိန်မှာ ကလော့ပ်က လက်ဆွဲနှုတ်ဆက်ဖို့ လက်ထိုးပေးခဲ့ပေမယ့် ဆာလက်က မတော်မဆ မမြင်ခဲ့ဟန်ရှိပါတယ်။

ဆာလက်က ခြေအိတ်ကို ညှိပြီးချိန်မှာ ကလော့ပ်က အနားလာကာ နှစ်ဦးသား လက်သီးချင်းတိုက်ပြီး နှုတ်ဆက်ခဲ့ကြပါတယ်။ဒါပေမယ့် ကလော့ပ်က လက်ဆွဲနှုတ်ဆက်ဖို့ပျက်ကွက်ခဲ့တဲ့အကြောင်း ပြောရာမှာ ဆာလက်က သူမမြင်ခဲ့ကြောင်း ပြန်ငြင်းခဲ့ဟန်ရှိပါတယ်။ အဲ့ဒီနောက် ကလော့ပ်က နူနက်ဇ်၊ ဂိုမက်ဇ်တို့ကို လက်ဆွဲနှုတ်ဆက်ကာ ပွေ့ဖက်အားပေးခဲ့ပါတယ်။

ပွဲဆက်ကစားပြီး ဝက်စ်ဟမ်းအသင်း တိုက်စစ်ဆင်နေချိန် ကလော့ပ်က ဆာလက်ကို တစ်ခုခုပြောလိုက်ပုံရပြီး ၃၁နှစ်သားက တော်တော်လေးပေါက်ကွဲသွားခဲ့ကာ ပြန်လည်ပြောဆိုမှုတွေ ပြုလုပ်ခဲ့တာကြောင့် အသင်းဖော်တွေကတောင် ဝင်ပြီးဖျန်ဖြေခဲ့ရပါတယ်။ ဆာလက်ပေါက်ကွဲနေချိန် ကလော့ပ်ကတော့ လက်ကလေးပိုက်ပြီး အဝေးတစ်နေရာမှာ သွားရပ်နေခဲ့ပါတယ်။

ပွဲအပြီးမှာတော့ ကလော့ပ်က ဆာလက်ရဲ့အဖြစ်အပျက်အကြောင်း အတိအကျပြောဖို့ ငြင်းဆန်ခဲ့ပါတယ်။
ကလော့ပ်က "ကျွန်တော်တို့ အဝတ်လဲခန်းထဲ စကားပြောခဲ့ပြီဖြစ်ပြီး အဲ့ဒီကိစ္စက ကျွန်တော့်အတွက် ပြီးသွားပါပြီ။ အဲ့ဒါပါပဲ"လို့ ပြောခဲ့ပါတယ်။ ဒါပေမယ့် ဆာလက်ကတော့ ကွင်းထဲကထွက်ချိန် သတင်းထောက်တွေက မေးမြန်းရာမှာ "ကျွန်တော် ဒီည စကားပြောလိုက်ရင် မီးပွင့်သွားလိမ့်မယ်"ဆိုပြီး ပြောသွားခဲ့ပါတယ်။

#လီဗာပူး #ဝက်စ်ဟမ်း #ကလော့ပ် #ဆာလက် #ပရီးမီးယားလိဂ်