ရှေ့သို့
Image

ဟယ်ရီကိန်းဟာ အတွေ့အကြုံသစ်ကို လိုချင်လို့ ဘိုင်ယန်မြူးနစ်သို့ ထွက်ခွာခဲ့တာဖြစ်တယ်လို့ ရှင်းပြလိုက်တဲ့ ပိုစတီကိုဂလူ

2:50 PM, 27 April

တော့တင်ဟမ်နည်းပြ ပိုစတီကိုဂလူက ပြီးခဲ့တဲ့ နွေရာသီအပြောင်းအရွှေ့ကာလမှာ အသင်းကနေထွက်ခွာပြီး ဘိုင်ယန်မြူးနစ်သို့ ပြောင်းရွှေ့သွားခဲ့တဲ့ တိုက်စစ်မှူး ဟယ်ရီကိန်းဟာ ဆုဖလားလိုချင်တာကြောင့်မဟုတ်ဘဲ အတွေ့အကြုံသစ်လိုချင်တာကြောင့်သာ ဂျာမန်မြေကို ခြေချခဲ့တာဖြစ်တယ်လို့ ရှင်းပြလာခဲ့ပါတယ်။

ပိုစတီကိုဂလူက “အခု သူ့ကို ဖလားလိုချင်လို့ အသင်းပြောင်းတာလို့ပြောနေကြတာတွေက တရားမျှတမှုမရှိပါဘူး။ကျွန်တော်က သူ့ဘက်ကနေ လိုက်ပြောပေးနေတာမဟုတ်ပါဘူး။ ဒါပေမယ့် သူထွက်ခွာသွားတာ ဆုဖလားဆိုတဲ့ အကြောင်းပြချက်တစ်ခုတည်းကြောင့်မဟုတ်ပါဘူး။ ကျွန်တော့်အမြင်မှာတော့ သူက အတွေ့အကြုံသစ်လိုချင်တာကြောင့် အခုလို ထွက်ခွာသွားခဲ့တယ်လို့ ထင်ပါတယ်” “ကျွန်တော့်ရဲ့ ဘောလုံးသက်တမ်းအတွေ့အကြုံအရဆိုရင် သူက ကလပ်တစ်ခုတည်းမှာအကြာကြီးနေလာခဲ့တော့ အချိန်ကြာလာတဲ့အခါမှာ ဆန်းသစ်တဲ့စိန်ခေါ်မှုတွေကို လိုချင်ခဲ့တယ်လို့ ထင်ပါတယ်။ သူ့ကို မေးခွန်းထုတ်စရာတွေလည်း အများကြီးရှိနေဦးမှာပါ။ ဒါပေမယ့် ကျွန်တော်ကတော့ သူအသင်းကနေ ထွက်ခွာခဲ့တာကြောင့် ဆုဖလားလိုချင်တာချည်းကြောင့်မဟုတ်ဘဲ အတွေ့အကြုံသစ်လိုချင်တာကြောင့်လည်း ဖြစ်တယ်လို့ ထင်ပါတယ်”လို့ပြောကြားခဲ့ပါတယ်။

လက်ရှိအချိန်မှာတော့ အင်္ဂလန်အသင်းခေါင်းဆောင်းဟာ ဘိုင်ယန်မြူးနစ်မှာ တောက်လျှောက်ခြေစွမ်းပြပြီး သွင်းဂိုးတွေ အများအပြားရရှိထားပေးမယ့် ဖလားလက်မဲ့ရာသီတစ်ခုနဲ့ ကြုံတွေ့ရဖို့ အလားအလာများနေပါတယ်။ သို့သော်လည်း သောမတ်စ်တူချယ်လ်ရဲ့အသင်းဟာ နောက်ဆုံးမျှော်လင့်ချက်အဖြစ် ချန်ပီယံလိဂ်ဖလားကို ဆွတ်ခူးနိုင်မယ့် အခွင့်အရေးတော့ ကျန်ရှိနေပါသေးတယ်။

#တော့တင်ဟမ် #ဘိုင်ယန်မြူးနစ် #ပရီးမီးယားလိဂ် #ပိုစတီကိုဂလူ