ရှေ့သို့
Image

နောက်ရာသီက ဂျူဗင်တပ်စ်အတွက် လှပလိမ့်မယ်လို့ ခံစားမိနေတဲ့ အယ်လီဂရီ

12:37 PM, 27 April

ဂျူဗင်တပ်စ်ဟာ ယခုရာသီတွင် ပိုမိုထိရောက်စွာ လုပ်ဆောင်နိုင်ခဲ့ကြောင်း အယ်လီဂရီက ဝန်ခံခဲ့ပြီး မီလန်နှင့်ပွဲကို အာရုံစိုက်ရန် အရေးကြီးကြောင်း အလေးပေးပြောကြားခဲ့ပါတယ်။ ဂျူဗင်တပ်စ်ဟာ စီးရီးအေတွင် လအတော်ကြာ အထင်ကြီးစရာရလဒ်များ မရှိခဲ့ဘဲ ဆီမီးဖိုင်နယ် အဆင့်မှာ လာဇီယိုကို အနိုင်ယူပြီးနောက် အတ္တလန္တာနှင့် ကစားရမယ့် ကိုပါအီတာလီယာဖိုင်နယ်သို့ တက်လှမ်းနိုင်ခဲ့ပါတယ်။

ဒုတိယရာသီဝက်တွင် ရလဒ်များဆိုးရွားခဲ့ပြီးနောက် အယ်လီးရီက နွေရာသီတွင် ဂျူဗင်တပ်စ်အသင်းမှ ထုတ်ပယ်ခံရဖွယ် ပိုများလာကာ နောက်ဆုံးလိဂ်ပွဲ ၁၂ ပွဲတွင် ၂  ပွဲသာ အနိုင်ရရှိထားတာဖြစ်ပါတယ်။ သူ့ရဲ့နေရာကို အစားထိုးဖို့ ဦးဆောင်နေသူကတော့ ဘိုလော့ဂ်နာရဲ့ သီယာဂိုမော့တာပဲဖြစ်ပါတယ်။ သတင်းစာရှင်းလင်းပွဲတစ်ခုတွင် အယ်လီဂရီက မီလန်နှင့်ပွဲအတွက် လိုအပ်တာတွေကို ပထမဆုံး ဆွေးနွေးခဲ့ပါတယ်။

"မနက်ဖြန်က ဂျူဗင်တပ်စ်-မီလန်တို့ အမြဲတစ်ဖြစ်တဲ့ ပွဲကြီးပွဲကောင်းတစ်ပွဲပါ။ မီလန်ဟာ တန်ကြေးရှိတဲ့ ကစားသမားတွေနဲ့ သန်မာတဲ့အသင်း တစ်သင်းပါ။ ဆီမီးဖိုင်နယ်မှာ အနိုင်ရတာက ကျွန်တော်တို့ ရည်မှန်းချက်တွေထဲက တစ်စိတ်တစ်ပိုင်းကို အောင်မြင်ခဲ့တာပါ" "ဖိုင်နယ်မတိုင်ခင်မှာ ကျွန်တော်တို့က ၃ ပွဲကစားရအုံးမှာဖြစ်ပြီး ချန်ပီယံလိဂ်ဝင်ခွင့်အတွက် ဖြစ်နိုင်သမျှ အမှတ်များများရရှိအောင် လုပ်ရမှာဖြစ်ပါတယ်" လို့ နည်းပြက ပြောပါတယ်။

ဘရီမာနှင့်ပတ်သက်တဲ့ အခြေအနေကို နည်းပြ အယ်လီဂရီက ပြောကြားလိုက်ပါတယ်။ " ကက်ကလီယာလီနဲ့ပွဲမှာ ဘရီမာက ပြဿနာအနည်းငယ်လောက်ရှိခဲ့ပြီး အခုချိန်မှာ ပိုကောင်းလာပါပြီး။ မနက်ဖြန်မှာ ကျွန်တော်ဆုံးဖြတ်မှာပါ။ အနားယူဖို့ ၃ ရက်ရှိခဲ့ပြီ ပွဲကောင်းတစ်ပွဲကစားဖို့ အဆင်သင့်ဖြစ်နေပါပြီ" လို့ နည်းပြက ပြောပါတယ်။

အယ်လီဂရီဟာ စကူဒက်တိုကိုအနိုင်ရရန် ဂျူဗင်တပ်စ်က ဘာတွေလွဲချော်နေသလဲလို့ မေးမြန်းခြင်းခံခဲ့ရပါတယ်။
"ကလပ်အသင်းနဲ့ အပြောင်းအရွှေ့ကို ဆောင်ရွက်တဲ့သူတွေက ဒီမေးခွန်းကို ဖြေရပါမယ်။ ကျွန်တော်က အပြောင်းအရွှေ့လုပ်တဲ့သူမဟုတ်ဘဲ နည်းပြပါ။ ကျွန်တော်တို့ရဲ့ ချန်ပီယံလိဂ်ပန်းတိုင်အတွက် အာရုံစိုက်ရပါမယ်။ ဒါမှ ဂျူဗင်တပ်စ်ကို ပြိုင်ပွဲတွေမှာ ပိုမိုမြင်တွေ့ရပြီး စီးပွားရေးကဏ္ဍလည်း ရှိလာမှာပါ" "နောက်ကအသင်းတွေက အမှတ်တွေ များနေတာကြောင့် အခု ကျွန်တော်တို့က အာရုံစိုက်ထားရမှာပါ။ ကျွန်တော်တို့ဟာ ပွဲကောင်းတစ်ပွဲကို ကစားပြီး လိဂ်မှာထပ်မံအနိုင်ရဖို့ လိုပါတယ်" လို့ နည်းပြက ပြောပါတယ်။

ချီယေဆာနဲ့ ရီလ်ဒစ်ဇ်တို့အကြား ရွေးချယ်မှုအပေါ် အယ်လီဂရီက မှတ်ချက်ပေးခဲ့ပါတယ်။ "နှစ်ယောက်စလုံးက အဆင်ပြေပါတယ်။ ချီယေဆာက နည်းနည်းပိုကစားထားပြီး သူ့ကိုကိုထည့်သုံးမလားဆိုတာကို ဆုံးဖြတ်ရမှာပါ။ ပွဲတစ်ပွဲမှာ ချီယေဆာက အဆုံးအဖြတ်ပေးနိုင်တာကြောင့် မနက်ဖြန်အတွက် သူ့ကို ကျွန်တော် ရွေးချယ်မှာပါ" လို့ နည်းပြက ပြောပါတယ်။

ဗလာဟိုဗစ်ရဲ့ ဘော်လွန်းဒီအော်ဆုရည်မှန်းချက်နဲ့ပတ်သက်ပြီး အယ်လီဂရီက ပြောကြားလိုက်ပါတယ်။
"သူ့အတွက် ဘော်လွန်းဒီအော်ကို လိုချင်တာက ပုံမှန်ပါပဲ။ ကျွန်တော်တို့တစ်ဦးစီက အမြင့်ဆုံးအထိ မျှော်မှန်းထားရမှာဖြစ်ပါတယ်။ ဗလာဟိုဗစ်ဟာ သူရောက်လာကတည်းက အများကြီးတိုးတက်လာခဲ့ပြီး အခြေအနေတွေ အဆင်မပြေရင်တောင် သူ့ရဲ့ဟန်ချက်ကိုထိန်းညှိဖို့ ရှာဖွေနေတာပါ အဲ့ဒွကို ကျွန်တော် သဘောကျပါတယ်" လို့ နည်းပြက ပြောပါတယ်။

အီတာလီယာအောင်ပွဲက ဒီရာသီအပေါ် သူ့ရဲ့အမြင်ကို ဘယ်လိုပြောင်းလဲစေမလဲလို့ မေးခဲ့တဲ့အခါ "ဒါတွေက ကျွန်တော်တစ်ဦးတည်းရဲ့ ကြိုးစားအားထုတ်မှု မဟုတ်ပါဘူး လူတိုင်းနဲ့ သက်ဆိုင်ပါတယ်။ တောင့်တင်းတဲ့ အသင်း၊ ခိုင်မာတဲ့အသင်းပါ။ ဂျူဗင်တပ်စ်မှာ ရှိနေတဲ့အချိန် လူတိုင်းမှာ အနိုင်ရဖို့ ရည်မှန်းချက်ရှိရမယ်။ တခြားသူတွေက ပိုကောင်းရင် ကိုယ်ကလည်း တိုးတက်အောင် လုပ်ရပါမယ်" "အသင်း တစ်သင်းအတွက် အရေးကြီးတာက ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ပါပဲ။ ကျွန်​​တော်​တို့အတွက်​ ကျွန်​​တော်​တို့ရဲ့ ပန်းတိုင်​ကို​ရောက်​နိုင်​ရင်​ ​အောင်​မြင်​မယ်​။ ကျွန်တော်တို့အားလုံးက အနိုင်ယူရတာကို နှစ်သက်ပေမယ့် ပန်းတိုင်ကို ရောက်ဖို့တော့ လိုပါတယ်" လို့ ဖြေပါတယ်။

ဂျူဗင်တပ်စ်က ဂိုးရရှိဖို့အတွက် ရုန်းကန်ခဲ့ရကြောင်း နည်းပြက ဝန်ခံထားပါတယ်။ "ကျွန်တော်တို့က မနှစ်က လုပ်ခဲ့တာတွေအတိုင်း လုပ်နေတာပါ။ ဖြစ်နိုင်ရင် ကျွန်တော်တို့က ပိုမိုထိထိရောက်ရောက်လုပ်ချင်ပါတယ်။ ပီအိုလီကလည်း မီလန်မှာ ကောင်းမွန်တဲ့ အလုပ်ကို လုပ်နေတာပါ" "အင်တာမီလန်က ဒီ ၃ နှစ်အတွင်းမှာ အပြင်းထန်ဆုံးဖြစ်မဖြစ်တော့ ကျွန်တော်လည်းမသိဘူး။ ဒါပေမယ့် သူတို့ဟာ ဒီရာသီရဲ့အသန်မာဆုံး အသင်းဖြစ်တယ်လို့ ကျွန်တော် အမြဲပြောခဲ့တာကြောင့် ကျွန်တော် ရူးနေပြီလို့ သူတို့ကထင်ခဲ့ပါတယ်" လို့ နည်းပြက ပြောပါတယ်။

ဒုတိယနေရာအတွက် တိုက်ပွဲဝင် ကစားနေတဲ့အပေါ် "မနက်ဖြန်ပွဲအတွက် အနိုင်ရရှိဖို့က လွယ်မှာတော့ မဟုတ်ပါဘူး။ ဒီပွဲက ကျွန်တော်တို့ကို အနိုင်ရရှိဖို့ အခွင့်အရေးပေးမှာပါ။ ပြိုင်ပွဲတွေ အများကြီး ကစားရတဲ့အခါ စိတ်လှုပ်ရှားစရာ ကောင်းတာကြောင့် လာမယ့်ရာသီက လှပသွားမှာပါ" လို့ နည်းပြက ပြောပါတယ်။

အယ်လီဂရီအား လာဇီယိုနှင့်ပွဲက ပထမပိုင်းနှင့် ဒုတိယပိုင်းကြား ကွာခြားချက်များကို ရှင်းပြဖို့ပြောတဲ့အခါ နည်းပြက "ဘာလို့လဲဆို​တော့ ကျွန်​​တော်​တို့က ပထမပိုင်းကို ​ကောင်း​ကောင်းလုပ်​​ဆောင်​နိုင်​ခဲ့ပြီး ဒုတိယပိုင်းမှာလည်း ကောင်းကောင်းလုပ်နိုင်ခဲ့ပါတယ်။ ရောမရှိ ပထမပိုင်းမှာ အမှားတွေ အများကြီး လုပ်ခဲ့ပါတယ်။ အရေးကြီးတဲ့ အခွင့်အရေးတွေလည်း ရခဲ့ပါတယ်" လို့ ဖြေပါတယ်။

နောက်ဆုံး အနေနဲ့ အယ်လီဂရီက ဥရောပမှာ မကစားရရင် အားသာချက်ရှိ၊ မရှိ ဆိုတာကို ပြောခဲ့ပါတယ်။
"၅ နှစ်အတွင်းမှာ ဂျူဗင်တပ်စ်ဟာ ချန်ပီယံဆု ၅ ကြိမ်၊ ကိုပါအီတာလီယာ ၄ ကြိမ်နဲ့ ချန်ပီယံလိဂ်ဖိုင်နယ် ၂ ကြိမ် ကစားခဲ့ပါတယ်။ မာရော့တာကို ချီးကျူးဂုဏ်ပြုလိုပြီး ပီအိုလီရဲ့ အတွေးအမြင်တွေကို လေးစားပါတယ်။ ဒါပေမယ့် အဖြစ်မှန်တွေက တခြားစီလို့ ပြောလို့ရပါတယ်" လို့ အယ်လီဂရီက ပြောပါတယ်။

#စီးရီးအေ #ဂျူဗင်တပ်စ် #အယ်လီဂရီ