ရှေ့သို့
Image

ဘွန်ဒက်စ်လီဂါပွဲစဉ် (၃၁) ဂလာဘတ်-ယူနီယံဘာလင် ပွဲကြိုခန့်မှန်းချက် (ည ၈:၀၀)

9:00 AM, 28 April

ဂလာဘတ်-ယူနီယံဘာလင် ဒဏ်ရာရပွဲပယ်
-------------
ဂလာဘတ် - ဂျူလီယန်ဝိုင်းဂျ်(ပွဲပယ်ပြစ်ဒဏ်)၊ ဆိုင်ဘတ်ချု၊ ဂရန့်လီအွန်ရာနို့စ်၊ တိုနီဂျန့်ရှ်ကီ(သေချာပေါက်လွဲ)၊ မာနူကိုနေး၊ ခရာမာ၊ အွန်လင်း၊ ဟိုနိုရတ်၊ ဝိုဘာ(မသေချာ)
ယူနီယံဘာလင် - ဂျက်ကော့ဘတ်ခ်(ပွဲပယ်ပြစ်ဒဏ်)၊ ရောက်ဒ်ဆီလွန်(မသေချာ)

တန်းဆင်းဇုန်ဖိအားရှိနေတဲ့ အသင်းနှစ်ခုထိပ်တိုက်တွေ့ဆုံမယ့်ပွဲစဉ်ဖြစ်လို့ ခြောက်မှတ်တန်ပွဲစဉ်တစ်ခုပါ။ နှစ်သင်းလုံးကလည်း လတ်တလောမှာ ပုံစံကောင်းပျောက်ဆုံးနေပြီး ခံစစ်ပိုင်းအားနည်းချက်တွေ ရှိနေပါတယ်။ ချန်ပီယံလိဂ်ပြိုင်ပွဲဝင်ရောက်ဆင်နွှဲခဲ့တဲ့ ယူနီယံဘာလင်ကတော့ စိတ်ပျက်စရာဘောလုံးရာသီနဲ့ ရင်ဆိုင်နေရကာ တန်းဆင်းဇုန်နဲ့ နှစ်မှတ်အကွာမှာ ရပ်တည်နေပြီး သတိထားရင်ဆိုင်ရမယ့် အခြေအနေဖြစ်နေပါတယ်။ ပထမအကျော့မှာ ယူနီယံဘာလင်တို့ ဂိုးပြတ်အနိုင်ရရှိခဲ့ပေမယ့် ဒီတစ်ကြိမ်မှာတော့ ဂလာဘတ်လက်စားချေမယ်လို့ ယူဆမိပါတယ်။
 
မိုချန်ဂလာဘတ် - ယူနီယံဘာလင် ထိပ်တိုက်တွေ့ဆုံမှု နောက်ဆုံး (၅) ကြိမ်
-----------------------------------------------------------------
ယူနီယံဘာလင် ၃ - ၁ မိုချန်ဂလာဘတ် (၉-ဒီဇင်ဘာ-၂၀၂၃)
မိုချန်ဂလာဘတ် ၀ - ၁ ယူနီယံဘာလင် (၂၄-ဧပြီ-၂၀၂၃)
ယူနီယံဘာလင် ၂ - ၁ မိုချန်ဂလာဘတ် (၃၀-အောက်တိုဘာ-၂၀၂၂)
မိုချန်ဂလာဘတ် ၁ - ၂ ယူနီယံဘာလင် (၂၂-ဇန်နဝါရီ-၂၀၂၂)
ယူနီယံဘာလင် ၂ - ၁ မိုချန်ဂလာဘတ် (၂၉-သြဂုတ်-၂၀၂၁)
.
မိုချန်ဂလာဘတ် နောက်ဆုံး (၅) ပွဲရလဒ်
-----------------------------------
ဟော့ဖန်ဟိမ်း ၄ - ၃ မိုချန်ဂလာဘတ် (၂၀-ဧပြီ-၂၀၂၄)
မိုချန်ဂလာဘတ် ၁ - ၂ ဒေါ့မွန် (၁၃-ဧပြီ-၂၀၂၄)
ဝုဖ်ဘတ် ၁ - ၃ မိုချန်ဂလာဘတ် (၇-ဧပြီ-၂၀၂၄)
မိုချန်ဂလာဘတ် ၀ - ၃ ဖရိုင်းဘတ် (၃၀-မတ်-၂၀၂၄)
ဟိုင်ဒင်ဟိမ်း ၁ - ၁ မိုချန်ဂလာဘတ် (၁၆-မတ်-၂၀၂၄)
.
ယူနီယံဘာလင် နောက်ဆုံး (၅) ပွဲရလဒ်
-----------------------------------
ယူနီယံဘာလင် ၁ - ၅ ဘိုင်ယန်မြူးနစ် (၂၀-ဧပြီ-၂၀၂၄)
အော့စ်ဘတ် ၂ - ၀ ယူနီယံဘာလင် (၁၃-ဧပြီ-၂၀၂၄)
ယူနီယံဘာလင် ၀ - ၁ လေဗာကူဆင် (၆-ဧပြီ-၂၀၂၄)
ဖရန့်ဖတ် ၀ - ၀ ယူနီယံဘာလင် (၃၀-မတ်-၂၀၂၄)
ယူနီယံဘာလင် ၂ - ၁ ဝါဒါဘရီမင် (၁၆-မတ်-၂၀၂၄)

#ပွဲကြိုသုံးသပ်ချက် #ယူနီယံ ဘာလင် #ဘွန်ဒက်စ်လီဂါ #မိုချန်ဂလာဘတ်