ရှေ့သို့
Image

ဝက်စ်ဟမ်းကို သရေသာကစားနိုင်ခဲ့ပြီး ကျွဲစိမ်းနဲ့ပွဲသိမ်းဖို့ အလွန်နီးစပ်လာတဲ့ လီဗာပူး

8:06 PM, 27 April

ဝက်စ်ဟမ်း ၂-၂ လီဗာပူး (ပွဲပြီးရလဒ်)


လီဗာပူးအသင်းဟာ ဒီညပွဲမှာ တိုက်စစ်ပိုင်း တိုးတက်လာပြီး ဂိုးတွေသွင်းယူလာနိုင်ပေမယ့် ခံစစ်အားနည်းသွားပြန်ကာ သရေတစ်မှတ်သာ ရရှိခဲ့ပါတယ်။

ဒုတိယပိုင်းမှာ အဆုံးသတ်ပိုင်းကောင်းမွန်လာပြီး ချေပဂိုးနဲ့ ဦးဆောင်ဂိုးတွေ သွင်းယူနိုင်ခဲ့ပေမယ့် ဝက်စ်ဟမ်းကိုလည်း အခွင့်အရေးတွေ ခွင့်ပြုခဲ့ရသလို အန်တိုနီယိုရဲ့ဂိုးကိုလည်း ခွင့်ပြုလိုက်ရတာကြောင့် အခြေအနေတွေ ဆိုးရွားခဲ့ပါတယ်။

အသင်းမှာလည်း ပြဿနာတွေရှိနေတာကို မြင်တွေ့ခဲ့ရပြီး ဆာလက်နဲ့ ကလော့ပ်ကြား ကတောက်ကဆဖြစ်တာတွေပါ ရှိလာခဲ့ပါတယ်။

ကလော့ပ်ရဲ့နောက်ဆုံးရာသီမှာတော့ ကာရာဘောင်ဖလားနဲ့သာ အဆုံးသတ်ဖို့ အလွန်နီးစပ်လာခဲ့ပြီလို့ ပြောရမှာပါ။


#လီဗာပူး #ဝက်စ်ဟမ်း #ပရီးမီးယားလိဂ်