ရှေ့သို့
Image

ရန်နစ်ကို နည်းပြသစ်အဖြစ်ခန့်အပ်ဖို့ ဆွေးနွေးမှုတွေပြုလုပ်နေတဲ့ ဘိုင်ယန်မြူးနစ်

3:09 PM, 27 April

ဘိုင်ယန်မြူးနစ်ဟာ လာမယ့်ရာသီမှာ ရာ့ဖ်ရန်းနစ်ကို နည်းပြသစ်အဖြစ် ခန့်အပ်ဖို့ ဆွေးနွေးမှုတွေပြုလုပ်နေပြီလို့ အတည်ပြုထုတ်ပြန်လာခဲ့ပါတယ်။ လက်ရှိအသင်းနည်းပြ သောမတ်စ်တူချယ်လ်ဟာ ရာသီကုန်မှာ အသင်းကနေထွက်ခွာမှာြဖစ်တယ်လို့ တရားဝင်ကြေညာထားတာကြောင့် ဘိုင်ယန်မြူးနစ်က အစားထိုးဖို့နည်းပြသစ်ကို ကာလရှည်ရှာဖွေနေခဲ့ပြီး ယခုအခါမှာတော့ ရန်းနစ်ကို တူချယ်လ်နေရာမှာ အစားထိုးဖို့ နီးစပ်နေပြီဖြစ်ပါတယ်။

ယခုအခါမှာတော့ ဘိုင်ယန်မြူးနစ်ဥက္ကဌဟောင်းက “ကလပ်က ရာ့ဖ်ရန်းနစ်နဲ့ ဆွေးနွေးမှုတွေ ပြုလုပ်နေပါတယ်။ တစ်ပတ်အတွင်းမှာပဲ ဆုံးဖြတ်ချက်တစ်ခုထွက်ပေါ်လာမယ်လို့ထင်ပါတယ်”လို့ပြောကြားခဲ့ပါတယ်။

ဘိုင်ယန်မြူးနစ်ဟာ အသင်းရဲ့လက်ရှိနည်းပြ တူချယ်လ်နဲ့ လမ်းခွဲဖို့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကတည်းက တရားဝင်ထုတ်ပြန်ခဲ့တာဖြစ်ပြီး ယခုအခါမှာတော့ ကလပ်ဟာ ဘွန်ဒက်စ်လီဂါဖလားကို ပြိုင်ဘက် လေဗာကူဆင်ထံ လွှဲပြောင်းပေးလိုက်ရပြီဖြစ်ပါတယ်။ ဒါကြောင့် ဘိုင်ယန်မြူးနစ်ဟာ ၂၀၁၃ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် အမှတ်ပေးဖလားနဲ့ လွဲချော်ခဲ့တာဖြစ်ပြီး ယခုအခါမှာတော့ နောက်ဆုံးဖလား မျှော်လင့်ချက်အဖြစ် ချန်ပီယံလိဂ်ဖလားသာ ကျန်ရှိတော့တာဖြစ်ပါတယ်။

မန်နေဂျာအသစ်အဖြစ် ဆောင်ရွက်နိုင်ချေရှိတဲ့ ရန်းနစ်အနေနဲ့ ကလပ်အတူ ဆုံးဖြတ်ချက်ကို အလျင်အမြန်ချမှတ်နိုင်ဖို့လိုနေပြီး လာမယ့်ရာသီမတိုင်ခင် ကလပ်ရဲ့ ပေါ်လစီတွေကို လွှမ်းမိုးမှုရှိစေဖို့ ဆောင်ရွက်သွားရမှာဖြစ်ပါတယ်။ တစ်ချိန်တည်းမှာပဲ တူချယ်လ်ကလည်း နောက်ဆုံးကျန်ရှိတဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဆီမီးဖိုင်နယ်ပွဲစဉ်အဖြစ် ရီးရဲလ်မက်ဒရစ်ကို လာမယ့် ဧပြီလ ၃၀ ရက်နေ့မှာ ယှဉ်ပြိုင်သွားရမှာဖြစ်ပြီး အနိုင်ရဖို့ ကြိုးစားသွားရမှာဖြစ်ပါတယ်။

#ဘိုင်ယန်မြူးနစ် #ဘွန်ဒက်စ်လီဂါ #ရန်နစ်