ရှေ့သို့
Image

မက်ဆီက ကမ္ဘာ့အကောင်းဆုံး အသင်းခေါင်းဆောင်မဟုတ်ဘူးလို့ ပြောကြားလိုက်တဲ့ ရာကီတစ်

2:57 PM, 27 April

တစ်ချိန်က ဘာစီလိုနာမှာ လီယွန်မက်ဆီနဲ့အတူတွဲဖက်ကစားခဲ့ဖူးတဲ့ အိုင်ဗန်ရာကီတစ်က ဘောလွန်းဒီအော် ၈ ဆုရှင်ဟာ ကမ္ဘာ့အကောင်းဆုံး အသင်းခေါင်းဆောင် ဘာကြောင့်မဟုတ်တာလဲဆိုတာ ရှင်းပြပြောဆိုလာခဲ့ပါတယ်။

ခရိုအေးရှား လက်ရွေးစင်ကွင်းလယ်လူဟာ ၂၀၁၄ ကနေ ၂၀၂၀ ခုနှစ်အထိ မက်ဆီနဲ့အတူ ဘာစီလိုနာမှာကစားခဲ့ပြီး မက်ဆီဟာ ဘာစီလိုနာအသင်းခေါင်းဆောင်အဖြစ် အင်နီယေစတာ ထွက်ခွာသွားတဲ့ ၂၀၁၈ ကနေ ၂၀၂၁ အထိ ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။

ယခုအခါမှာတော့ ရာကီတစ်က “ဘောလုံးသမိုင်းမှာ မက်ဆီက အကောင်းဆုံး ကစားသမားပါ။ ပြီးတော့ သူသာ ဘယ်နောက်ခံလူအဖြစ်ကစားခဲ့မယ်ဆိုရင် ကမ္ဘာ့အကောင်းဆုံး ဘယ်နောက်ခံလူလည်းဖြစ်နိုင်ပါတယ်။ ဒါပေမယ့်သူက အကောင်းဆုံး အသင်းခေါင်းဆောင်တော့မဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ သူက အခြားသူတွေကို ဘာလုပ်ဘာလုပ်ဆိုပြီး ဆရာမလုပ်တတ်တဲ့ ထူးခြားတဲ့လူတစ်ယောက်မို့လို့ပါ” လို့ ပြောကြားခဲ့ပါတယ်။

မက်ဆီဟာ ၂၀၂၁ ခုနှစ်မှာ နူးကမ့်နေထွက်ခွာလာခဲ့ပြီး ပီအက်စ်ဂျီသို့ ပြောင်းရွှေ့သွားခဲ့ကာ ယခုအခါမှာတော့ မေဂျာလိဂ်ကလပ် အင်တာမီယာမီမှာ ကစားနေပြီး အသင်းခေါင်းဆောင်အဖြစ် ခန့်အပ်ခံထားရပါတယ်။ ရာကီတစ်ကတော့ အသင်းဟောင်း ဆီဗီလာထံပြန်လည်ပြောင်းရွေ့ခဲ့ပြီး ဘာစီလိုနာကို ပြိုင်ဘက်အဖြစ် ပြန်လည်ရင်ဆိုင်နေခဲ့ရပါတယ်။

ယခုအခါမှာတော့ ကွင်းလယ်လူဟာ ဆော်ဒီအာရေဗျကလပ် အယ်လ်ရှာဘတ်မှာ ကစားနေပြီး ဆော်ဒီပရိုလိဂ်အမှတ်ပေးဇယားရဲ့ အဆင့် ၁၀ နေရာမှာ ရပ်တည်နေပါတယ်။ မက်ဆီကတော့ အင်တာမီယာမီမှာ အောင်မြင်တဲ့ ကစားသမားဘဝကိုပိုင်ဆိုင်ထားပြီး နောက်ဆုံးကစားထားတဲ့ ၆ ပွဲမှာ ၇ ဂိုးသွင်းကာ ဂိုးဖန်တီးမှု ၆ ကြိမ်ပြုလုပ်ထားပါတယ်။

#မက်ဆီ #ရာကီတစ်