ရှေ့သို့
Image

ဘရူနိုဂူမာရေးစ်ကို ရောင်းချမယ်လို့ နယူးကာဆယ်က အတည်ပြုလိုက်တဲ့အတွက် အမြန်လှုပ်ရှားရမယ့် အာဆင်နယ်

12:32 PM, 27 April

အာဆင်နယ်၊ မန်စီးတီးနဲ့ ပီအက်စ်ဂျီတို့ဟာ နယူးကာဆယ်ရဲ့ ဘရာဇီးကွင်းလယ်ကစားသမားကို ခေါ်ယူဖို့ စောင့်ကြည့်နေကြတာဖြစ်ပါတယ်။

အသက် ၂၆ နှစ်အရွယ် ဘရူနိုဟာ ပြီးခဲ့တဲ့အောက်တိုဘာလတုန်းက နယူးကာဆယ်နှင့် ၅ နှစ်သက်တမ်းတိုး စာချုပ် ချုပ်ဆိုခဲ့သော်လည်း ယခုရာသီကုန်မှာတော့ စာချုပ်ဖျက်သိမ်းကြေးက ပေါင်သန်း ၁၀၀ ရှိမှာဖြစ်ပါတယ်။ ပြီးတော့ နည်းပြ အက်ဒီဟောင်းက ပြိုင်ဘက်တွေအနေနဲ့ ဘရာဇီးသားကို လိုချင်တယ်ဆိုရင် ပါးစပ်ပိတ်ထားဖို့ ပြောဆိုထားတာဖြစ်ပါတယ်။

"ကျွန်တော်တို့က အဆက်မပြတ်ထွက်နေတဲ့ ကောလာဟလတွေကို မလိုချင်ပါဘူး။ ဒါဟာ ကစားသမားအတွက် ဒါမှမဟုတ် ကျွန်တော်တို့အတွက် မကောင်းပါဘူး" "စာချုပ်ဖျက်သိမ်းခရှိနေသလို စာချုပ်သစ်လည်း ချုပ်ဆိုထားတဲ့အတွက် ပြီးဆုံးသွားတဲ့ အခြေအနေမှာလည်းရှိနေပါတယ်" "ဘရူနိုရဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ကျွန်တော့်ရဲ့ အတွေးအမြင်တွေကို မပြောဘဲ မနေပါဘူး" "ကျွန်​​တော်​တို့က သူ့ကို ဆက်​ထိန်းထားချင်​ပြီး သူ့ကိုမူတည်ကာ အသင်းကို တည်​​ဆောက်​ချင်ကာ ဘရူနိုက ကျွန်​​တော်​တို့ လုပ်​​ဆောင်​​နေတဲ့ အဓိက အစိတ်အပိုင်း​တစ်ခုပါ။ သူက အရမ်းပျော်နေပြီး အသားလည်းကျနေပါပြီ"
"သူဟာ အလုပ်ရှုပ်မယ့် နွေရာသီအတွက် တွေးနေမှာဖြစ်ပြီး အဲ့ဒီမှာ အသင်းကလည်း ကောင်းကောင်းလုပ်နိုင်မယ်လို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်" "အဲ့ဒီအချိန်မှာ ကျွန်တော်တို့က ထိန်းချုပ်လို့ရမှာမဟုတ်တဲ့အတွက် ဘာတွေဖြစ်မလဲဆိုတာကို ကြည့်ရမှာဖြစ်ပါတယ်" လို့ အက်ဒီဟောင်းက ပြောပါတယ်။

အက်ဒီဟောင်းက နယူးကာဆယ်ရဲ့ ဆိုးရွားတဲ့နွေရာသီကို ခန့်မှန်းနေပြီး အာဆင်နယ်နှင့် ဘာစီလိုနာတို့ကလည်း အသင်းရဲ့တိုက်စစ်မှူး အိုင်ဆက်ကိုပါ စိတ်ဝင်စားနေကြပါတယ်။

ဆော်ဒီရဲ့ ငွေကြေးထောက်ပံ့မှုရရှိထားတဲ့ နယူးကာဆယ်ဟာ FFP စည်းမျဉ်း ကန့်သတ်ချက်များနှင့် မညှိဖို့ ဘရူနို ဒါမှမဟုတ် အိုင်ဆက်တို့ကို ရောင်းချရမှာကို စိုးရိမ်နေပါတယ်။

အဆိုပါစတားကစားသမား ၂ ဦးထဲက ၁ ဦးမှမရောင်းဘဲ လိုချင်နေတဲ့ ကစားသမားကိုဝယ်နိုင်မလားဆိုတော့ အက်ဒီဟောင်းက "ဖြစ်နိုင်မယ်လို့ ကျွန်တော်ထင်ပါတယ်။ အနာဂတ်ကို မခန့်မှန်းနိုင်ပေမယ့် ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ပ တိုက်ပွဲဝင်နိုင်ပြီး မတူကွဲပြားတဲ့အသင်းတစ်သင်းကို ဖန်တီးနိုင်ပါတယ်" "အပြောင်းအလဲတွေ လုပ်ချင်သလို အဲ့ဒါတွေက ကျွန်တော်တို့ကို ရှေ့ကို ပို့ဆောင်ပေးနိုင်ပါတယ်" လို့ ဖြေပါတယ်။

နည်းပြက "အသင်းကို ဘယ်လိုလုပ်ချင်သလဲဆိုတာ ကျွန်တော်ကအတိအကျသိပေမယ့် လက်ရှိဘဏ္ဍာရေးအခြေအနေအရတော့ ကောင်းမွန်ပြီး အသင့်သုံးနိုင်မယ့် ကစားသမားတွေကို ခေါ်ယူနိုင်ဖို့က မသေချာပါဘူး" "လစာနှင့် ပြောင်းရွှေ့ကြေး နှစ်မျိုးလုံးမှာ ကျွန်တော်တို့က လုပ်ဆောင်နိုင်မယ့် အနေအထားမှာ မရှိပါဘူး။ ကမ္ဘာ့အဆင့်ဖြစ်ဖို့ အလားအလာရှိတဲ့ ကစားသမားတွေကို ခေါ်ယူဖို့ လိုပါတယ်"

"ကျွန်​​တော်​တို့ရဲ့ ​ခေါ်ယူမှုက တကယ်​ကိုစမတ်​ကျဖို့ လိုအပ်​ပါတယ်။ ကျွန်​​တော်​တို့ ပတ်​၀န်းကျင်​မှာရှိတဲ့ တခြားကလပ်​အသင်း​တွေနဲ့ အနည်းငယ်​ ကွဲပြားဖို့ လိုအပ်​ပါတယ်​" လို့ ပြောပါတယ်။

#အာဆင်နယ် #နယူးကာဆယ် #ဂူမာရေးစ် #ပရီးမီးယားလိဂ်