ရှေ့သို့
Image

VARကြောင့် ပရီးမီးယားလိဂ်ပြိုင်ပွဲကြီး ထိခိုက်ပျက်စီးနေပြီလို့ ပြောလိုက်တဲ့ ပိုချက်တီနို

9:07 AM, 28 April

မော်ရီစီယိုပိုချက်တီနိုက မနေ့ညက အက်စတွန်ဗီလာနဲ့ပွဲစဉ်မှာ အနိုင်ဂိုးကို မပေးခဲ့တဲ့ VARအပေါ် ပေါက်ကွဲလျက်ရှိနေပါတယ်။

ဒီဆာဆီရဲ့ခေါင်းတိုက်ဂိုးကြောင့် ချဲလ်ဆီးအသင်း comebackနဲ့ အနိုင်ရပြလို့ ထင်မှတ်ခဲ့ပေမယ့် VARပြန်ကြည့်ချိန်မှာ ဒီယေဂိုကားလို့စ်ကို ဘာဒီယာရှီလီက ပြစ်ဒဏ်ဘောကျူးလွန်တယ်ဆိုပြီး သွင်းဂိုးကို ပယ်ဖျက်ခဲ့ရာမှာ အငြင်းပွားမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။ ပွဲအပြီးမှာ ပိုချက်တီနိုက ဒိုင်လူကြီးတွေရဲ့ ဆုံးဖြတ်ချက်တွေဟာ မယုံနိုင်စရာကောင်းလောက်အောင် ဆိုးရွားလွန်းတယ်လို့ ပြောခဲ့ပါတယ်။

ပိုချက်တီနိုက "VARက အင်္ဂလိပ်ဘောလုံးလောကကို ထိခိုက်ပျက်စီးစေတာ တော်တော်လေး နာကျင်ဖို့ကောင်းပါတယ်။ ဗီလာကစားသမားတွေနဲ့ ပရိသတ်တွေတောင် ဒီဂိုးက ဘာကြောင့် ပယ်ဖျက်ခံရတယ်ဆိုတာ နားလည်ကြမှာ မဟုတ်ပါဘူး"လို့ ပြောခဲ့ပါတယ်။

VARက သွင်းဂိုးကို ပယ်ဖျက်လိုက်ပြီးနောက် ချဲလ်ဆီးကစားသမားတွေဟာ ဒိုင်လူကြီးတွေကို ရန်တွေ့ခဲ့ကြပြီး မာဒူကီဆိုရင် အခြားသူတွေကတောင် ဝိုင်းဆွဲခဲ့ရပါတယ်။ ချဲလ်ဆီးအတွက် ဒီသရေတစ်မှတ်ကြောင့် ဥရောပဝင်ခွင့်ရဖို့ မျှော်လင့်ချက်ပြန်များလာပေမယ့် တော့တင်ဟမ်လိုမျိုး ဒါဘီပြိုင်ဘက်ကို ကျော်ဖြတ်နိုင်ဖို့ လိုအပ်နေပါသေးတယ်။

ဗီလာကတော့ ချန်ပီယံလိဂ်ဝင်ခွင့်နေရာအတွက် ပြိုင်ဘက် တော့တင်ဟမ်ကို အမှတ်ထပ်ဖြတ်ထားနိုင်ခဲ့ပါတယ်။

#ချဲလ်ဆီး #အက်စတွန်ဗီလာ #ပိုချက်တီနို #ပရီးမီးယားလိဂ်