ရှေ့သို့
Image

အိုးထရက်ဖို့ဒ်မှာ သရေတစ်မှတ်သာရပြီး ချန်ပီယံလိဂ်ဝင်ခွင့်မျှော်လင့်ချက် မှေးမှိန်သွားတဲ့ ယူနိုက်တက်

10:34 PM, 27 April

ယူနိုက်တက် ၁-၁ ဘန်လေ (ပွဲပြီးရလဒ်)


နှစ်သင်းစလုံး အခွင့်အရေးပေါင်းများစွာရခဲ့ကြပေမယ့် အသုံးမချနိုင်ခဲ့ကြတာကြောင့် ဒီရလဒ်ပဲ ထွက်ပေါ်ခဲ့တာ ဖြစ်ပါတယ်။

ဘန်လေအသင်းရဲ့ရဲရဲရင့်ရင့် တိုက်စစ်ဖွင့်ကစားမှုကြောင့် ယူနိုက်တက်ဟာ တန်ပြန်တိုက်စစ်ကနေ အခွင့်အရေး အကြိမ်ကြိမ်ရခဲ့ပေမယ့် အန်တိုနီရဲ့သွင်းဂိုးတစ်ဂိုးသာရခဲ့တာကြောင့် အိမ်ကွင်းမှာ သရေတစ်မှတ်နဲ့ ကျေနပ်လိုက်ရပါတယ်။

ဘန်လေကတော့ စွန့်စားမှုကြီးမားတဲ့ တိုက်စစ်ဆင်ကစားဟန်နဲ့အတူ အိုးထရက်ဖို့ဒ်မှာ အဖိုးတန်သရေတစ်မှတ် စုဆောင်းသွားနိုင်ခဲ့ပါတယ်။

#မန်ချက်စတာယူနိုက်တက် #ဘန်လေ #ပရီးမီးယားလိဂ်