ရှေ့သို့
Image

အာဆင်နယ်နှင့် ပွဲမတိုင်မီ ပက်ဒရိုပေါ်ရိုနှင့် ရစ်ချာလီဆန်တို့ရဲ့ ဒဏ်ရာအခြေအနေကို ပြောကြားလိုက်တဲ့ ပိုစတီကိုဂလူ

12:29 PM, 27 April

ပေါ်ရိုဟာ ဧပြီ ၁၃ ရက်က တော့တင်ဟမ်ရဲ့ နယူးကာဆယ်အား ၄-၀ ဂိုးဖြင့် ရှုံးနိမ့်ခဲ့တဲ့ပွဲမှာ တံကောက်ကြောဒဏ်ရာ ရရှိခဲ့တာဖြစ်ပါတယ်။

စပိန်သားဟာ ယခုနှစ်ရာသီတွင် အသင်းရဲ့ ပရီးမီးယားလိဂ်ပွဲ ၄ ပွဲမှလွဲပြီး ကျန်ပွဲများအားလုံးမှာစတင်ခဲ့ပြီး တော့တင်ဟမ်ဟာ ယခုရက်သတ္တပတ်တွင် အာဆင်နယ်ရဲ့ဆုဖလားစိန်ခေါ်မှုကို ရပ်တန့်ရန် ကြိုးပမ်းနေတာကြောင့် ပွဲထွက်လူစာရင်းတွင် ပါဝင်လာရန် မျှော်လင့်ထားပါတယ်။ ရစ်ချာလီဆန်ကလည်း ယခုလအစက ဝက်စ်ဟမ်းနှင့် သရေကျခဲ့တဲ့ပွဲပြီးကတည်းက ပါဝင်ကစားနိုင်ခြင်းမရှိသေးသော်လည်း သူ့ရဲ့နောက်ဆုံးပွဲအပြီးတွင် ကြံ့ခိုင်မှုကောင်းမွန်စေရန် ရက်သတ္တပတ် ၂ ပတ်ကြာ လေ့ကျင့်ခဲ့ရတာကြောင့် အာတီတာရဲ့အသင်းနဲ့ ကစားမယ့်ပွဲအတွက် အဆင်သင့်ဖြစ်နေမှာပါ။

"ပက်ဒရိုနဲ့ ရစ်ချီတို့ ၂ ယောက်စလုံးက တစ်ပတ်လုံး လေ့ကျင့်ထားတာမို့ ၂ ယောက်စလုံး ကစားနိုင်မှာပါ" လို့ ပိုစတီကိုဂလူက သောကြာနေ့တွင် ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ပါတယ်။ တော့တင်ဟမ်ဟာ ခွဲစိတ်မှုခံယူထားရတဲ့ အူဒိုဂီကို လက်ကျန်ပွဲစဉ်တွေအားလုံးအတွက် လက်လွှတ်လိုက်ရတော့မှာဖြစ်ပါတယ်။ လေ့ကျင့်ရေးတွင် ဒဏ်ရာရရှိခဲ့တဲ့ အိုလီဗာစကစ်ပ်ကလည်း ဒါဘီပွဲကို လွဲချော်မှာဖြစ်ပါတယ်။

"အူဒိုဂီနဲ့ ကျွန်တော်တို့အတွက် စိတ်ပျက်စရာပါပဲ။ သူက တစ်နှစ်တာရဲ့ ကြီးမားတဲ့ အစိတ်အပိုင်းတစ်ခုပါ။ လေ့ကျင့်ရေးမှာ ကံမကောင်းအကြောင်းမလှပေမယ့် ခွဲစိတ်မှုပြီးသွားပါပြီ" "စကစ်ပီကလည်း လေ့ကျင့်ရေးမှာ ဒဏ်ရာနည်းနည်းလေးရသွားတာဆိုတော့ ဒီအပတ်မှာလည်း သူ့ကို လက်လွှတ်ထားရမှာပါ" လို့ နည်းပြက ပြောပါတယ်။

အာဆင်နယ်ဟာ အမှတ်ပေးဇယားရဲ့ထိပ်ဆုံးနေရာကနေ ဒါဘီပွဲကိုသွားရောက် ကစားရမှာဖြစ်ပြီး ဒုတိယနေရာက မန်စီးတီးထက် ၁ ပွဲပိုကစားထားတာဖြစ်ပါတယ်။ တော့တင်ဟမ်ဟာ ချန်ပီယံလိဂ်ဝင်ခွင့်ရရှိရန် ရုန်းကန်နေချိန်တွင် အဆင့် ၄ နေရာမှ အက်စတွန်ဗီလာအသင်းထက် ၂ ပွဲလျော့ ကစားထားတာဖြစ်ပါတယ်။

"ကျွန်တော်တို့က ပွဲရဲ့အရေးပါမှုကို နားလည်ပြီး အိမ်ကွင်းမှာ ကျွန်တော်တို့ရဲ့ အကြီးမားဆုံးပြိုင်ဘက်ကို အနိုင်မပေးလိုက်ဖို့ အရေးကြီးတယ်ဆိုတာကို နားလည်ပါတယ်" "အဲ့ဒီရဲ့အကျိုးဆက်တွေကို ကျွန်တော်တို့နားလည်ပါတယ်။ ဒါပေမယ့် နောက်ဆုံးမှာ ကျွန်တော်တို့ စိန်ခေါ်ချင်တဲ့အသင်းတွေနဲ့ ယှဉ်ပြီး ကိုယ့်ကိုယ်ကို တိုင်းတာဖို့ ကြိုးစားနေတာပါပဲ။ တနင်္ဂနွေက ဒီလိုလုပ်ဖို့ အခွင့်ကောင်းပါပဲ" လို့ တော့တင်ဟမ်နည်းပြက ပြောပါတယ်။

#အာဆင်နယ် #ရစ်ချာလီဆန် #ပရီးမီးယားလိဂ် #ပက်ဒရိုပေါ်ရို #ပိုစတီကိုဂလူ